မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ

မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့နဲ့ မြေညီထပ်နေရာရရှိဖို့ ဆန္ဒပြ

မန္တလေး၊ဖေဖော်ဝါရီ ၁၆-၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးမြို့ ၊ချမ်းအေးသာဇံမြို့နယ်အတွင်းမှာ မီးလောင်သွားတဲ့ မင်္ဂလာဈေးမြေနေရာကို ဈေးအသစ်အမြန်ပြန်လည်တည်ဆောက်ရေးနဲ့ မြေညီထပ်နေရာကိုရရှိဖို့အတွက် ဒီကနေ့မနက်ပိုင်းက မင်္ဂလာဈေး(ယာယီ)ဈေးသူဈေးသားတွေက ယာယီဈေးကနေ မင်္ဂလာဈေးဟောင်းမြေနေရာအထိ လူအင်းအား ၂၀၀ ကျော်လောက်နဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီမင်္ဂလာဈေးဟာ ၂၀၁၆ ခုနှစ်၊မတ်လ၂၆ ရက်က မီးလောင်သွားခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်တွေက ၂၀၁၆ခုနှစ် မေလပိုင်းက မြို့တော်ခန်းမမှာ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ဈေးကြီးကိုအသစ်ပြန်လည်တည်ဆောက်တာ ဒါမှမဟုတ် အကြီးစားပြုပြင်မှုတွေ ပြုလုပ်ပြီး ဈေးသူဈေးသားတွေကိုလဲ မူလနေရာအတိုင်း ပြန်လည်ပေးအပ်မယ်လို့ ကတိပေးခဲ့တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ပေးထားတဲ့ကတိကဝတ်လွဲချော်နေတာကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြအဖွဲ့က ဦးကိုကိုအောင်က ပြောခဲ့ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #မင်္ဂလာဈေး #ဆန္ဒပြ

Zawgyi

မဂၤလာေစ်းကုိ အသစ္ျပန္လည္တည္ေဆာက္ဖုိ႔နဲ႔ ေျမညီထပ္ေနရာရရွိဖုိ႔ ဆႏၵျပ

မႏၱေလး၊ေဖေဖာ္ဝါရီ ၁၆-၂၀၂၀
ရိွဳင္းေအာင္(VOM)

မႏၲေလးၿမိဳ႕ ၊ခ်မ္းေအးသာဇံၿမိဳ႕နယ္အတြင္းမွာ မီးေလာင္သြားတဲ့ မဂၤလာေစ်းေျမေနရာကုိ ေစ်းအသစ္အျမန္ျပန္လည္တည္ေဆာက္ေရးနဲ႔ ေျမညီထပ္ေနရာကုိရရိွဖုိ႔အတြက္ ဒီကေန႔မနက္ပိုင္းက မဂၤလာေစ်း(ယာယီ)ေစ်းသူေစ်းသားေတြက ယာယီေစ်းကေန မဂၤလာေစ်းေဟာင္းေျမေနရာအထိ လူအင္းအား ၂၀၀ ေက်ာ္ေလာက္နဲ႔ လမ္းေလွ်ာက္ဆႏၵျပခဲ့ၾကပါတယ္။

အဲ့ဒီမဂၤလာေစ်းဟာ ၂၀၁၆ ခုုႏွစ္၊မတ္လ၂၆ ရက္က မီးေလာင္သြားခဲ့တာျဖစ္ၿပီး မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ အစုိးရအဖြဲ႕ဝင္ေတြက ၂၀၁၆ခုနွစ္ ေမလပိုင္းက ၿမိဳ႕ေတာ္ခန္းမမွာ လူထုေတြ႕ဆုံပြဲ က်င္းပျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီေတြ႕ဆံုပြဲမွာ ေစ်းႀကီးကုိအသစ္ျပန္လည္တည္ေဆာက္တာ ဒါမွမဟုတ္ အႀကီးစားျပဳျပင္မႈေတြ ျပဳလုပ္ၿပီး ေစ်းသူေစ်းသားေတြကုိလဲ မူလေနရာအတုိင္း ျပန္လည္ေပးအပ္မယ္လုိ႔ ကတိေပးခဲ့တာျဖစ္တဲ့အတြက္ အစုိးရအေနနဲ႔ ေပးထားတဲ့ကတိကဝတ္လြဲေခ်ာ္ေနတာေၾကာင့္ ဆႏၵျပရတာျဖစ္တယ္လုိ႔ ဆႏၵျပအဖြဲ႕က ဦးကုိကုိေအာင္က ေျပာခဲ့ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #မဂၤလာေစ်း #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW