တရုတ်ပြည် ကွမ်းတုံးရောက်မြန်မာတွေ အခက်ခဲဖြစ်နေ

တရုတ်ပြည် ကွမ်းတုံးရောက်မြန်မာတွေ အခက်ခဲဖြစ်နေ

မူဆယ် ဖေဖေါ်ဝါရီ ၁၆-၂၀၂၀
ပြည့်စုံ(VOM)

တရုတ်ပြည် ကွမ်းတုံး မြို့မှာရောက်နေတဲ့ မြန်မာလုပ်သား ၁၃၀ ကျော်‌ဟာ ပေကျင်းမြို့ရှိ မြန်မာ သံရုံးနှင့်‌ ကူမင်းမြို့ရှိ ‌‌ကောင်စစ်ဝန်ချုပ်ရုံးသို့ဆက်သွယ် အကူအညီတောင်းခံသော်လည်း ဖုန်းမကိုင်ခြင်းများကြောင့် မြန်မာနိုငံပြန်ဖို့ အခက်ခဲဖြစ်နေပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပေကျင်းမြို့ မြန်မာသံရုံးကနေ
တရုတ်ပြည် ဝူဟန်မြို့မှ စတင်၍ ဖြစ်ပေါ်ခဲ့သော Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြောင့် တရုတ်နိုင်ငံအတွင်း အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လိုလျှင် ဆက်သွယ်အကြောင်းကြား အကူအညီတောင်းခံနိုင်ပါတယ်လို့ ဖေဖေါ်ဝါရီ ၅ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ထားပြန်ခဲ့ပါတယ်။

ဒီလိုဆက်သွယ်မရတာကြောင့် နေရေးအပြင် အစားအသောက်ဝယ်ဖို့နဲ့ ပြန်ဖို့ အကူညီကိုရှာဖွေနေကြပါတယ်။

ဒီသတင်းကို VOM ဝိုင်းတော်သား ကိုပြည့်စုံက မူဆယ်မြို့မှနေ ၍ ဆက်သွယ်‌မေးမြန်တင်ဆက်ပေးထားပါတယ်။
#VOM #voiceofmyanmar #တရုတ်ရောက်မြန်မာတွေအခက်အခဲ

 

Zawgyi

တ႐ုတ္ျပည္ ကြမ္းတုံးေရာက္ျမန္မာေတြ အခက္ခဲျဖစ္ေန

မူဆယ္ ေဖေဖၚဝါရီ ၁၆-၂၀၂၀
ျပည့္စံု(VOM)

တ႐ုတ္ျပည္ ကြမ္းတုံး ၿမိဳ႕မွာေရာက္ေနတဲ႕ ျမန္မာလုပ္သား ၁၃၀ ေက်ာ္‌ဟာ ေပက်င္းၿမိဳ႕ရွိ ျမန္မာ သံ႐ုံးႏွင့္‌ ကူမင္းၿမိဳ႕ရွိ ‌‌ေကာင္စစ္ဝန္ခ်ဳပ္႐ုံးသို႔ဆက္သြယ္ အကူအညီေတာင္းခံေသာ္လည္း ဖုန္းမကိုင္ျခင္းမ်ားေၾကာင့္ ျမန္မာႏိုငံျပန္ဖို႕ အခက္ခဲျဖစ္ေနပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဆိုင္ရာ ေပက်င္းၿမိဳ႕ ျမန္မာသံ႐ုံးကေန
တ႐ုတ္ျပည္ ဝူဟန္ၿမိဳ႕မွ စတင္၍ ျဖစ္ေပၚခဲ့ေသာ Coronavirus Disease 2019 (COVID-19) လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ေၾကာင့္ တ႐ုတ္ႏိုင္ငံအတြင္း အလုပ္လုပ္ေနၾကတဲ႕ ျမန္မာႏိုင္ငံသားမ်ား ျမန္မာႏိုင္ငံသို႔ျပန္လိုလွ်င္ ဆက္သြယ္အေၾကာင္းၾကား အကူအညီေတာင္းခံႏိုင္ပါတယ္လို႔ ေဖေဖၚဝါရီ ၅ ရက္ေန႔ ရက္စြဲျဖင့္ စာထုတ္ထားျပန္ခဲ႕ပါတယ္။

ဒီလိုဆက္သြယ္မရတာေၾကာင့္ ေနေရးအျပင္ အစားအေသာက္ဝယ္ဖို႕နဲ႕ ျပန္ဖို႕ အကူညီကိုရွာေဖြေနၾကပါတယ္။

ဒီသတင္းကို VOM ဝိုင္းေတာ္သား ကိုျပည့္စုံက မူဆယ္ၿမိဳ႕မွေန ၍ ဆက္သြယ္‌ေမးျမန္တင္ဆက္ေပးထားပါတယ္။
#VOM #voiceofmyanmar #တရုတ္ေရာက္ျမန္မာေတြအခက္အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW