စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတကို ပုန်ကန်မှုနဲ့ တရားဝင် စွဲချက်တင်

ဆိုးလ်၊ ဇန်နဝါရီ-၂၇-၂၀၂၅
မျိုးဆက်(VOM)
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ပုန်ကန်မှုနဲ့တရားစွဲဝင် စွဲချက်တင်လိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် မကြုံစဖူးနိုင်ငံရေး အကျပ်အတည်းဖြစ်ပွားပြီးနောက် ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံးသော တောင်ကိုရီးယားရဲ့ ရာထူးရှိနေဆဲ သမ္မတဖြစ်လာပါတယ်။
သမ္မတကို ဆက်လက်ထိန်းသိမ်းထားဖို့ တောင်းဆိုချက်ကို ဆိုးလ်တရားရုံးကပယ်ချပြီးနောက် အခုလို တရားစွဲဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပုန်ကန်မှုခေါင်းဆောင်ရဲ့ ပြစ်ဒဏ်က ခုနောက်ဆုံးတော့ စတင်ပြီလို့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဟန်မင်ဆူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သီးခြားအနေနဲ့ ယွန်းဆွတ်ခ်ယိုကို သမ္မတရာထူးတာဝန်ကို ပြန်လည်အပ်နှင်းမလား ရာထူးကနေ ထုတ်ပယ်မလားဆိုတာကို စတင်ကြားနာမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတယွန်းကတော့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုထားပါတယ်။
သူ့ကို ကာကွယ်ရေးဝန်ကြီးဟောင်း၊ အကြီးတန်းစစ်ဦးစီချုပ်တွေနဲ့အတူ တရားရုံးတင်စစ်ဆေးဖို့ စီစဉ်နေပြီး သူတို့တွေဟာ ပူးပေါင်းအာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။သူဟာ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့ပြီး ခြောက်နာရီအကြာမှာတော့ ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် ရုပ်သိမ်းခဲ့ရပါတယ်။
ဒီလိုကြေညာရတာဟာ အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ ပြည်တွင်းအဖျက်သမားတွေရဲ့ မကြုံစဖူးအန္တရာယ်ကြော င့်လို့ သူက ကျိုးကြောင်းပြ ပြောဆိုထားပြီး နောက်ပိုင်းမှာတော့ လွှတ်တော်က စွပ်စွဲပြစ်တင်မှုပြုလုပ်ပြီး တာဝန်ခေတ္တဆိုင်းငံ့ခံခဲ့ရကာ တရားရင်ဆိုင်နေရပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW