စစ်ကိုင်းတိုင်း ပုံတောင်ခြေရင်းက ကျေးရွာတွေမှာ ကျောင်းဆရာ‌တွေ မလုံလောက်လို့ ကလေးများပညာသင်ကြားရာအခက်ခဲဖြစ်

စစ်ကိုင်းတိုင်း ပုံတောင်ခြေရင်းက ကျေးရွာတွေမှာ ကျောင်းဆရာ‌တွေ မလုံလောက်လို့ ကလေးများပညာသင်ကြားရာအခက်ခဲဖြစ်

မုံရွာ-ဖေဖေါ်ဝါရီ-၁၆-၂၀၂၀
ရန်နိုင်စိုး(VOM)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပုံတောင်ခြေမှာရှိတဲ့ ခေါင်ပါးလှတဲ့ ကျေးရွာတွေမှာ ဆရာ၊ ဆရာမတွေ လုံလောက်မှုမရှိတာကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် အခက်ခဲတွေ ဖြစ်ပေါ်နေပါတယ်။

အ‌ဲ့ဒီလို သင်ကြားရေးပိုင်းမှာ တာဝန်ကျ ဆရာ၊ဆရာမမလုံလောက်တာတွေကြောင့် ရွာအတွင်းက ၁၀ တန်းအောင်ပြီးသား ကျောင်းသားလူငယ်တချို့ကို အကူညီတောင်းပြီး သင်ကြားနေရတယ်လို့ မယင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောပါတယ်။

” ကျနော်တို့မယင်းကျေးရွာ အလယ်တန်းကျောင်းခွဲမှာဆိုရင် ကျောင်းသားဦးရေစုစုပေါင်း ၃၄၇ ယောက်ရှိတယ် ၊ KG တန်းမှာဆို ရင် ကျောင်းသားပေါင်း ၂၃၀ မှာ သင်ကြားတဲ့ ဆရာ ၂ ယောက်ပဲရှိတယ် ၊ စဉ်းစားကြည့်။ အရင် ‌တာဝန်ကျ ကျောင်းဆရာ ၆ ယောက်က ပြောင်းသွားတယ်။ ဒါပေမယ့် ပြောင်းသာ‌သွားတာ အဲ့ဆရာတွေနေရာကို သက်ဆိုင်ရာ ပညာရေးက အစားထိုးမပေးဘူး။ အခုက ဝန်နဲ့အား အဆမတန် ကွာခြားနေတယ်။အဲ့တော့ ၁၀ အောင်ပြီးသားသူ လူငယ်တချို့ကို အကူညီတောင်းပြီး သင်နေရတယ်။ ဒါကလဲ သူတို့ တက္ကသိုလ်တက်ချိန်ဆို ဒုက္ခရောက်ပြ‌ီ။ ဒီကြားထဲမှာ လမ်းပန်းဆက်သွယ်ရေးက ဆိုးဝါးတော့ ကလေးတွေ ပညာသင်ကြားရတာလဲ ဒုက္ခရောက်ကြရတယ် ” လို့ ပြောပါတယ်။

မယင်းကျေးရွာနဲ့ တအုပ်စုထဲရှိတဲ့ ခင်သာကျေးရွာ မှုလတန်းကျောင်းမှာလဲ သင်ကြားရေးဆရာတွေမလုံလောက်တဲ့ အပြင် ကလေးငယ်တွေဟာ ရေစီးသန်လှတဲ့ ယမားချောင်းကို ဖြတ်သန်းပြီး ကျောင်းတက်ရတဲ့အတွက် ပညာရေးမှာ အခက်ခဲဖြစ်ရတယ်လို့ သိရပါတယ်။

