ပို့ကုန် သွင်းကုန်တွေအပေါ် အခွန်ကောက်ခံတဲ့ငွေလဲနူန်းကို ယခင်အတိုင်းတဒေါ်လာ ၂၁၀၀နဲ့ တွက်ချက်ကောက်ခံပြန်

ဇန်နဝါရီ ၂၇ – ၂၀၂၅
GG (VOM)
ပို့ကုန် သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံတဲ့နူန်းကို Market Trading Rate တဒေါ်လာ ကျပ် ၃၅၈၆ ဝန်းကျင်နဲ့တွက်ပြီးကောက်ခံနေခြင်းအစား အရင်ကကောက်ခံတဲ့နူန်းအတိုင်း ၂၁၀၀ ကျပ်နဲ့သာတွက်ချက်ပြီး ပြန်လည်ကောက်ခံနေပြီဖြစ်ကြောင်း ကုန်သည်တွေဆီကသိရပါတယ်။
အခွန်ကောက်ခံခြင်းအတွက ငွေလဲနူန်း ၃၅၈၆ ကျပ်နဲ့တွက်ချက်ကောက်ခံမှုက သွင်းကုန်လုပ်ငန်းရင်တွေနဲ့ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အဆင်မပြေတာကြောင့် အကောက်ခွန်ဦးစီးဌာနက ပြန်လည်ပြင်ဆင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” အခုလိုအခွန်ကောက်ခံတဲ့ ငွေလဲနူန်းကိုအရင်ကအတိုင်းပြောင်းလဲလိုက်တော့ အသက်ရှုချောင်သွားတာပေါ့။ ပို့ကုန်သမားတွေကိုပဲမြေဩဇာဘာညာပြန်သွင်းခွင့်ပြုထားတာလေ။အခွန်ကောက်တဲ့ငွေလဲနူန်းပြောင်းတော့ ပေးရတဲ့အခွန်က ပိုများသွားတော့လုပ်ငန်းရှင်တွေ အဆင်မပြေကြဘူးပေါ့။ဒါကြောင့်ခုလိုပြန်ပြောင်းလိုက်တယ်လို့ထင်ပါတယ်။ခုလိုပြန်ပြောင်းပေးလိုက်တော့ လုပ်ငန်းတွေပြန်သွက်လာမယ့်အခြေအနေရှိပါတယ်။” လို့ ပို့ကုန်လုပ်ငန်းရှင်ကသုံးသပ်ပြောပါတယ်။
ငွေလဲနူန်း ၃၅၈၆ ကျပ်နဲ့တွက်ပြီး အခွန် ပြောင်းလဲကောက်ခံခြင်းကို လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကမှစ ပြီးပြောင်းလဲကောက်ခံခဲ့တာဖြစ်ပါတယ်။
အခွန် ငွေလဲနူန်း ပြောင်းလဲကောက်ခံပြီး ၂၅ ရက်အကြာမှာတော့အရင်ကောက်ခံခဲ့တဲ့ ၂၁၀၀ ကျပ်နူန်းနဲ့သာပြန်လည်တွက်ချက်ကောက်ခံနေတာဖြစ်တယ်လို့သိရပါတယ်။
ပြောင်းလဲကောက်ခံတဲ့ နိုင်ငံခြား ငွေလဲလှယ်နူန်းကတော့ အမေရိကန်ဒေါ်လာ ( USD) တဒေါ်လာကို ၂၁၀၀ ကျပ် ၊ ယူရိုလဲလှယ်နူန်း ၂၁၉၉ ကျပ်၊ စင်ကာပူ (SGD) ၁၅၅၃.၁၃၄ ကျပ်၊တရုတ်ယွမ် ၂၈၈ ကျပ်၊ ထိုင်းဘတ် ၆၁ ကျပ်၊မလေးရှား ၄၆၉ ကျပ်၊အိန္ဒိယရူပီး ၂၄ ကျပ်၊ဘင်္ဂလားဒေ့ရှ် ၁၇ ကျပ် တို့ဖြစ်တယ်လို့သိပါတယ်။
” ပို့ကုန်တွေလည်း စျေးပြန်လှုပ်လာနိုင်တယ်။အဝယ်လိုက်လာနိုင်တာပေါ့။သွင်းကုန်တွေကတော့ စျေးပြန်ကျမကျက အတိအကျမပြောတတ်ဘူး။တက်ပြီးရင် ကျတယ်ဆိုတာရှားတာကိုး။”လို့ ကုန်သည်တယောက်ကသုံးသပ်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိပြောင်းလဲကောက်ခံခဲ့တဲ့ အခွန်အတွက်နိုင်ငံခြားငွေလဲလှယ်နူန်းတွေက အမေရိကန်ဒေါ်လာ ( USD) တဒေါ်လာကို ၃၅၈၆.၈ ၊ ယူရိုလဲလှယ်နူန်း ၃၇၅၅.၉၅၂ ကျပ်၊ စင်ကာပူ (SGD) ၂၆၅၃.၁၃၄ ကျပ်၊တရုတ်ယွမ် ၄၉၂ ကျပ်၊ ထိုင်းဘတ် ၁၀၄ ကျပ်၊မလေးရှား ၈၀၂ ကျပ်၊အိန္ဒိယရူပီး ၄၂.၄၂၈ ကျပ်၊ဘင်္ဂလားဒေ့ရှ် ၃၀ ကျပ် ဖြစ် ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW