ဇလုံတောင် တောင်တက် ကားများ ယခင်နှစ်ထက် ကားအစီးရေ ပိုပြေးဆွဲမည်

  ဗန်းမောက် အောက်တိုဘာ ၃၁ တာရာ စစ်ကိုင်းတိုင်း  ကသာခရိုင် ဗန်းမောက်မြို့မှာရှိတဲ့ ဇလုံ တောင်တော်ပေါ်သို့ တက်ရောက်မည့် တောင်တက်ကားအစီးအရေကို  ပြီးခဲ့တဲ့ နှစ်ထက် ပိုမိုပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း  ဇလုံတောင် တောင်တက်ကား အသင်းက သိရပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိပြီး ဇလုံ တောင်တော်ပေါ် ကားများနဲ့ သွားရောက်ဖူးမြော်နိုင်ပြီ ဖြစ်တဲ့အတွက် ဒီနေ့ နံနက်ပိုင်းမှာတော့ ဇလုံတောင် တောင်တက်ကားအသင်းရဲ့ ဂိတ်ဖွင့်ပွဲ အခမ်းအနားကို  ကန်သာယာ ယာယီယာဉ်ရပ်နားစခန်းမှာ ပြုလုပ်ခဲ့ပြီး  ဒီနေ့က စပြီး တောင်တက်ကားတွေကို စတင်ပြေးဆွဲ ပေးနေပြီ ဖြစ်ပါတယ်။ ”အရင်ဂိတ်ဟောင်းမှာပဲ  ဒီနေ့ ဖွင့်ပွဲ လုပ်ပြီး တောင်တက်ကားတွေကို စတင်ပြေးဆွဲပေးနေပါပြီး။ကျွန်တော်ဆီမှာ စာရင်းပေးထားတာ ကားအစီးရေ ၁၂၀ လောက်တော့ရှိနေပြီး ဒီနှစ် ကားအစီးရေ ၁၅၀ ခန့် ရှိမယ် ထင်တယ်။ကားခနှုန်းထားတွေကလည်း အရင်နှစ်အတိုင်းပါပဲ “ဟု…

Read More

တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေးရှောင် ၁၄၀၀ ကျော် လားရှိုးမြို့ပေါ်ရောက်

လားရှိုး အောက်တိုဘာ ၃၁၊ ၂၀၁၈ လားရှိုးမြို့နယ်နဲ့ နမ္မတူမြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထောင်ချီပြီး လားရှိုးမြို့ပေါ်ကို ရောက်လာနေပါတယ်။ လားရှိုးမြို့နဲ့ ၁၃ မိုင်အကွာက အီနိုင်းကျေးရွာအုပ်စုအနီးတဝိုက်မှာ ဖြစ်နေတဲ့ RCSS/SSA နဲ့ SSPP/SSA တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ရွာနီးချုပ်စပ်က ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေကြရာကနေ လားရှိုးမြို့ပေါ်ကို ပြောင်းရွှေ့လာကြတာပါ။ ဒါ့အပြင် လားရှိုး-နမ္မတူ သွားရာလမ်းအနီးတဝိုက်က ဒေသတွင်းမှာ ဖြစ်နေတဲ့ RCSS/SSA၊ SSPP/SSA နဲ့TNLA တို့အကြား တိုက်ပွဲတွေဟာလည်း မပြီးသေးတာကြောင့် အဲ့ဒီဒေသက စစ်ဘေးရှောင်ပြည်သူတွေပါ လားရှိုးမြို့ပေါ်ကို ရောက်လာကြပါတယ်။ လားရှိုးမြို့ပေါ်က မန်ဆူဘုန်းတော်ကြီးကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်းတွေမှာ လာရောက်ခိုလှုံ နေသူ စုစုပေါင်း ၁၄၀၀ ကျော်ရှိနေပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။…

