မြောက်ဦးမှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးနဲ့ ကျွဲနွား နှစ်ကောင်ဒဏ်ရာရ

မြောက်ဦးမှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးနဲ့ ကျွဲနွား နှစ်ကောင်ဒဏ်ရာရ

မြောက်ဦး၊ ဖေဖော်ဝါရီ ၁၆- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညည့် ၃ နာရီအချိန်လောက်က တပ်မတော်နဲ့အေအေတို့ မိနစ်ပိုင်းကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ ကျေးရွာရှိ ကျွဲတစ်ကောင်နဲ့ နွားတစ်ကောင်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။

ဒဏ်ရာရရှိသွားတဲ့ အမျိုးသားဟာ မောင်သာကုန်းကျေးရွာသားဦးမောင်သာစိန် ဖြစ်ပြီး ဆန်စက်ပိုင်ရှင်ဖြစ်ကာ ဆန်စက်မှာအိပ်နေစဉ် ကျဉ်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

” မနေ့က မနက်စောကြီး ၃ နာရီခွဲလောက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် တို့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကြတယ်။ အဲ့ဒီလိုဖြစ်ကြတော့ တပ်မတော်က ရွာဖက်ကို ဦးတည်ပြီးပစ်တယ်။ ဒဏ်ရာရတဲ့သူကတော့ စပါးထိုးစက်ပိုင်ရှင် ဖြစ်တယ်။ စက်ရှင်က စက်မှာအိပ်နေတာမှာ စက်ခုံတွေလည်း ပေါက်သွားပြီး သူ့ခါးကျောဖက်မှာလာမှန်တယ်။” လို့ မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူ း ဦးစောသိန်းက ပြောပါတယ်။

ဒဏ်ရာရရှိသွားတဲ့အမျိုးသားကို မနေ့က ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းမှာ မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားပြီး လိုအပ်တဲ့ကုသမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

” မနက်က ကျနော်တို့ သူ့ကိုဆေးရုံသို့ ပို့ပေးလိုက်တယ်။ ဆေးရုံကို ပို့လိုက်တော့ အဲ့ဒီကျည်ဆံကို ခွဲထုတ် ရဖို့ဖြစ်နေတယ်။” လို့ ကျေးရွာအုပ်ချုပ်ရေးမှူ းက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသွားတာမှာ ပါဝင်တဲ့ ကျွဲဟာ ပေါင်ကိုကျည်မှန်ဒဏ်ရာကြောင့် ပေါင်မှာကျည်ထုတ်ခဲ့ပြီး ကျန်တဲ့ နွားတစ်ကောင်မှာ အမြီးပိုင်းကို လျှပ်ပြီးထိသွားကြောင်း သိရပါတယ်။

” အခုလို ရွာသားတွေကို ဦးတည်ပြီး ပစ်ခတ်တယ်ဆိုတော့ စိတ်မကောင်းချင်ဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ဖက်တိုက်ပွဲဖြစ်ရင် နှစ်ဖက်အပြန်အလှန်ပစ်ကြပါ။ ရွာကိုဦးတည်ပြီး လှည့်ပစ်တယ်ဆိုတော့ နေရာတစ်ခု မကောင်းပါ။ ပြည်သူကိုကာကွယ်တာ မဟုတ်ဘဲ ပြည်သူကိုပြန်ပြီး လှည့်ပစ်တယ်ဆိုတော့ ကျနော်တို့အနေနဲ့ တရားဥပဒေအရ မမှန်လို့မြင်ပါတယ်။” လို့ ဦးစောသိန်းက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုအတွင်း လူ၊ ကျွဲ၊ နွား သတ္တဝါတွေထိခိုက်ဒဏ်ရာရရှိပြီး မောင်သာကုန်းကျေးရွာအနီး မိနစ်ပိုင်းလောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကြားသိရတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ ပါဘူး။

အဲ့ဒီ ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ မောင်သာကုန်းကျေးရွာနဲ့ ကီလိုမီတာ ၁၀၀ ကျော် ၂၀၀ လောက်ကွာဝေးပြီး မောင်သာကုန်းရွာနဲ့ မြောက်ဦးမြို့ဟာ ၂ မိုင်ခန့် ကွာဝေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောက်ဦး #ရခိုင်ပြည်နယ် #မောင်သာကုန်း

Zawgyi

ေျမာက္ဦးမွာ ပစ္ခတ္မႈျဖစ္ၿပီး အမ်ိဳးသားတစ္ဦးနဲ႔ ကြၽဲႏြား ႏွစ္ေကာင္ဒဏ္ရာရ

ေျမာက္ဦး၊ ေဖေဖာ္ဝါရီ ၁၆- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးခ႐ိုင္ ေျမာက္ဦးၿမိဳ႕နယ္ ေမာင္သာကုန္းေက်းရြာအနီးမွာ ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီလ ၁၄ ရက္၊ ညည့္ ၃ နာရီအခ်ိန္ေလာက္က တပ္မေတာ္နဲ႔ေအေအတို႔ မိနစ္ပိုင္းၾကာ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ႔ၿပီး အမ်ိဳးသားတစ္ဦးနဲ႔ ေက်းရြာ႐ွိ ကြၽဲတစ္ေကာင္နဲ႔ ႏြားတစ္ေကာင္ဒဏ္ရာရ႐ွိသြားေၾကာင္း သတင္းရ႐ွိပါတယ္။

