အီရတ်မှာ ကုန်တိုက်မီးလောင်လို့ လူ ၅၀ ကျော်သေဆုံး

ဘဂ္ဂဒက်၊ ဇူလိုင်-၁၇-၂၀၂၅
ရတီ(VOM)
အီရတ်နိုင်ငံ ကပ်မြို့ရှိ စျေးဝယ်ကုန်တိုက်တခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူဒါဇင်နဲ့ချီ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ငါးရက်ကမှ ဖွင့်လှစ်ခဲ့တဲ့ အဲဒီကုန်တိုက်မှာ ပြီးခဲ့တဲ့ညပိုင်းက မီးလောင်မှု့ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း သေဆုံးသူ ၅၀ ကျော်ရှိလာပြီလို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုအတွင်း သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး ကုန်တိုက်ပိုင်ရှင်ကို အရေးယူမယ်လို့ ပြောပါတယ်။ မီးလောင်ခဲ့တဲ့ အလောင်းတွေကို ဆေးရုံပို့ထားပြီး လူနာတင်ယာဉ်တွေကတော့ ကယ်ဆယ်ရေးသမားတွေနဲ့အတူ ရှိနေဆဲပါ။
ဘဂ္ဂဒက်မြို့ကနေ မိုင် ၁၀၀ အကွာရှိ ကပ်မြို့မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုရဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူအရေအတွက်ကိုတော့ အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ကုန်တိုက်ပိုင်ရှင်ကိုတော့ ပြည်နယ်တာဝန်ရှိသူတွေက တရားစွဲဆိုမှာဖြစ်ပြီး မီယာဟီပြည်နယ်မှာ သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာထားပါတယ်။ဒါဟာ ပြည်နယ်အတွင်းမှာ နှစ်များအတွင်း လူအသေအပျောက်အများဆုံး မတော်တဆမှုလည်း ဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW