ဧရာဝတီမြစ်ကမ်းပါးပြို၍ နေအိမ်များ ပြောင်းရွှေ့

ပခုက္ကူ – အောက်တိုဘာ ၃၀၊ ၂၀၁၈

အောင်မြင့်

 

မြစ်ကမ်းပါး ပြိုကျနေတာကြောင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာရှိတဲ့ ​ရေလယ်​​သောင်​​ကျေးရွာ၊ ​လေးလန်​ကျွန်း​ကျေးရွာ၊ မြင်းကျွန်း​ကျေးရွာ စတဲ့ ရွာတွေက လူ​နေအိမ်​ ၁၈ လုံး နဲ့ဘုန်း​တော်​ကြီး​ကျောင်း ​ပြောင်း​ရွှေ့​နေရပါတယ်​။ ​အောက်​တိုဘာ ၂၀ ရက်​​နေ့ဝန်းကျင်​ကတည်းက ကမ်းပါးစပြိုခဲ့တာဖြစ်​ပြီး ခုရက်ပိုင်းအတွင်းမှာ ပိုဆိုးလာတာကြောင့် ခုလို​ပြောင်း​ရွှေ့ကြရတာပါ။

ပြောင်း​ရွှေ့အိမ်​​ထောင်​စု​တွေအတွက်​ ​မြေ​နေရာကို ​ကျေးရွာတာဝန်​ခံက ဦး​ဆောင်​ဝယ်​ယူထား​ပေမယ့် လယ်​​မြေဖြစ်​တာ​ကြောင့်​ လူနေထိုင်ခွင့်ရဖို့ လျှောက်​ထားဆဲပါ။ ​ပြောင်း​ရွှေ့ပြီး​နေခွင့်​ရရင်​​တောင်​ ​နေရာတခြား လုပ်​ငန်းခွင်​တခြား ဖြစ်​လိမ့်​မယ်​လို့​ ဒေသခံတွေက​ပြောပါတယ်​။ ​ပြောင်း​ရွှေ့အိမ်​​ထောင်​စု​တွေကို ပခုက္ကူခရိုင်​ ​သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေး ဌာနက​နေ စားရိက္ခာ အသုံးအ​ဆောင်​တချို့နဲ့ အိမ်​​ပြောင်းစားရိတ်​ တစ်​သိန်းစီ​ ထောက်​ပံ့​ပေးထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW