ဘူးသီးတောင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ၂၁ဦး အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့စီစဉ်

ဘူးသီးတောင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ၂၁ဦး အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့စီစဉ် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ -၂၀၂၀ စွဲ့ဝတီ (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသားကျောင်းသူ ၂၁ဦးကို ဘယ်နေရာပဲ ရောက်ရောက် အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။ “ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေကို ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာမှာ စာမေးပွဲဖြေနိုင်ဖို့ကို မြို့နယ်မှူးတွေကို ညွှန်ကြားပြီးဖြစ်ပါတယ်။ အခက်အခဲမရှိဖြေနိုင်အောင် မြို့နယ်ပညာရေးမှူးတွေကို ပြောထားပြီးပါပြီ”လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရပြီးဆေးရုံတင်ထားရတဲ့ကလေး ၂၁ယောက် အတွက် ထောက်ပံ့ငွေကိုလည်း တစ်ယောက်ကို ငါးသောင်းစီနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ပေးအပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်…

Read More

ပဲခူး ဇောင်းယျားကုန်းက လူသတ်မှု

ပဲခူး ဇောင်းယျားကုန်းက လူသတ်မှု ပဲခူး ဖေဖော်ဝါရီ ၁၆-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း ပဲခူးမြို့ ဇောင်းယျားကုန်းကျေးရွာနဲ့ သာဂလကျေးရွာကြား ကွင်းအမှတ်(၆၁၆)ရှိ လယ်စောင့်တဲမှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ရက် နေ့လယ် ၁၂နာရီခန့်က ကြက်ချေးအိတ်ထည့်တဲ့ကိစ္စစကားများရာက ကိုင်းခုတ်ဓားနဲ့ခုတ်သတ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ပဲခူးအမှတ်(၂)ရဲစခန်းကသိရပါတယ်။ ပဲခူးမြို့ဇောင်းကုန်းကျေးရွာ နေဦးမိုးလွင်ရဲ့သား အသက်(၁၉)နှစ်ရှိ ကိုမျိုးထက် နွားကျောင်းနေစဉ် ကွင်းအမှတ်(၆၁၆)အတွင်းရှိ လယ်စောင့်တဲရှေ့မှာ ပဲခူးမြို့ဇောင်းကုန်းကျေးရွာ နေ ဦးသိန်းဟန်ရဲ့သား အသက်(၄၇)နှစ်ရှိ ဦးနိုင်ဝင်းနဲ့ တစ်ရွာတည်းနေဦးမောင်ချိုရဲ့သားအသက်(၃၀)နှစ်ရှိ မွန်ရှမ်းတို့မှာ ကြက်ချီးအိတ်ထည့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်တစ်ခွန်းအော်ဟစ်စကားများရန်ဖြစ်ပြီး ဦ နိုင်ဝင်းက မွန်ရှမ်းကိုအရိုး(၃) လက်မခွဲခန့် ၊ အသွား(၁၅)လက်မခန့်။အရိုးအသွား(၂၂)လက်မခွဲခန့်ရှိ ကိုင်းခုတ်ဓားနဲ့ခုတ်ခဲ့တဲ့အတွက် မွန်းရှမ်းမှာ ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ ဇက်ပိုးပြတ်ရှ ဒဏ်ရာ(၁)ချက် ၊ နှာခေါင်းပြတ်ရှဒဏ်ရာ(၁)ချက်ညာ၊ ပါးပြတ်ရှဒဏ်ရာ(၁)ချက်၊ ဘယ်ဖက်ပါးပြတ်ရှဒဏ်ရာ(၁)ချက် ၊ ဘယ်နားရွက်ပြတ်ရှဒဏ်ရာ(၁)ချက်တို့နဲ့အတူ လဲကျနေတာကိုတွေ့ရှိရတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ အဲဒီ…

Read More

Voice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ်

Voice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ် ဒီကနေ့ကြည့်ရှုနားဆင်ရမယ့် သတင်းတွေထဲမှာ ဖေဖေါ်ဝါရီ ၂ရက်နေ့က တရုတ်နိုင်ငံဝူဟန်မြို့ကနေပြန်ခေါ်လာတဲ့ မြန်မာကျောင်းသား ၅၉ ယောက်ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့တာဟာ ဒီကနေ့ ပြည့်ပြီမို့ သူတို့သွားလိုတဲ့ နေရပ်ရင်းတွေကို ပြန်ခွင့်ပြုလိုက်သလို တရုတ်ပြည်ထိသွားခေါ်ပြီးစောင့်ရှောက်ပေးတဲ့ ကျမ္မာရေးဝန်ထမ်း ၃ ယောက်ကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ သတင်း။ ၂၀၁၆ ခုနှစ် မတ်လ၂၆ ရက်က မီးလောင်သွားတဲ့ မန္တလေးက မင်္ဂလာဈေးကြီးမှာ ဈေးရောင်းကြတဲ့ ဆိုင်ခန်းရှင်တွေဟာ သူတို့ ယာယီဈေးမှာနေရတာကြာတဲ့ကိစ္စနဲ့ ဈေးပြန်ဆောက်ရင် မြေညီထပ်နဲ့ မိမိတို့ မူလနေရာတွေမှာဘဲပြန်လိုချင်ကြောင်း ၊ မန္တလေးတိုင်းအစိုးရအနေနဲ့ ပေးထားတဲ့ကတိအတိုင်းအမြန်ဆောင်ရွက်ပေးဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ယာယီဈေးကနေ မင်္ဂလာဈေးဟောင်းနေရာထိ ဆန္ဒပြတဲ့ သတင်း။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့အတွက် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့…

Read More

မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ

မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ မန္တလေး၊ဖေဖော်ဝါရီ ၁၆-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၊ချမ်းအေးသာဇံမြို့နယ်အတွင်းမှာ မီးလောင်သွားတဲ့ မင်္ဂလာဈေးမြေနေရာကို ဈေးအသစ်အမြန်ပြန်လည်တည်ဆောက်ရေးနဲ့ မြေညီထပ်နေရာကိုရရှိဖို့အတွက် ဒီကနေ့မနက်ပိုင်းက မင်္ဂလာဈေး(ယာယီ)ဈေးသူဈေးသားတွေက ယာယီဈေးကနေ မင်္ဂလာဈေးဟောင်းမြေနေရာအထိ လူအင်းအား ၂၀၀ ကျော်လောက်နဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီမင်္ဂလာဈေးဟာ ၂၀၁၆ ခုနှစ်၊မတ်လ၂၆ ရက်က မီးလောင်သွားခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်တွေက ၂၀၁၆ခုနှစ် မေလပိုင်းက မြို့တော်ခန်းမမှာ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ ဈေးကြီးကိုအသစ်ပြန်လည်တည်ဆောက်တာ ဒါမှမဟုတ် အကြီးစားပြုပြင်မှုတွေ ပြုလုပ်ပြီး ဈေးသူဈေးသားတွေကိုလဲ မူလနေရာအတိုင်း ပြန်လည်ပေးအပ်မယ်လို့ ကတိပေးခဲ့တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ပေးထားတဲ့ကတိကဝတ်လွဲချော်နေတာကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြအဖွဲ့က ဦးကိုကိုအောင်က ပြောခဲ့ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #မင်္ဂလာဈေး #ဆန္ဒပြ Zawgyi မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ မန္တလေး၊ဖေဖော်ဝါရီ…

Read More

တရုတ်ပြည် ကွမ်းတုံးရောက်မြန်မာတွေ အခက်ခဲဖြစ်နေ

တရုတ်ပြည် ကွမ်းတုံးရောက်မြန်မာတွေ အခက်ခဲဖြစ်နေ မူဆယ် ဖေဖေါ်ဝါရီ ၁၆-၂၀၂၀ ပြည့်စုံ(VOM) တရုတ်ပြည် ကွမ်းတုံး မြို့မှာရောက်နေတဲ့ မြန်မာလုပ်သား ၁၃၀ ကျော်‌ဟာ ပေကျင်းမြို့ရှိ မြန်မာ သံရုံးနှင့်‌ ကူမင်းမြို့ရှိ ‌‌ကောင်စစ်ဝန်ချုပ်ရုံးသို့ဆက်သွယ် အကူအညီတောင်းခံသော်လည်း ဖုန်းမကိုင်ခြင်းများကြောင့် မြန်မာနိုငံပြန်ဖို့ အခက်ခဲဖြစ်နေပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပေကျင်းမြို့ မြန်မာသံရုံးကနေ တရုတ်ပြည် ဝူဟန်မြို့မှ စတင်၍ ဖြစ်ပေါ်ခဲ့သော Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြောင့် တရုတ်နိုင်ငံအတွင်း အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လိုလျှင် ဆက်သွယ်အကြောင်းကြား အကူအညီတောင်းခံနိုင်ပါတယ်လို့ ဖေဖေါ်ဝါရီ ၅ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ထားပြန်ခဲ့ပါတယ်။ ဒီလိုဆက်သွယ်မရတာကြောင့် နေရေးအပြင် အစားအသောက်ဝယ်ဖို့နဲ့ ပြန်ဖို့ အကူညီကိုရှာဖွေနေကြပါတယ်။ ဒီသတင်းကို VOM ဝိုင်းတော်သား ကိုပြည့်စုံက မူဆယ်မြို့မှနေ ၍ ဆက်သွယ်‌မေးမြန်တင်ဆက်ပေးထားပါတယ်။ #VOM #voiceofmyanmar…

Read More

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ ပေကျင်း၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှုအသစ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ ၂၀၀၉ ဦးရှိကာ သေဆုံးသူ ၁၄၂ ဦးရှိကြောင်း တရုတ်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၈၀၀၀ ဦးရှိပြီး သေဆုံးသူအရေအတွက် ၁၆၆၅ ဦးအထိ တိုးမြင့်လာပါတယ်။ တရုတ်နိုင်ငံပြင်ပ နိုင်ငံ ၃၀ နီးပါးမှာတော့ ရောဂါကူးစက်မှု ၅၀၀ ကျော်ရှိနေပြီး ပြင်သစ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့မှာ လူတစ်ဦးစီသေဆုံးခဲ့ကာ ပြင်သစ်နိုင်ငံမှာ သေဆုံးမှုကတော့ ဥရောပဒေသမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်မှုတွေ ကျဆင်းလာတာဟာ ဗိုင်းရပ်စ်ကိုထိန်းချုပ်လာနိုင်တာကို ပြသခြင်းဖြစ်ကြောင်း…

Read More

စစ်ကိုင်းတိုင်း ပုံတောင်ခြေရင်းက ကျေးရွာတွေမှာ ကျောင်းဆရာ‌တွေ မလုံလောက်လို့ ကလေးများပညာသင်ကြားရာအခက်ခဲဖြစ်

စစ်ကိုင်းတိုင်း ပုံတောင်ခြေရင်းက ကျေးရွာတွေမှာ ကျောင်းဆရာ‌တွေ မလုံလောက်လို့ ကလေးများပညာသင်ကြားရာအခက်ခဲဖြစ် မုံရွာ-ဖေဖေါ်ဝါရီ-၁၆-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပုံတောင်ခြေမှာရှိတဲ့ ခေါင်ပါးလှတဲ့ ကျေးရွာတွေမှာ ဆရာ၊ ဆရာမတွေ လုံလောက်မှုမရှိတာကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် အခက်ခဲတွေ ဖြစ်ပေါ်နေပါတယ်။ အ‌ဲ့ဒီလို သင်ကြားရေးပိုင်းမှာ တာဝန်ကျ ဆရာ၊ဆရာမမလုံလောက်တာတွေကြောင့် ရွာအတွင်းက ၁၀ တန်းအောင်ပြီးသား ကျောင်းသားလူငယ်တချို့ကို အကူညီတောင်းပြီး သင်ကြားနေရတယ်လို့ မယင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောပါတယ်။ ” ကျနော်တို့မယင်းကျေးရွာ အလယ်တန်းကျောင်းခွဲမှာဆိုရင် ကျောင်းသားဦးရေစုစုပေါင်း ၃၄၇ ယောက်ရှိတယ် ၊ KG တန်းမှာဆို ရင် ကျောင်းသားပေါင်း ၂၃၀ မှာ သင်ကြားတဲ့ ဆရာ ၂ ယောက်ပဲရှိတယ် ၊ စဉ်းစားကြည့်။ အရင် ‌တာဝန်ကျ ကျောင်းဆရာ ၆ ယောက်က ပြောင်းသွားတယ်။ ဒါပေမယ့် ပြောင်းသာ‌သွားတာ…

Read More

ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြန်

ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရပြန် ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအနီးမှာ ဒုံးပျံတွေကျရောက်ပေါက်ကွဲခဲ့ကြောင်း အမေရိကန်စစ်ဘက်သတင်းရင်းမြစ်တစ်ဦးကအတည်ပြုပြောဆိုလိုက်ပြီး အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်နဲ့ဆက်နွယ်နေတာတွေကို တိုက်ခိုက်မှုပြုတဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်သံတမန်အဆောက်အဦတစ်လျှောက်မှာ သတိပေးဥသြသံတွေထွက်ပေါ်ခဲ့ပေမယ့် ဘယ်နေရာတွေကိုထိမှန်ခဲ့ပြီး ဒုံးကျည်ဘယ်နှစ်စင်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အမေရိကန်နဲ့ အနောက်နိုင်ငံသံတမန်ရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးမှုမရှိကြောင်းနဲ့ အသေးစားပျက်စီးမှုတွေသာဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကအတည်ပြုပြောဆိုပါတယ်။ ပေါက်ကွဲသံအများအပြားထွက်ပေါ်လာပြီးနောက် အမေရိကန်သံရုံးရှိရာ လုံခြုံရေးထူထပ်စွာချထားတဲ့ ဂရင်းဇုန်အနီး လေယာဉ်တွေကင်းလှည့်နေကြတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ အမေရိကန်သံရုံး သို့မဟုတ် အီရတ်နိုင်ငံတစ်ဝန်းရှိ ဒေသခံတပ်ဖွဲ့ဝင်တွေနဲ့အတူ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ဝန်းကျင် တပ်စွဲထားတဲ့ အခြေစိုက်စခန်းတွေကို အောက်တိုဘာလနောက်ပိုင်း ၁၉ ကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ Ref : Guardian Photo:AFP #voiceofmyanmar #VOM #အမေရိကန်သံရုံး…

Read More

ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ

ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ ကလေး ဖေဖော်ဝါရီ ၁၆-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးက ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ လာရောက်ဆေးကုသမှု ခံယူနေရသူ ပျမ်းမျှ အနေနဲ့ နှစ်ရက်ကို တစ်ဦးနှုန်း ရှိတယ်လို့သိရပါတယ်။ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကြီး က မြို့နယ်ဆရာဝန် ဒေါက်တာ စိုးသက်ဝင်း က ပြောပြတာကတော့ “ဆေးရုံပေါ်မှာ ခုလတ်တလောကတော့ လေးဦး ရှိပါတယ်။ ဒီလူတွေကတော့ ခု တစ်ရက် နှစ်ရက်ကမှ ရောက်လာတဲ့ လူနာတွေပါ။ ရာသီ အကူးအပြောင်းမှာ ကလေးတွေ ဖျားကြတယ်။ ဖျားပြီးတဲ့ အခါကျရင် ဝမ်းပျက်ဝမ်းလျော ဖြစ်လာတဲ့ သဘောရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အစုလိုက် အပြုံလိုက် တစ်နေရာတည်းမှာ ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ရိုးရိုးဝမ်းပျက် ဝမ်းလျော ဖြစ်နေတာကို မိဘတွေက စိုးရိမ်လို့ ဆေးရုံလာတက်ကြတာ။ စိုးရိမ်ရလို့…

Read More

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၆ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့အတွက် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့(ဒီနေ့) နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။ “ဒီနေ့ ဆွေးနွေးပွဲမှာ (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက် (၁) ပါ အကြောင်းအရာတွေထဲက မိမိတို့အား PPST မှ တာဝန်ပေးအပ်ထားတဲ့ အကြောင်းအရာနဲ့ပတ်သက်တာကိုသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(NCA-S EAO)ရဲ့ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ပဒိုစောဆဲဂေက ပြောပါတယ်။ NCA ပါ ခေါင်းဆောင်အသီးသီးတို့ရဲ့ သဘောတူညီချက်တွေမှ…

Read More
VOM News

FREE
VIEW