Read More

ကောင်းမှုတော်စေတီတော်မှာ ပထမအကြိမ် သံယာအပါး ၁၅၀ အား ဆွမ်းကြီးလောင်းလှူ

စစ်ကိုင်း အောက်တိုဘာ ၃၁ ၊ ၂၀၁၈ စောပြည့်ချမ်းသာ စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မှာ ပင့်သံဃာအပါး ၁၅၀ ဆွမ်းကြီးလောင်လှူ ပွဲကို ယနေ့ နံနက်ပိုင်း အချိန်က အဆိုပါ စေတီတော် ရင်ပြင်တော်ပေါ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ် သီတင်းကျွတ်လပြည်ကျော် (၇)ရက်၊ (၈) ရက်နေ့တွေမှာ ကျင်းပတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်မှာ ယခုနှစ်မှာတော့ ပထမအကြိမ်ဖြင့် ပင့်သံဃာအပါး ၁၅၀ ကို ပင့်ဖိတ်ပြီး  ဆွမ်းကြီးလောင်လှူ ပွဲ ကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမအကြိမ် ကျင်းပပြုလုပ်တဲ့ ဆွမ်းကြီးလောင်းလှူပွဲကို ဂေါစဂါန်ကျေးရွာ၊ရပ်ကွက်များက ကျောင်းတိုက်များမှ ဆရာတော်၊သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းကြီးလောင်းလှူတာ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည်ကျော် (၈)ရက်နေ့မှာတော့ အဆိုပါ ဂေါစဂါန်ရပ်ကွက်၊ကျေးရွာများက ၎င်း တို့ ရပ်ကွက်ကျေးရွာအတွင်းမှာ မုန့်ဖက်ထုပ်များလည်း လောင်းလှူပူဇော်ကြကြောင်း သိရပါတယ်။ #voiceofmyanmar…

Read More

ဖားကန့်မှာ အမျိုးသမီးငယ်နှစ်ဦး မြေစာပိ သေဆုံးပြန်

ဖားကန့် အောက်တိုဘာ ၃၁ ၊ ၂၀၁၈ ဇော်မိုးထက် ( ဖားကန့် ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကထန်ကျေးရွာအနီးမှာ ၃၀.၁၀.၂၀၁၈ နေ့မနက် ငါးနာရီခန့်က စွန့်ပစ်မြေစာပုံပြိုမှုကျတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မြေစာပုံပြိုကျမှုကြောင့် ဈေးရောင်းနေတဲ့ အမျိုးသမီးငယ် ၂ ဦး  သေဆုံးသွားခဲ့တယ်လို့ လုံးခင်နယ်မြေရဲစခန်းက အတည်ပြုပြောဆိုခဲ့ပါတယ် ။ ပြိုကျတဲ့ မြေစာပုံဟာ တစ်သုံးလုံး ကုမ္မဏီက စွန့်ပစ်တဲ့ မြေစာပုံဖြစ်တယ်လို့လဲ  လုံးခင်းရဲစခန်းက အတည်ပြုပြောဆိုခဲ့ပါတယ် ။ သေဆုံးသူတွေဟာ မြေစာပုံအနီးမှာ အချိုရည်ဘူးမျိုးစုံရောင်းချတဲ့ မရီရီဝင်း (၃၂)နှစ် (ဘ) ဦးမြင့်ဆွေ (မိ) ဒေါ်မြဝင်း မှော်စီစာကျေးရွာ၊  အောက်ပိုင်ဇာတိ ပင်းဘော ၊ ရွှေညောင်ပင်ရပ်ကွက် ၊ ပခိုးစု နှင့် မရွှေဝါ (၃၃) နှစ် ၊ (ဘ) ဦးမြင့်ဆွေ…

