အင်ဒိုနီးရှား၏ Lion Air ပင်လယ်တွင်းပျက်ကျ

အောက်တိုဘာ ၂၉၊ ၂၀၁၈

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ ဒီနေ့မနက် ၆း၂၀ မှာ စတင်ပျံသန်းထွက်ခွာတဲ့ Lion Air လေကြောင်းလိုင်းက လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျ ပျောက်ဆုံးခဲ့ပါတယ်။

အဲ့ဒီလေယာဉ်ဟာ စတင်ပျံတက်ပြီး ၁၅ မိနစ်အကြာမှာ မြေပြင်နဲ့အဆက်သွယ်ပြတ်တောက်ပြီး ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့ ပင်လယ်ပြင်နေရာမှာ ဆီကွက်တွေ၊ ပေါလောပေါ်နေတဲ့ အပျက်အစီးအပိုင်းအစတွေနဲ့ ပစ္စည်းတွေကို တွေ့နေရပြီး အင်ဒိုနီးရှား လေတပ်၊ ရေတပ်အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့လည်း လေကြောင်းလိုင်းက ဆိုပါတယ်။

ဒီ JT610 လယာဉ်ပေါ်မှာ ကလေးငယ် ၃ ဦး၊ လေယာဉ်အမှုထမ်း ၇ ဦးအပါအဝင် စုစုပေါင်း ၁၈၈ ယောက် ပါဝင်ပြီး၊ ဂျကာတာကနေ ပီနန်ကို သွားမယ်လေယာဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ပီနန်လေဆိပ်မှာတော့ လေယာဉ်ပေါ်ပါသွားသူတွေရဲ့ မိသားစုဝင်တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတာကို စိုးရိမ်ပူပန်စွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။

Lion Air လေကြောင်းလိုင်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လေကြောင်းလိုင်းသစ်တခုဖြစ်ပြီး၊ ပြည်တွင်းပြည်ပခရီးစဉ်တွေပြေးဆွဲနေတဲ့ လိုင်းတခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ အတွင်းက Lion Air လေကြောင်းလိုင်းရဲ့ ဘိုးအင်း 737-800 ဂျက်လေယာဉ်ဟာ ဘာလီကျွန်းပေါ်အဆင်း၊ ပြေးလမ်းချော်ပြီး ပင်လယ်ထဲ ထိုးကျမှုတခု ဖြစ်ခဲ့ဖူးပါသေးတယ်။ အဲ့ဒီတုန်းကတော့ လေယာဉ်ပေါ်သူ ၁၀၈ ဦးလုံး ဘေးအန္တရာယ် တစုံတရာ မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။

ကိုးကား – AP / AFP / Indonesian TV
Photo – Lion Air

Related posts

Leave a Comment

VOM News

FREE
VIEW