မန္တလေးမြို့မှာ မြန်မာ့ရိုးရာနိဗ္ဗာန်ဈေးနဲ့ မြန်မာမုန့်ပွဲတော် ကျင်းပမည်

မန္တလေး၊ အောက်တိုဘာ ၂၀၊ ၂၀၁၈ တာရာ   မန္တလေးမြို့ မြောက်ပြင်ရပ်မှာ မြန်​မာ့ရိုးရာနိဗ္ဗာန်​​ဈေး နဲ့မြန်​မာမုန့်ပွဲ​တော်​ ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီပွဲတော်ကို အောက်တိုဘာ ၂၆ ရက်နေ့၊ မန္တလေးမြို့မြောက်ပြင်ရပ်မှာရှိတဲ့ တနင်္ဂ​နွေ မင်္ဂ​လာ​ဓမ္မ​ကျောင်းမှာ နေ့လယ် ( ၂)နာရီကနေ ( ၄ )နာရီအချိန်အထိကျင်းပသွားမှာ ဖြစ်ပြီး ပွဲတော်မှာ မြန်မာ့ရိုးရာအစား အစာ မုန့်များကို အလှူရှင်များကနေ တည့်ခင်းကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ပွဲတော်လာရောက်သူများက ကြိုက်နှစ်သက်ရာ မုန့်များကို ရွေးချယ်စားသုံးနိုင်ဖို့ စီစဉ်ထားတယ်လို့ ပွဲ​တော်​ဖြစ်​​မြောက်​​ရေးအဖွဲ့က ဒေါ်မေသူမောင်ကပြောပါတယ်။ ”မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ နိဗ္ဗာန်ဈေးဆိုတာကို အများဆုံးက အောက်ပြည်မှာ ကျင်းပတာ များတယ်၊ကျွန်မတို့ အထက်ပိုင်းမှာ နည်းတယ်။ နည်းတဲ့ အခါကျ ကလေးတွေက နိဗ္ဗာန်ဈေးဆိုတဲ့ စကားနဲ့ မရင်းနှီးကြဘူး။ အဲဒါလေးကိုလည်း သိစေချင်တယ်။ မြန်မာမုန့် တွေဆိုတာ အများဆုံးအားဖြင့်…

Read More
VOM News

FREE
VIEW