စစ်ကိုင်းမြို့မှာ အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး

စစ်ကိုင်း နိုဝင်ဘာ  ၁၅-၂၀၁၈ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊နန်းဦးမြို့သစ်ရပ်ကွက်၊ နယ်မြေ ၆ အတွင်းက နေအိမ်တစ်အိမ်မှာ အမျိုးသားတဦး ကြိုးဆွဲချ သေဆုံးမှု ယနေ့ နံနက်ခင်းက ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ ခေါက်ဆွဲစက်လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်ဆွေဦး အသက် (၃၇) ဖြစ်ပြီး သူရဲ့နေအိမ်ရှိ ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပါတယ်။ ဆွဲကြိုးချသေဆုံးသူ ရုပ်အလောင်းကို စစ်ကိုင်း ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သေမှုသေခင်း (၂၁/၁၈)ဖြင့် ဖွင့်လှစ် စစ်ဆေးနေကြောင်းသိရပါတယ်။ #voiceofmyanmar #ကြိုးဆွဲချ #စစ်ကိုင်း

Read More
VOM News

FREE
VIEW