မန္တလေး၊ အောက်တိုဘာ ၂၀၊ ၂၀၁၈ တာရာ မန္တလေးမြို့ မြောက်ပြင်ရပ်မှာ မြန်မာ့ရိုးရာနိဗ္ဗာန်ဈေး နဲ့မြန်မာမုန့်ပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီပွဲတော်ကို အောက်တိုဘာ ၂၆ ရက်နေ့၊ မန္တလေးမြို့မြောက်ပြင်ရပ်မှာရှိတဲ့ တနင်္ဂနွေ မင်္ဂလာဓမ္မကျောင်းမှာ နေ့လယ် ( ၂)နာရီကနေ ( ၄ )နာရီအချိန်အထိကျင်းပသွားမှာ ဖြစ်ပြီး ပွဲတော်မှာ မြန်မာ့ရိုးရာအစား အစာ မုန့်များကို အလှူရှင်များကနေ တည့်ခင်းကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ပွဲတော်လာရောက်သူများက ကြိုက်နှစ်သက်ရာ မုန့်များကို ရွေးချယ်စားသုံးနိုင်ဖို့ စီစဉ်ထားတယ်လို့ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့က ဒေါ်မေသူမောင်ကပြောပါတယ်။ ”မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ နိဗ္ဗာန်ဈေးဆိုတာကို အများဆုံးက အောက်ပြည်မှာ ကျင်းပတာ များတယ်၊ကျွန်မတို့ အထက်ပိုင်းမှာ နည်းတယ်။ နည်းတဲ့ အခါကျ ကလေးတွေက နိဗ္ဗာန်ဈေးဆိုတဲ့ စကားနဲ့ မရင်းနှီးကြဘူး။ အဲဒါလေးကိုလည်း သိစေချင်တယ်။ မြန်မာမုန့် တွေဆိုတာ အများဆုံးအားဖြင့်…
Read More