HIV ဆေးဝါးပြတ်လပ်လို့ တရက်ကို ကူးစက်မှုသစ် နှစ်သောင်းနဲ့ လေးနှစ်အတွင်း လူခြောက်သန်း သေဆုံးနိုင်

ဝါရှင်တန်၊ မတ်-၂၅-၂၀၂၅
ရတီ(VOM)
အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် တရက်ကို HIV ကူးစက်မှုသစ် နှစ်သောင်းနဲ့ လာမယ့် လေးနှစ်အတွင်း ရောဂါကြောင့် လူခြောက်သန်းသေဆုံးနိုင်ကြောင်း ကုလသမဂ္ဂ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (USAids) အကြီးအကဲက သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ အစိုးရအသုံးစရိတ် လျှော့ချမှုတစိတ်တပိုင်းအဖြစ် နိုင်ငံခြားအကူအညီတွေကို ရက် ၉၀ ဆိုင်းငံ့ပြီး ပြန်လည်သုံးသပ်မယ်လို့ ကြေညာခဲ့ပါတယ်။
ဒီလိုဖြတ်တောက်မှုဟာ ၂၀၀၄ ခုနှစ်မှာ ရောဂါကြောင့် သေဆုံးမှုနှစ်သန်းရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ခြောက်သိန်းထိကျဆင်းခဲ့တဲ့ မကြာသေးမီကာလက အိတ်ချ်အို်ငဗွီတိုက်ဖျက်ရေးလုပ်ငန်းတွေကို အကြီးအကျယ်သက်ရောက်စေတယ်လို့ အဖွဲ့အကြီးအကဲ Winnie Byanyima ကပြောပါတယ်။
အထူးသဖြင့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီရဲ့ အစီအစဉ်အများစု ရပ်ဆိုင်းခဲ့ပြီး အထူးသဖြင့် ဆင်းရဲသောနိုင်ငံတွေမှာ HIV ဆေးဝါးပြတ်လပ်မှုနဲ့ သေဆုံးမှုတိုးမြင့်ခဲ့တဲ့ ၁၉၉၀ ပြည်နှစ်အလွန်နှစ်တွေ အခြေအနေ ပြန်ရောက်နို်ငကြောင်း သူက သတိပေးပါတယ်။
HIV အစီအစဉ်အတွက် ရန်ပုံငွေများအပါအဝင် နို်ငငံခြားအကူအညီတွေရပ်ဆိုင်းဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေရှိနေပြီး အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် ထိခိုက်သက်ရောက်နေတယ်လို့ Winnie Byanyima ထောက်ပြထားပြီး ရန်ပုံငွေဖြတ်တောက်မှုကို ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။
d
Ref:BBC
Photo:Reuters
VOM Telegram

Related posts

VOM News

FREE
VIEW