” ကျနော်တို့ရွာဆို ပိုဆိုးတယ်။ ကျနော်တို့ရွာရဲ့ ဟိုဘက်ဆို ဘာရွာမှ မရှိတော့ဘူး။ တောအုပ်ကြီးပဲ ရှိတယ်။ သင်ကြားရေးပိုင်းမှာ ဆရာတွေက ဘာမှ လုံလောက်မှုမရှိဘူး။ ကျောင်းသားဦးရေက များပြီး ဆရာဦးရေက ၅ ယောက်လောက်ရှိတာ။ ဒီထက်ဆိုးတာက ယမားချောင်းရေကျလာပြီးဆို တဖက်ကမ်းကနေ ကူးမလာကြဖို့ ကလေးတွေကို အောင်ပြောရတယ်။ နီးစပ်ရာအိမ် အိပ်ပေါ့ ။ ကျောင်းသွားချိန် ချောင်းရေကျရင် ကလေးတွေကို ကျောင်းမထည့်ရဲဘူး ။ ရေစီးထဲ မြောရင် ကျနော်တို့ မိဘတွေက ရင်ကျိုးမှာ။ ဒါ့ကြောင့် ဒီယမားချောင်းကို တံတား‌လေးလုပ်‌‌ပေးဖို့အစိုးရကို တင်ပြချင်တာ ” လို့ ခင်သာကျေးရွာ ရပ်မိရပ်ဖ ကိုဝင်းကျော်က ပြောပါတယ်။

အဲ့ဒီ ကျေးရွာတွေက စာသင်ကျောင်းတွေမှာ သင်ကြားရေးပိုင်း တာဝန်ကျ ဆရာ၊ဆရာမ မလုံလောက်တာအပြင် ကလေးငယ်တွေပညာရေးအတွက် အခက်ခဲဖြစ်ပေါ်စေတာက လမ်းပန်းဆက်သွယ်ရေးလဲ ပါဝင်နေပါတယ်။

ဒေသခံတွေကတော့ ပညာရေး၊ ကျန်းမာရေးအတွက် ပုလဲမြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ၁၀ မိုင်လမ်းကို ပြန်လည်ပြုပြင်ပေးဖို့ လမ်းတလျှောက်မှာရှိတဲ့ ရွာစဉ်လိုက် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအစိုးရထံ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

#voicofmyanmar #VOM #ယမားချောင်း #ပုံတောင်ခြေရင်း #ကျောင်းဆရာမလုံလောက်

 

စစ္ကိုင္းတိုင္း ပုံေတာင္ေျခရင္းက ေက်း႐ြာေတြမွာ ေက်ာင္းဆရာ‌ေတြ မလုံေလာက္လို႔ ကေလးမ်ားပညာသင္ၾကားရာအခက္ခဲျဖစ္

မံုရြာ-ေဖေဖၚဝါရီ-၁၆-၂၀၂၀
ရန္နိုင္စိုး(VOM)

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္အတြင္း ပုံေတာင္ေျခမွာရွိတဲ့ ေခါင္ပါးလွတဲ့ ေက်း႐ြာေတြမွာ ဆရာ၊ ဆရာမေတြ လုံေလာက္မႈမရွိတာေၾကာင့္ ကေလးငယ္ေတြ ပညာသင္ၾကားေရးအတြက္ အခက္ခဲေတြ ျဖစ္ေပၚေနပါတယ္။

အ‌ဲ့ဒီလို သင္ၾကားေရးပိုင္းမွာ တာဝန္က် ဆရာ၊ဆရာမမလုံေလာက္တာေတြေၾကာင့္ ႐ြာအတြင္းက ၁၀ တန္းေအာင္ၿပီးသား ေက်ာင္းသားလူငယ္တခ်ိဳ႕ကို အကူညီေတာင္းၿပီး သင္ၾကားေနရတယ္လို႔ မယင္းအုပ္စု ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈးက ေျပာပါတယ္။

” က်ေနာ္တို႔မယင္းေက်း႐ြာ အလယ္တန္းေက်ာင္းခြဲမွာဆိုရင္ ေက်ာင္းသားဦးေရစုစုေပါင္း ၃၄၇ ေယာက္ရွိတယ္ ၊ KG တန္းမွာဆို ရင္ ေက်ာင္းသားေပါင္း ၂၃၀ မွာ သင္ၾကားတဲ့ ဆရာ ၂ ေယာက္ပဲရွိတယ္ ၊ စဥ္းစားၾကည့္။ အရင္ ‌တာဝန္က် ေက်ာင္းဆရာ ၆ ေယာက္က ေျပာင္းသြားတယ္။ ဒါေပမယ့္ ေျပာင္းသာ‌သြားတာ အဲ့ဆရာေတြေနရာကို သက္ဆိုင္ရာ ပညာေရးက အစားထိုးမေပးဘူး။ အခုက ဝန္နဲ႔အား အဆမတန္ ကြာျခားေနတယ္။အဲ့ေတာ့ ၁၀ ေအာင္ၿပီးသားသူ လူငယ္တခ်ိဳ႕ကို အကူညီေတာင္းၿပီး သင္ေနရတယ္။ ဒါကလဲ သူတို႔ တကၠသိုလ္တက္ခ်ိန္ဆို ဒုကၡေရာက္ျပ‌ီ။ ဒီၾကားထဲမွာ လမ္းပန္းဆက္သြယ္ေရးက ဆိုးဝါးေတာ့ ကေလးေတြ ပညာသင္ၾကားရတာလဲ ဒုကၡေရာက္ၾကရတယ္ ” လို႔ ေျပာပါတယ္။

မယင္းေက်း႐ြာနဲ႔ တအုပ္စုထဲရွိတဲ့ ခင္သာေက်း႐ြာ မႈလတန္းေက်ာင္းမွာလဲ သင္ၾကားေရးဆရာေတြမလုံေလာက္တဲ့ အျပင္ ကေလးငယ္ေတြဟာ ေရစီးသန္လွတဲ့ ယမားေခ်ာင္းကို ျဖတ္သန္းၿပီး ေက်ာင္းတက္ရတဲ့အတြက္ ပညာေရးမွာ အခက္ခဲျဖစ္ရတယ္လို႔ သိရပါတယ္။

” က်ေနာ္တို႔႐ြာဆို ပိုဆိုးတယ္။ က်ေနာ္တို႔႐ြာရဲ႕ ဟိုဘက္ဆို ဘာ႐ြာမွ မရွိေတာ့ဘူး။ ေတာအုပ္ႀကီးပဲ ရွိတယ္။ သင္ၾကားေရးပိုင္းမွာ ဆရာေတြက ဘာမွ လုံေလာက္မႈမရွိဘူး။ ေက်ာင္းသားဦးေရက မ်ားၿပီး ဆရာဦးေရက ၅ ေယာက္ေလာက္ရွိတာ။ ဒီထက္ဆိုးတာက ယမားေခ်ာင္းေရက်လာၿပီးဆို တဖက္ကမ္းကေန ကူးမလာၾကဖို႔ ကေလးေတြကို ေအာင္ေျပာရတယ္။ နီးစပ္ရာအိမ္ အိပ္ေပါ့ ။ ေက်ာင္းသြားခ်ိန္ ေခ်ာင္းေရက်ရင္ ကေလးေတြကို ေက်ာင္းမထည့္ရဲဘူး ။ ေရစီးထဲ ေျမာရင္ က်ေနာ္တို႔ မိဘေတြက ရင္က်ိဳးမွာ။ ဒါ့ေၾကာင့္ ဒီယမားေခ်ာင္းကို တံတား‌ေလးလုပ္‌‌ေပးဖို႔အစိုးရကို တင္ျပခ်င္တာ ” လို႔ ခင္သာေက်း႐ြာ ရပ္မိရပ္ဖ ကိုဝင္းေက်ာ္က ေျပာပါတယ္။

အဲ့ဒီ ေက်း႐ြာေတြက စာသင္ေက်ာင္းေတြမွာ သင္ၾကားေရးပိုင္း တာဝန္က် ဆရာ၊ဆရာမ မလံုေလာက္တာအျပင္ ကေလးငယ္ေတြပညာေရးအတြက္ အခက္ခဲျဖစ္ေပၚေစတာက လမ္းပန္းဆက္သြယ္ေရးလဲ ပါဝင္ေနပါတယ္။

ေဒသခံေတြကေတာ့ ပညာေရး၊ က်န္းမာေရးအတြက္ ပုလဲၿမိဳ႕နယ္နဲ႔ ဆက္သြယ္ထားတဲ့ ၁၀ မိုင္လမ္းကို ျပန္လည္ျပဳျပင္ေပးဖို႔ လမ္းတေလွ်ာက္မွာရွိတဲ့ ႐ြာစဥ္လိုက္ လက္မွတ္ေရးထိုးၿပီး ျပည္ေထာင္စုအစိုးရထံ ေတာင္းဆိုသြားမယ္လို႔ သိရပါတယ္။

#voicofmyanmar #VOM #ယမားေခ်ာင္း #ပုံေတာင္ေျခရင္း #ေက်ာင္းဆရာမလံုေလာက္

Related posts

Leave a Comment

VOM News

FREE
VIEW