ကုန်းဘောင်ခေတ်က ရှေးဟောင်း အိမ်ကြီးအကြောင်း

မုံရွှာ ဒီဇင်ဘာ ၁၈-၂၀၁၈

စောပြည့်ချမ်းသာ (VOM)

စစ်ကိုင်းတိုင်း မုံရွှာမြို့ လယ်ဇင်စံပြကျေးရွာမှာရှိတဲ့ ကုန်းဘောင်ခေတ်က  ရှေးဟောင်းအိမ်ကြီး အကြောင်းကို Voice Of Myanmar သတင်းဌာနကသွားရောက်မေးမြန်းခဲ့ပါတယ်။

အဲဒီ ရှေးဟောင်းအိမ်ကြီးဟာ ကုန်းဘောင်ခေတ်က လယ်ဇင်းနယ်ပိုင် သူကြီးဦးရာဗိုလ်၊ ဒေါ်မေရှန်တို့ရဲ့ နေအိမ်ဖြစ်ပြီး ခေတ်အဆက်ဆက် ဆွေးမျိုးတော်စပ်သူတွေက ထိန်းသိမ်းစောင့်ရှောက်လာတာ ယနေ့ထိတိုင်ပါပဲ။

ရှေးဟောင်းအိမ်ကြီးမှာ ရှိတဲ့  ရှေးဟောင်းလက်ရာတွေနဲ့အတူ အလှဓါတ်ပုံရိုက်ကူးကြပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်လာကြတဲ့အတွက် ခုနောက်ပိုင်းမှာလူသိများပြားလာပြီး ပြည်တွင်း ခရီးသွားတွေသာမက ပြည်ပခရီးသွားတွေကပါ လာရောက့်လေ့လာ မှတ်တမ်းတင်ဓါတ်ပုံတွေ ရိုက်ကူးလျက်ရှိပါတယ်။

#voiceofmyanmar#မုံရွာ# ကုန်းဘောင်ခေတ်ကရှေးဟောင်းအိမ်ကြီးအကြောင်း#

Related posts

✕
VOM News

FREE
VIEW