ဇလုံတောင် တောင်တက် ကားများ ယခင်နှစ်ထက် ကားအစီးရေ ပိုပြေးဆွဲမည်

 

ဗန်းမောက် အောက်တိုဘာ ၃၁

တာရာ

စစ်ကိုင်းတိုင်း  ကသာခရိုင် ဗန်းမောက်မြို့မှာရှိတဲ့ ဇလုံ တောင်တော်ပေါ်သို့ တက်ရောက်မည့် တောင်တက်ကားအစီးအရေကို  ပြီးခဲ့တဲ့ နှစ်ထက် ပိုမိုပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း  ဇလုံတောင် တောင်တက်ကား အသင်းက သိရပါတယ်။

ပွင့်လင်းရာသီ ရောက်ရှိပြီး ဇလုံ တောင်တော်ပေါ် ကားများနဲ့ သွားရောက်ဖူးမြော်နိုင်ပြီ ဖြစ်တဲ့အတွက် ဒီနေ့ နံနက်ပိုင်းမှာတော့ ဇလုံတောင် တောင်တက်ကားအသင်းရဲ့ ဂိတ်ဖွင့်ပွဲ အခမ်းအနားကို  ကန်သာယာ ယာယီယာဉ်ရပ်နားစခန်းမှာ ပြုလုပ်ခဲ့ပြီး  ဒီနေ့က စပြီး တောင်တက်ကားတွေကို စတင်ပြေးဆွဲ ပေးနေပြီ ဖြစ်ပါတယ်။

”အရင်ဂိတ်ဟောင်းမှာပဲ  ဒီနေ့ ဖွင့်ပွဲ လုပ်ပြီး တောင်တက်ကားတွေကို စတင်ပြေးဆွဲပေးနေပါပြီး။ကျွန်တော်ဆီမှာ စာရင်းပေးထားတာ ကားအစီးရေ ၁၂၀ လောက်တော့ရှိနေပြီး ဒီနှစ် ကားအစီးရေ ၁၅၀ ခန့် ရှိမယ် ထင်တယ်။ကားခနှုန်းထားတွေကလည်း အရင်နှစ်အတိုင်းပါပဲ “ဟု ဇလုံတောင် တောင်တက်ကား အသင်း ဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။

ဇလုံ တောင်တော်ပေါ်ကို  ပြီးခဲ့တဲ့နှစ်က တောင်တက်ကားအစီးရေ ၉၅  စီးနဲ့ ပြေးဆွဲပေးခဲ့ပြီး ဒီနှစ်မှာတော့ တောင်တက်မော်တော်ယာဉ် ၁၅၀ ခန့်ဖြင့် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

တောင်တက်ကားတစ်စီးကို လူဦးရေ ၁၅ယောက် ထိ လိုက်ပါစီးနင်းနိုင်ပြီး ကားခနှုန်းထား အနေနဲ့ လူတစ်ဦးကို အသွားအပြန် ငွေ ကျပ် ၆၀၀၀ ကောက်ခံကြောင်း သိရပါတယ်။

ဇလုံတောင်ကို လာရောက်လည်ပတ်မဲ့ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်တွေ  အဆင်ပြေစေရန် အတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့က ကားရပ်နားကွင်း၊လက်ဆောင်ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်ခန်းများ၊လူနေအိပ်ဆောင်များ  စတာတွေ ပါဝင်မဲ့ ”ခမိုး ”အမည်ရှိ တောင်ခြေယာဉ်ရပ်နားစခန်းတစ်ခုကို လုပ်ဆောင်သွားရန် စီစဉ်ဆောင်ရွက်နေပြီး ပြီးခဲ့သည်နှစ်က ဇလုံ တောင်သို့ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည်သည်  (၂) သိန်းကျော်လာရောက်လည့်ပတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

#voiceofmyanmar #ဇလုံတောင် #ကသာ #ဗန်းမောက်

ဓါတ်ပုံ swan mar နှင့် ဇလုံတောင်စာမျက်နှာမှ

Related posts

Leave a Comment

VOM News

FREE
VIEW