Read More

ဧရာဝတီမြစ်ကမ်းပါးပြို၍ နေအိမ်များ ပြောင်းရွှေ့

ပခုက္ကူ – အောက်တိုဘာ ၃၀၊ ၂၀၁၈ အောင်မြင့်   မြစ်ကမ်းပါး ပြိုကျနေတာကြောင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာရှိတဲ့ ​ရေလယ်​​သောင်​​ကျေးရွာ၊ ​လေးလန်​ကျွန်း​ကျေးရွာ၊ မြင်းကျွန်း​ကျေးရွာ စတဲ့ ရွာတွေက လူ​နေအိမ်​ ၁၈ လုံး နဲ့ဘုန်း​တော်​ကြီး​ကျောင်း ​ပြောင်း​ရွှေ့​နေရပါတယ်​။ ​အောက်​တိုဘာ ၂၀ ရက်​​နေ့ဝန်းကျင်​ကတည်းက ကမ်းပါးစပြိုခဲ့တာဖြစ်​ပြီး ခုရက်ပိုင်းအတွင်းမှာ ပိုဆိုးလာတာကြောင့် ခုလို​ပြောင်း​ရွှေ့ကြရတာပါ။ ​ပြောင်း​ရွှေ့အိမ်​​ထောင်​စု​တွေအတွက်​ ​မြေ​နေရာကို ​ကျေးရွာတာဝန်​ခံက ဦး​ဆောင်​ဝယ်​ယူထား​ပေမယ့် လယ်​​မြေဖြစ်​တာ​ကြောင့်​ လူနေထိုင်ခွင့်ရဖို့ လျှောက်​ထားဆဲပါ။ ​ပြောင်း​ရွှေ့ပြီး​နေခွင့်​ရရင်​​တောင်​ ​နေရာတခြား လုပ်​ငန်းခွင်​တခြား ဖြစ်​လိမ့်​မယ်​လို့​ ဒေသခံတွေက​ပြောပါတယ်​။ ​ပြောင်း​ရွှေ့အိမ်​​ထောင်​စု​တွေကို ပခုက္ကူခရိုင်​ ​သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေး ဌာနက​နေ စားရိက္ခာ အသုံးအ​ဆောင်​တချို့နဲ့ အိမ်​​ပြောင်းစားရိတ်​ တစ်​သိန်းစီ​ ထောက်​ပံ့​ပေးထားတယ်လို့ သိရပါတယ်။

Read More

မြေယာပိုင်ဆိုင်ခွင့် စီမံမှုအလွဲတွေကိစ္စ ရေစကြိုမှာ ဆန္ဒပြ

ရေစကြို အောက်တိုဘာ ၂၉၊ ၂၀၁၈ အောင်မြင့် မကွေးတိုင်း ရေစကြိုမြို့နယ် ထန်းဆယ်ပင်ကျေးရွာနဲ့ အမှတ်(၇)ရပ်ကွက် ၊ငါးရာပြည့်​ ၊ ဖူလုံ​ကျေးရွာ  မအူ​ကျောက်​ဖူးကျေးရွာ စတဲ့​ကျေးရွာက ​ တောင်သူ ၁၀၀ကျော်ဟာ သူတို့ရဲ့ လယ်​ယာ​မြေနဲ့ပက်​သက်​ပြီးနစ်​နာချက်​​တွေကိုဆန္ဒ​ဖော်​ထုတ်​ခဲ့ကြတာပါ ။

Read More

သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် တောင်သူတွေ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်

မုံရွာ အောက်တိုဘာ ၂၉ ၊ ၂၀၁၈ စောပြည့်ချမ်းသာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ် အက်တောကျေးရွာက တောင်သူ ၁၀၀ ကျော်က  သိမ်းဆည်းခံ မြေများ ပြန်ရရေးအတွက်  ဒီနေ့ နံနက်ပိုင်းမှာ မုံရွာမြို့ပေါ်တက်ပြီး မြို့ အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တန့် ဆည်မြို့ နယ် အက်တောကျေးရွာမှာရှိတဲ့ တောင်သူတွေပိုင် မြေဧက ၅ ဒသမ ၁၉ ဧကကို လျော်ကြေး၊ နစ်နာကြေး၊ မြေအစားထိုးပေးခဲ့တာတွေ မရှိဘဲ ၁၉၇၂ ခုနှစ်က အမှတ် ၁ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းခဲ့ပြီး ၂၀၁၀ မှာ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကို အပြီးအပိုင် လွဲပြောင်းရောင်းချခဲ့တဲ့ အတွက်  မူလပိုင်ရှင်တောင်သူတွေ လက်ထဲ စွန့်လွတ်အပ်နှံ့ပေးရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဆန္ဒထုတ်ဖော်မှုကို  မုံရွာမြို့ တောင်ရပ်ကွက်၊ သာစည်မီးပွိုင့် အနီးမှာ စုရပ်ပြုလုပ်ပြီး …

