မန္တလေး၊ ဇန်နဝါရီ- ၂၃- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၁၀၁ လမ်း ( သိပ္ပံလမ်း ) နဲ့ ၅၇ လမ်းထောင့်မှာ ဆုလာဘ်ကျန်းမာကုမ္ပဏီ (Blissful Health Co.,Ltd)ရဲ့ ဇီဝက အထွေ ထွေရောဂါ အထူးကု ဆေးရုံကြီး ကိုဖွင့်လှစ်ထားပါတယ်။
ဇီဝက အထွေထွေရောဂါ အထူးကုဆေးရုံကြီး ဖွင့်ပွဲကို လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆေးကုသမှုနဲ့ ခွဲစိပ်မှုတွေကိုတော့ ဇန်နဝါရီ လ ဒုတိယပတ် ကတည်းက လက်ခံကုသပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
“ဇီဝက အထွေထွေရောဂါ အထူးကု ဆေးရုံကြီးကို ဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ ၊ဆေးလောကအတွေ့အကြုံ ကောင်းမွန်စွာ ရှိတဲ့သူတွေ စုစည်းပြီး တည်ထောင်ထားတာဖြစ်ပါတယ် ” လို့ ဆေးရုံကြီးရဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။
ဇီဝက အထွေထွေရောဂါ အထူးကုဆေးရုံကြီးကို ပြည်သူလူထုအတွက် ကျန်းမာ ရေး ပြုစုစောင့်ရှောက်မှုနယ်ပယ်မှာ ဇီဝက ဆေးရုံကြီးက အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ဝိုင်းဝန်းပါဝင် ပြုစုကုသ အထောက်အကူပြု နိုင်ရေးအတွက် ရည်မှန်းပြီး အဓိကထား ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဇီဝက အထွေထွေရောဂါကု ဆေးရုံကြီးမှာ ပြုစုကုသမှုအပိုင်းကို အတော်ဆုံးဆရာဝန်ကြီးများ၊သမားတော်များနဲ့ ထူးချွန်ထက်မြက်သူ ဆရာဝန်များ သူနာပြုများ ကျန်းမာရေးပြုစုစောင့်ရှောက်မှုကျွမ်းကျင်သူများနှင့်ဖွဲစည်းထားပြီး ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ စက်ကိရိယာပိုင်းဆိုင်ရာတွေမှာလည်းကမ္ဘာ့အဆင့်မီ ကုသရေးကိရိယာအသစ်တွေကို ပြင်ဆင်ထားပြီး အကောင်းဆုံးပြုစုကုသခြင်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဇီဝက ဆေးရုံ စတင်ဖွင့်လှစ်ခြင်းအမှတ်တရအနေနဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေး ဆေးစစ်မှုတွေအတွက် (30 % ကနေ 50%) discount သက်သာခွင့်တွေကိုလည်း စီစဉ်ပေးထားတယ်လို့သိရပါတယ်။
ဇီဝက အထွေထွေရောဂါ အထူးကုဆေးရုံကြီးကို (၂၄)နာရီ ပိတ်ရက်မရှိဆက်သွယ်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု ရယူနိုင်တယ်လို့ သိရပါတယ်။