ဒဏ္ရာရ႐ွိသြားတဲ႔ အမ်ိဳးသားဟာ ေမာင္သာကုန္းေက်းရြာသားဦးေမာင္သာစိန္ ျဖစ္ၿပီး ဆန္စက္ပိုင္႐ွင္ျဖစ္ကာ ဆန္စက္မွာအိပ္ေနစဥ္ က်ဥ္ထိမွန္ဒဏ္ရာရ႐ွိခဲ႔တာျဖစ္ေၾကာင္း သိရပါတယ္။

” မေန႔က မနက္ေစာႀကီး ၃ နာရီခြဲေလာက္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ တို႔အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ၾကတယ္။ အဲ႔ဒီလိုျဖစ္ၾကေတာ့ တပ္မေတာ္က ရြာဖက္ကို ဦးတည္ၿပီးပစ္တယ္။ ဒဏ္ရာရတဲ႔သူကေတာ့ စပါးထိုးစက္ပိုင္႐ွင္ ျဖစ္တယ္။ စက္႐ွင္က စက္မွာအိပ္ေနတာမွာ စက္ခံုေတြလည္း ေပါက္သြားၿပီး သူ႔ခါးေက်ာဖက္မွာလာမွန္တယ္။” လို႔ ေျမာက္ဦးၿမိဳ႕နယ္ ေမာင္သာကုန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴ း ဦးေစာသိန္းက ေျပာပါတယ္။

ဒဏ္ရာရ႐ွိသြားတဲ႔အမ်ိဳးသားကို မေန႔က ေဖေဖာ္ဝါရီလ ၁၅ ရက္ နံနက္ပိုင္းမွာ ေျမာက္ဦးေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး လိုအပ္တဲ႔ကုသမႈေတြလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

” မနက္က က်ေနာ္တို႔ သူ႔ကိုေဆးရံုသို႔ ပို႔ေပးလိုက္တယ္။ ေဆးရံုကို ပို႔လိုက္ေတာ့ အဲ႔ဒီက်ည္ဆံကုိ ခြဲထုတ္ ရဖို႔ျဖစ္ေနတယ္။” လို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴ းက ေျပာပါတယ္။

အဲ႔ဒီ ပစ္ခတ္မႈအတြင္း ဒဏ္ရာရ႐ွိသြားတာမွာ ပါဝင္တဲ႔ ကြၽဲဟာ ေပါင္ကိုက်ည္မွန္ဒဏ္ရာေၾကာင့္ ေပါင္မွာက်ည္ထုတ္ခဲ႕ျပီး က်န္တဲ႔ ႏြားတစ္ေကာင္မွာ အျမီးပိုင္းကို လ်ွပ္ၿပီးထိသြားေၾကာင္း သိရပါတယ္။

” အခုလို ရြာသားေတြကို ဦးတည္ၿပီး ပစ္ခတ္တယ္ဆိုေတာ့ စိတ္မေကာင္းခ်င္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ႏွစ္ဖက္တိုက္ပြဲျဖစ္ရင္ ႏွစ္ဖက္အျပန္အလွန္ပစ္ၾကပါ။ ရြာကိုဦးတည္ၿပီး လွည့္ပစ္တယ္ဆိုေတာ့ ေနရာတစ္ခု မေကာင္းပါ။ ျပည္သူကိုကာကြယ္တာ မဟုတ္ဘဲ ျပည္သူကိုျပန္ၿပီး လွည့္ပစ္တယ္ဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ တရားဥပေဒအရ မမွန္လို႔ျမင္ပါတယ္။” လို႔ ဦးေစာသိန္းက ေျပာပါတယ္။

အဲ႔ဒီ ပစ္ခတ္မႈအတြင္း လူ၊ ကြၽဲ၊ ႏြား သတၱဝါေတြထိခိုက္ဒဏ္ရာရ႐ွိၿပီး ေမာင္သာကုန္းေက်းရြာအနီး မိနစ္ပိုင္းေလာက္ ပစ္ခတ္မႈျဖစ္ပြားခဲ႔ေၾကာင္း ၾကားသိရတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ တာဝန္႐ွိသူေတြနဲ႔ ေအေအ ေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခတို႔ကို ဆက္သြယ္ခဲ႔ေပမယ္႔ အဆက္အသြယ္မရ႐ွိခဲ႔ ပါဘူး။

အဲ႔ဒီ ပစ္ခတ္မႈျဖစ္တဲ႔ေနရာဟာ ေမာင္သာကုန္းေက်းရြာနဲ႔ ကီလိုမီတာ ၁၀၀ ေက်ာ္ ၂၀၀ ေလာက္ကြာေဝးၿပီး ေမာင္သာကုန္းရြာနဲ႔ ေျမာက္ဦးၿမိဳ႕ဟာ ၂ မိုင္ခန္႔ ကြာေဝးတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေျမာက္ဦး #ရခိုင္ျပည္နယ္ #ေမာင္သာကုန္း

Related posts

Leave a Comment

VOM News

FREE
VIEW