မတ် ၂၅ – ၂၀၂၅ GG (VOM) အမျိုးသားရေးလှုပ်ရှားသူ ဦးမင်းဆွေ ခေါ် ငါးမင်းဆွေကို ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀၅ – က နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေဆီကသိရပါတယ်။ ငါးမင်းဆွေကို သူရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာ တင်တဲ့ စာသားတွေရုပ်သံဖိုင်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီးလေးလကျော် အကြာမှာ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ “လိူင်မြို့နယ်တရားရုံး၊အင်းစိန်အကျဥ်းထောင်တရားခွင်က ဒီနေ့အမိန့်ချလိုက်တယ်။ ငါးမင်းဆွေအကောင့်မှာတင်ထားတဲ့စာတွေကို စခရင်ရှော့ရိုက်ပြီးလုပ်ထားတဲ့ စာ၂၀ ကိုအမှုတည်ဆောက်ပြီး တရားစွဲတာ။ ဒါတွေက အကောင့်တုကလုပ်တာပါ အကောင့်စစ်ကသူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုတဲ့အကြောင်း အပိုင်ရဲစခန်းမှာပြောတယ်။တရားခံဦးမင်းဆွေဘက်က သူ့အကောင့်စစ်မဟုတ်ကြောင်း အီလက်ထရွန်နစ်ကိရိယာတွေထောင်ထဲကိုယူခွင့်မရှိတာကြောင့် ကျွန်တော်တို့ဘက်ကသက်သေပြဖို့အခက်အခဲရှိခဲ့တယ်။သက်သေပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်။” ငါးမင်းဆွေရဲ့ရှေ့နေ ဦးသန်းဇော်အောင် ကပြောပါတယ်။ ငါးမင်းဆွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ရွာ၊…
Read MoreDay: March 26, 2025
HIV ဆေးဝါးပြတ်လပ်လို့ တရက်ကို ကူးစက်မှုသစ် နှစ်သောင်းနဲ့ လေးနှစ်အတွင်း လူခြောက်သန်း သေဆုံးနိုင်
ဝါရှင်တန်၊ မတ်-၂၅-၂၀၂၅ ရတီ(VOM) အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် တရက်ကို HIV ကူးစက်မှုသစ် နှစ်သောင်းနဲ့ လာမယ့် လေးနှစ်အတွင်း ရောဂါကြောင့် လူခြောက်သန်းသေဆုံးနိုင်ကြောင်း ကုလသမဂ္ဂ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (USAids) အကြီးအကဲက သတိပေးလိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ အစိုးရအသုံးစရိတ် လျှော့ချမှုတစိတ်တပိုင်းအဖြစ် နိုင်ငံခြားအကူအညီတွေကို ရက် ၉၀ ဆိုင်းငံ့ပြီး ပြန်လည်သုံးသပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုဖြတ်တောက်မှုဟာ ၂၀၀၄ ခုနှစ်မှာ ရောဂါကြောင့် သေဆုံးမှုနှစ်သန်းရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ခြောက်သိန်းထိကျဆင်းခဲ့တဲ့ မကြာသေးမီကာလက အိတ်ချ်အို်ငဗွီတိုက်ဖျက်ရေးလုပ်ငန်းတွေကို အကြီးအကျယ်သက်ရောက်စေတယ်လို့ အဖွဲ့အကြီးအကဲ Winnie Byanyima ကပြောပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီရဲ့ အစီအစဉ်အများစု ရပ်ဆိုင်းခဲ့ပြီး အထူးသဖြင့် ဆင်းရဲသောနိုင်ငံတွေမှာ HIV ဆေးဝါးပြတ်လပ်မှုနဲ့ သေဆုံးမှုတိုးမြင့်ခဲ့တဲ့ ၁၉၉၀ ပြည်နှစ်အလွန်နှစ်တွေ အခြေအနေ ပြန်ရောက်နို်ငကြောင်း သူက သတိပေးပါတယ်။…
Read More၀င်းဦးနှင့် မန်းသင်္ကြန်
ဆူးငှက် ‘လမ်းသူရဲယောင် အမောက်ထောင် မျောက်ကောင် အသုံးအဆောင် သူ့ခမျာ ပြူးကြောင်ကြောင်… တော့။ ဘိုးဘွားအစဉ်အဆက် မြန်မာမှုမဟုတ်ပြန် နားမှာလည်း ဆံပင်အုပ် ယောကျ်ားမပီလေပြန်၊ ဘောင်းဘီကျပ်မောင်တို့ ဆင်ယင်မှုမပီသလေ ..တော့ သူ့အဖေက ဒက်ဒီ သူ့အမေက မာမီ စကားမပီရှာသလေ … ပျို့မောင်ကြီးရေ .. တော့၊ ခေါင်းမှာလည်း ကောက်ရိုးတွေပုံ …’ မြန်မာဆန်ဆန်ဆံတောက်များ ဖားလျားချကာ ပိတောက်တွေဝေနေ အောင်ပန်ပြီး သနပ်ခါးပါးကွက် ကျားများဖြင့် မြန်မာဆန်ဆန် ချော မောလှသော ‘ငုရွှေဝါ’ နှမငယ်တို့ က သီဆိုကပြဖျော်ဖြေသည်။ ကျိတ်ကျိတ်ခဲမျှအားပေးနေသော ပရိသတ်ကြီးက သီချင်းတစ်ပိုဒ်ပြီး တိုင်းပြီးတိုင်း အားပါးတရလက်ခုပ် တီးအားပေးကြသည်။ စာသားသာမ က သံစဉ်ပါ ထူးခြားလှသော သီ ချင်းတွင် ‘ငုရွှေဝါ’ တို့က…
Read More