Read More

အင်ဒိုနီးရှား၏ Lion Air ပင်လယ်တွင်းပျက်ကျ

အောက်တိုဘာ ၂၉၊ ၂၀၁၈   အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ ဒီနေ့မနက် ၆း၂၀ မှာ စတင်ပျံသန်းထွက်ခွာတဲ့ Lion Air လေကြောင်းလိုင်းက လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျ ပျောက်ဆုံးခဲ့ပါတယ်။ အဲ့ဒီလေယာဉ်ဟာ စတင်ပျံတက်ပြီး ၁၅ မိနစ်အကြာမှာ မြေပြင်နဲ့အဆက်သွယ်ပြတ်တောက်ပြီး ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ ပင်လယ်ပြင်နေရာမှာ ဆီကွက်တွေ၊ ပေါလောပေါ်နေတဲ့ အပျက်အစီးအပိုင်းအစတွေနဲ့ ပစ္စည်းတွေကို တွေ့နေရပြီး အင်ဒိုနီးရှား လေတပ်၊ ရေတပ်အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့လည်း လေကြောင်းလိုင်းက ဆိုပါတယ်။ ဒီ JT610 လယာဉ်ပေါ်မှာ ကလေးငယ် ၃ ဦး၊ လေယာဉ်အမှုထမ်း ၇ ဦးအပါအဝင် စုစုပေါင်း ၁၈၈ ယောက် ပါဝင်ပြီး၊ ဂျကာတာကနေ ပီနန်ကို သွားမယ်လေယာဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ပီနန်လေဆိပ်မှာတော့…

Read More

စစ်ကိုင်း ဧမြဇေယျာချောင်က လက်ထောက်သီလရှင်ကို ဆွဲထုတ်ခံရတဲ့ကိစ္စ သတင်းစာရှင်းလင်း

စစ်ကိုင်း အောက်တိုဘာ ၂၈၊ ၂၀၁၈ တာရာ စစ်ကိုင်းမြို့၊ပါရမီရပ်ကွက် ဧမြဇေယျာချောင်မှ ချောင်လက်ထောက်သီလရှင်ဆရာကြီးကို ကျောင်းတိုက် အတွင်းက ဆွဲနှင်ထုတ်ခြင်းခံရတဲ့ ကိစ္စနှင့်ပက်သတ်ပြီး ဒီနေ့ နံနက်ပိုင်းက ထိုကျောင်းတိုက်မျက်နှာခြင်းဆိုင်နေအိမ်မှာ ဆွေမျိုးတော်စပ်သူတွေက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။ ဧမြဇေယျာချောင်၊ဝိမလာရာမတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာကြီး ဒေါ်ကေသာဝတီ နဲ့ ကျန်းမာရေးမကောင်းမွန်တဲ့ အသက်၉၀ကျော်အရွယ် ၎င်းရဲ့ဖခင် တို့ကို ယခုလ ၂၅ရက်နေ့က ထိုကျောင်းအားပိုင်ဆိုင်သူဟုဆိုတဲ့ သီလရှင်ဆရာကြီး ဒေါ်သီတလကာမီနဲ့ အဖွဲ့က ကျောင်းတိုက်အတွင်းနေထိုင်ခြင်းမရှိစေရန် ဆွဲနှင်ထုတ်ခြင်းများ လုပ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ “ဒီကျောင်းတိုက်လွှဲပြောင်းခြင်းစာချုပ်မှာ လက်မှတ်အတုထိုးပြီး ရယူထားတာကိုလည်း အဆင့်ဆင့်ကိုတင်ပြထားပါတယ်၊ဆရာကြီး ဒေါ်သီတလကာမီ အရင်က ဒီမှာ တရက်မှာလည်း မနေဘူး၊ဝါလည်း မဆိုဖူးဘူး၊ဆရာလေးရဲ့အမကိုကျောင်းတိုက်က နှင်ထုတ်လို့မရပါဘူး။ နိုင်ငံတော်သံဃာ့နာယက ၄၇ပါးဆုံးဖြတ်ချက်အရ ဧမြဇေယျာချောင်မှာ ဒေါ်ကေသာဝတီကို ရာသက်ပန် သီတင်းသုံးခွင့်ရှိသည်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ခုလိုဆွဲနှင်ထုတ်ခြင်းခံရတာက ကျောင်းတိုက်ရဲ့စည်းကမ်းကိုမလိုက်နာလို့တဲ့။ ဆရာလေးရဲ့အဖေနေထိုင်တဲ့အဆောင်လေးဟာ မိုးမလုံပါဘူး။…

Read More
VOM News

FREE
VIEW