သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် တောင်သူတွေ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်

မုံရွာ အောက်တိုဘာ ၂၉ ၊ ၂၀၁၈

စောပြည့်ချမ်းသာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ် အက်တောကျေးရွာက တောင်သူ ၁၀၀ ကျော်က  သိမ်းဆည်းခံ မြေများ ပြန်ရရေးအတွက်  ဒီနေ့ နံနက်ပိုင်းမှာ မုံရွာမြို့ပေါ်တက်ပြီး မြို့ အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တန့် ဆည်မြို့ နယ် အက်တောကျေးရွာမှာရှိတဲ့ တောင်သူတွေပိုင် မြေဧက ၅ ဒသမ ၁၉ ဧကကို လျော်ကြေး၊ နစ်နာကြေး၊ မြေအစားထိုးပေးခဲ့တာတွေ မရှိဘဲ ၁၉၇၂ ခုနှစ်က အမှတ် ၁ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းခဲ့ပြီး ၂၀၁၀ မှာ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကို အပြီးအပိုင် လွဲပြောင်းရောင်းချခဲ့တဲ့ အတွက်  မူလပိုင်ရှင်တောင်သူတွေ လက်ထဲ စွန့်လွတ်အပ်နှံ့ပေးရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဆန္ဒထုတ်ဖော်မှုကို  မုံရွာမြို့ တောင်ရပ်ကွက်၊ သာစည်မီးပွိုင့် အနီးမှာ စုရပ်ပြုလုပ်ပြီး  ထို့မှ တဆင့် ပြည်ထောင်စုလမ်း၊ မုံရွာဘူတာ-ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်လမ်း အတိုင်း ကံသာယာပန်းခြံ အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW