သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄
မျိုးဆက်(VOM)
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့ ဟားမတ်စ်ထိပ်တန်းတပ်မှူးတို့ကို စစ်ရာဇဝတ်မှုများကျူးလွန်တယ်ဆိုကာ ဖမ်း၀ရမ်းထုတ်ပြန်လိုက်ပါတယ်။
ဂါဇာမှာ အရပ်သားတွေကို တမင်တကာပစ်မှတ်ထားနေတယ်လို့ ICC က အခြေအမြစ်မရှိ လွဲမှားစွာ စွပ်စွဲနေတာဖြစ်ပြီး မိမိတို့အနေနဲ့ အရပ်သားထိခိုက်မှုတွေကို ရှောင်ရှားဖိုး နည်းလမ်းအားလုံး လုပ်ဆောင်နေခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဝေဖန်ပြောဆိုပါတယ်။
အိုင်စီစီဟာ အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့အပြင် ဟားမတ်စ်တပ်မှူး မိုဟာမက်ဒိဖ်ကိုလည်း ဖမ်း၀ရမ်းထုတ်ခဲ့ပြီး သူဟာ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ ဓါးစာခံဖမ်းဆီးမှုတွေ အပါအဝင်စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိတယ်လို့ အိုင်စီစီတရားသူကြီးတွေက ပြောပါတယ်။
ဟားမတ်စ်တပ်မှူး မိုဟာမက်ဒိဖ်ကတော့ ဂါဇာဒေသမှာ ဇူလိုင်လအတွင်းက သုတ်သင်ခံခဲ့ရကြောင်း အစ္စရေးက ပြောဆိုထားပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုမျာစွာအပြင် ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲနည်းလမ်းအဖြစ် အသုံးပြုခြင်းအတွက် ဖမ်း၀ရမ်းအထုတ်ခံရသူသုံးယောက်မှာ တာဝန်ရှိကြောင်းယုံကြည်ရတဲ့ အကြောင်းပြချက်တွေရှိတယ်လို့ တရားသူကြီးတွေကပြောပါတယ်။
အစ္စရေးနဲ့ဟားမတ်စ်တို့ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချထားခဲ့ပါတယ်။ အိုင်စီစီက အစ္စရေးတာဝန်ရှိသူများအပေါ် ဖမ်း၀ရမ်းထုတ်မှုနဲ့ပတ်သက်ပြီး မမျှတကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဝေဖန်ထားပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့အတွက် အစ္စရေးနဲ့အတူ အမြဲရပ်တည်မယ်လို့ ဆိုပါတယ်။
Ref:BBC
Photo:Times of India
Related posts
-
ရန်ကင်းစင်တာ မျက်နှာချင်းဆိုင်က AK အလှကုန်ပစ္စည်းဆိုင်မှာ လူသတ်ပြီး လုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄CC (VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်... -
စမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့... -
တောင်ကိုရီးယား ယာယီသမ္မတကိုလည်း အတိုက်အခံတွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ...