ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ

ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ

ကလေး ဖေဖော်ဝါရီ ၁၆-၂၀၂၀
ငြိမ်းသူမင်း(VOM)

ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးက ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ လာရောက်ဆေးကုသမှု ခံယူနေရသူ ပျမ်းမျှ အနေနဲ့ နှစ်ရက်ကို တစ်ဦးနှုန်း ရှိတယ်လို့သိရပါတယ်။

ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကြီး က မြို့နယ်ဆရာဝန် ဒေါက်တာ စိုးသက်ဝင်း က ပြောပြတာကတော့
“ဆေးရုံပေါ်မှာ ခုလတ်တလောကတော့ လေးဦး ရှိပါတယ်။ ဒီလူတွေကတော့ ခု တစ်ရက် နှစ်ရက်ကမှ ရောက်လာတဲ့ လူနာတွေပါ။ ရာသီ အကူးအပြောင်းမှာ ကလေးတွေ ဖျားကြတယ်။ ဖျားပြီးတဲ့ အခါကျရင် ဝမ်းပျက်ဝမ်းလျော ဖြစ်လာတဲ့ သဘောရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အစုလိုက် အပြုံလိုက် တစ်နေရာတည်းမှာ ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ရိုးရိုးဝမ်းပျက် ဝမ်းလျော ဖြစ်နေတာကို မိဘတွေက စိုးရိမ်လို့ ဆေးရုံလာတက်ကြတာ။ စိုးရိမ်ရလို့ တက်တဲ့ဟာတော့ မဟုတ်ဘူး” လို့ဆိုပါတယ်။

ပလက်ဝမြို့ဟာ တပ်မတော် နဲ့ အေအေ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အခြားမြို့များနဲ့ ဆက်သွယ် သွားလာဖို့ ရေလမ်းရော ကုန်းလမ်းပါ ပြတ်တောက်နေတဲ့ အပြင် အင်တာနက်လိုင်းပါ ဖြတ်တောက်ခံထားရပါတယ်။

တခြားမြို့တွေ နဲ့ ဆက်သွယ် သွားလာဖို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပေမယ့် ဝမ်းပျက်ဝမ်းလျော ရောဂါတွေကို ကုသဖို့ ဆေးရုံမှာ ဆေးဝါးအလုံအလောက် ရှိနေတယ်လို့ ဒေါက်တာစိုးသက်ဝင်းက ဆိုပါတယ်။

ဒါတွေ အပြင် ဒီရောဂါနဲ့ ဆေးရုံလာတက်တဲ့ အရပ်ဒေသမှာလဲ ဒီလိုရောဂါ ဖြစ်ပွားတဲ့ သူ ရှိသေးလားဆိုပြီး အခြေခံကျန်းမာရေး ဝန်ထမ်းတွေက ကွင်းဆင်း စစ်ဆေးတာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေလည်း ဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေ အရတော့ ၂၀၁၈ ခုနှစ် အတွင်း ချင်းပြည်နယ် အတွင်း ၅ နှစ်အောက် ကလေးငယ် သေဆုံးမှု ဦးရေ ၆၀၀ ကျော်ထဲမှာ ပလက်ဝမြို့က အများဆုံး
ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ #ဝမ်းပျက်ဝမ်းလျှော

Zawgyi

ပလက္၀ျမိဳ႕နယ္မွာ ၀မ္းပ်က္၀မ္းေလ်ာေရာဂါစျဖစ္ေန

ကေလး ေဖေဖာ္၀ါရီ ၁၆-၂၀၂၀
ျငိမ္းသူမင္း(VOM)

ခ်င္းျပည္နယ္ ေတာင္ပုိင္း အစြန္ဆုံးက ပလက္၀ျမိဳ႕ ျပည္သူ႕ေဆးရုံမွာ ၀မ္းပ်က္၀မ္းေလ်ာေရာဂါနဲ႕ လာေရာက္ေဆးကုသမႈ ခံယူေနရသူ ပ်မ္းမွွ် အေနနဲ႕ ႏွစ္ရက္ကုိ တစ္ဦးႏႈန္း ရွိတယ္လို႕သိရပါတယ္။

ပလက္၀ျမိဳ႕နယ္ ျပည္သူ႕ေဆးရုံၾကီး က ျမိဳ႕နယ္ဆရာ၀န္ ေဒါက္တာ စုိးသက္၀င္း က ေျပာျပတာကေတာ့
“ေဆးရုံေပၚမွာ ခုလတ္တေလာကေတာ့ ေလးဦး ရွိပါတယ္။ ဒီလူေတြကေတာ့ ခု တစ္ရက္ ႏွစ္ရက္ကမွ ေရာက္လာတဲ့ လူနာေတြပါ။ ရာသီ အကူးအေျပာင္းမွာ ကေလးေတြ ဖ်ားၾကတယ္။ ဖ်ားျပီးတဲ့ အခါက်ရင္ ၀မ္းပ်က္၀မ္းေလ်ာ ျဖစ္လာတဲ့ သေဘာရွိတယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္နဲ႕ အစုလုိက္ အျပဳံလုိက္ တစ္ေနရာတည္းမွာ ျဖစ္ေနတာမ်ဳိးေတာ့ မဟုတ္ဘူး။ ရုိးရုိး၀မ္းပ်က္ ၀မ္းေလ်ာ ျဖစ္ေနတာကုိ မိဘေတြက စုိးရိမ္လို႕ ေဆးရုံလာတက္ၾကတာ။ စုိးရိမ္ရလို႕ တက္တဲ့ဟာေတာ့ မဟုတ္ဘူး” လိုု႕ဆိုုပါတယ္။

ပလက္ဝျမိဳ႕ဟာ တပ္မေတာ္ နဲ႕ ေအေအ လက္နက္ကုိင္အဖဲြ႕ေတြၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတာေၾကာင့္ အျခားျမိဳ႕မ်ားနဲ႕ ဆက္သြယ္ သြားလာဖုိ႕ ေရလမ္းေရာ ကုန္းလမ္းပါ ျပတ္ေတာက္ေနတဲ့ အျပင္ အင္တာနက္လုိင္းပါ ျဖတ္ေတာက္ခံထားရပါတယ္။

တျခားျမိဳ႕ေတြ နဲ႕ ဆက္သြယ္ သြားလာဖုိ႕ လမ္းပန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ေနေပမယ့္ ၀မ္းပ်က္၀မ္းေလ်ာ ေရာဂါေတြကုိ ကုသဖုိ႕ ေဆးရုံမွာ ေဆး၀ါးအလုံအေလာက္ ရွိေနတယ္လို႕ ေဒါက္တာစိုုးသက္ဝင္းက ဆုိပါတယ္။

ဒါေတြ အျပင္ ဒီေရာဂါနဲ႕ ေဆးရုံလာတက္တဲ့ အရပ္ေဒသမွာလဲ ဒီလုိေရာဂါ ျဖစ္ပြားတဲ့ သူ ရွိေသးလားဆုိျပီး အေျခခံက်န္းမာေရး ၀န္ထမ္းေတြက ကြင္းဆင္း စစ္ေဆးတာ လုိအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးတာေတြလည္း ေဆာင္ရြက္
ေနတယ္လို႕ လည္းေျပာပါတယ္။

ခ်င္းျပည္နယ္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းေတြ အရေတာ့ ၂၀၁၈ ခုႏွစ္ အတြင္း ခ်င္းျပည္နယ္ အတြင္း ၅ ႏွစ္ေအာက္ ကေလးငယ္ ေသဆုံးမႈ ဦးေရ ၆၀၀ ေက်ာ္ထဲမွာ ပလက္၀ျမိဳ႕က အမ်ားဆုံး
ျဖစ္တယ္လုိ႕ သိရပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ #ဝမ္းပ်က္ဝမ္းေလွ်ာ

Related posts

Leave a Comment

VOM News

FREE
VIEW