ဧပြီ ၆-၂၀၂၆
KKL(VOM)
ပြည်ထောင်စုအစိုးရ ဌာန ၃၁ ခုထားပြီး ပြည်ထောင်စုဝန်ကြီး ၃၀ ဦးနဲ့ဖွဲ့စည်းမှာ ဖြစ်သလို
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဦးသာဌေး ၊
UEC ဥက္ကဋ္ဌ ဦးသန်းစိုး တို့နာမည်ကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားသူက တင်သွင်းထားပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်း အပါအဝင် ၉ ဦးဖြင့် ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြုထားပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၃၊ နည်းဥပဒေခွဲ (က) နှင့်အညီ လွှတ်တော်သို့ ဖတ်ကြားတင်ပြပါတယ်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသော အဖွဲ့ဝင် ၃ ဦးမှာ –
၁။ ဦးအောင်ဇော်သိန်း
၂။ ဦးဥာဏ်ထွန်း
၃။ ဦးမျိုးတင့်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားတဲ့ အဖွဲ့ဝင် ၃ ဦးကတော့
၁။ ဦးကျော်သန်း
၂။ ဦးတူးမော်
၃။ ဒေါ်စုစုဝင်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသော အဖွဲ့ဝင် ၃ ဦးဟာ
၁။ ဒေါ်ဥမ္မာအေး (သို့မဟုတ် ဒေါ်အုန်းမာအေး)
၂။ ဦးတင့်ဝေ
၃။ ဒေါက်တာ မာလာမော် တို့ဖြစ်ပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦး တို့ အမည်တင်သွင်းထားပါတယ််။
ပြည်ထောင်စုဝန်ကြီးဌာန (၃၁) ခု စာရင်းကတော့
၁။ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး
၂။ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
၃။ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန
၄။ ပို့ဆောင်ရေးဝန်ကြီးဌာန
၅။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၆။ ကာကွယ်ရေးဝန်ကြီးဌာန
၇။ ပြည်ထဲရေးဝန်ကြီးဌာန
၈။ နိုင်ငံခြားရေးဝန်ကြီးဌာန
၉။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၁၀။ နယ်စပ်ရေးရာဝန်ကြီးဌာန
၁၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
၁၂။ ဥပဒေရေးရာဝန်ကြီးဌာန
၁၃။ ပညာရေးဝန်ကြီးဌာန
၁၄။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၁၅။ ကျန်းမာရေးဝန်ကြီးဌာန
၁၆။ အမျိုးသမီးရေးရာဝန်ကြီးဌာန
၁၇။ ပြန်ကြားရေးဝန်ကြီးဌာန
၁၈။ သာသနာရေးဝန်ကြီးဌာန
၁၉။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၂၀။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
၂၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၂၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၂၃။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
၂၄။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၅။ အလုပ်သမားဝန်ကြီးဌာန
၂၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၇။ အားကစားရေးရာဝန်ကြီးဌာန
၂၈။ လူငယ်ရေးရာဝန်ကြီးဌာန
၂၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၃၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၃၁။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လို့ အဆိုပြုထားပါတယ်။
