မန္တလေးမြို့မှာ မြန်မာ့ရိုးရာနိဗ္ဗာန်ဈေးနဲ့ မြန်မာမုန့်ပွဲတော် ကျင်းပမည်

မန္တလေး၊ အောက်တိုဘာ ၂၀၊ ၂၀၁၈

တာရာ

 

မန္တလေးမြို့ မြောက်ပြင်ရပ်မှာ မြန်​မာ့ရိုးရာနိဗ္ဗာန်​​ဈေး နဲ့မြန်​မာမုန့်ပွဲ​တော်​ ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီပွဲတော်ကို အောက်တိုဘာ ၂၆ ရက်နေ့၊ မန္တလေးမြို့မြောက်ပြင်ရပ်မှာရှိတဲ့ တနင်္ဂ​နွေ မင်္ဂ​လာ​ဓမ္မ​ကျောင်းမှာ နေ့လယ် ( ၂)နာရီကနေ ( ၄ )နာရီအချိန်အထိကျင်းပသွားမှာ ဖြစ်ပြီး ပွဲတော်မှာ မြန်မာ့ရိုးရာအစား အစာ မုန့်များကို အလှူရှင်များကနေ တည့်ခင်းကျွေးမွေးသွားမှာ ဖြစ်ပါတယ်။

ပွဲတော်လာရောက်သူများက ကြိုက်နှစ်သက်ရာ မုန့်များကို ရွေးချယ်စားသုံးနိုင်ဖို့ စီစဉ်ထားတယ်လို့ ပွဲ​တော်​ဖြစ်​​မြောက်​​ရေးအဖွဲ့က ဒေါ်မေသူမောင်ကပြောပါတယ်။

”မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ နိဗ္ဗာန်ဈေးဆိုတာကို အများဆုံးက အောက်ပြည်မှာ ကျင်းပတာ များတယ်၊ကျွန်မတို့ အထက်ပိုင်းမှာ နည်းတယ်။ နည်းတဲ့ အခါကျ ကလေးတွေက နိဗ္ဗာန်ဈေးဆိုတဲ့ စကားနဲ့ မရင်းနှီးကြဘူး။ အဲဒါလေးကိုလည်း သိစေချင်တယ်။ မြန်မာမုန့် တွေဆိုတာ အများဆုံးအားဖြင့် ကောက်ညှင်း၊ ဆန်ကြမ်း၊ ထန်းလျက်၊ အုန်းသီး၊ ပဲ၊ သကြားတွေနဲ့ ပြုလုပ်တာ များတယ်၊ ပြည်ပကလာတဲ့ နိုင်ငံခြားမုန့်နဲ့စာရင် ဘေးထွက်ဆိုးကျိုးနည်းပါတယ်၊ လတ်လတ်ဆတ်ဆတ်လည်း စားလို့ရတယ် အဟာရ ပြည့်ဝတယ် မြန်မာမုန့်ပွဲတော်ဆိုတဲ့ အတွက်ကြောင့် ကလေးတွေကို မြန်မာမုန့်တွေကို သိစေချင်တယ်” လို့ သူကပြောပါတယ်။

မြန်​မာ့ရိုးရာနိဗ္ဗာန်​​ဈေး နဲ့မြန်​မာမုန့်ပွဲ​တော်​ ကို နှစ်စဉ် ကျင်းပလာခဲ့ရာမှာ ယခုအကြိမ်သည် လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဒီနှစ်မှာ မြန်မာ့ရိုးရာမုန့်မျိုးစုံ ၃၀ ကျော်နဲ့ ပွဲတော်လာရောက်သူ များကို ဧည့်ခံကျွေးမွေးသွားမယ်လို့ သိရပါတယ်၊

 

Related posts

Leave a Comment

VOM News

FREE
VIEW