မောင်တောမှာ မရမာကြီးနှစ်ယောက်ကို ဘင်္ဂါလီတွေ ဓါးနဲ့ခုတ်လို့ တယောက်ဒဏ်ရာပြင်းထန်

မောင်တော၊ ဒီဇင်ဘာ ၁၈-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ ကြိမ်ချောင်းကျေးရွာက ငါးဖမ်းသမား မရမာကြီးအမျိုးသားနှစ်ယောက်ဟာ  အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ တိုက်ခိုက်မှုခံလိုက်ရပြီး တစ်ယောက်ကတော့  ဦးခေါင်းမှာ ဒါဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်ခံရသူ မရမာကြီးလူမျိုးနှစ်ဦးတို့ဟာ ကြိမ်ချောင်းကျေးရွာက စောထွန်းဦးဆိုသူနဲ့ မောင်သာလှဆိုသူ တွေဖြစ်ကြပြီး ညအချိန် ချောင်းအတွင်းငါးရှာနေစဉ် အကြမ်းဖက် ဘင်္ဂါလီ ၆ ဦးပါတဲ့ လှေနှစ်စီးရောက်ရှိလာခဲ့ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြတဲ့အခါမှာ ထွက်ပြေးတဲ့အတွက် ဝိုင်းဝန်းရိုက်ပုတ်ခဲ့ကြတာဖြစ်ပါတယ်။ “မရာမာကြီးတွေအသတ်ခံရတယ်ဆိုတာဟုတ်ပါတယ်။ မနေ့ညကဖြစ်တာပါ။ ကျွန်တော်တို့ ရွာသားနှစ်ယောက်က ညနေပိုင်းမှာ စားငါးသွားရှာတာပြန်မရောက်လို့ ကျွန်တော်အပါအဝင် ရွာသား ၁၅ ယောက်လောက် လိုက်ရှာနေတုန်း ရေတွင်းပြင်ကမ်းမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ တစ်ယောက်ကတော့ ဒါဏ်ရာပြင်းထန်တယ်။ တစ်ယောက်တော့လွတ်သွားတယ်။ကျွန်တော်တို့ ရွာကိုယူလာပြီးတော့ ဆေးဝါးကုသပေးပြီးသူတို့ရွာကိုပို့ဆောင်ပေးခဲ့ပါတယ်။”လို့ အထက်ပြူးမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ည…

Read More

နည်းပြမော်ရင်ဟိုကို မန်ချက်စတာယူနိုက်တက်အသင်း ထုတ်ပယ်

မန်ချက်စတာ၊ ဒီဇင်ဘာ ၁၈-၂၀၁၈ ရန်နိုင်ထွန်း (VOM) မန်ချက်စတက်တာ ယူနိုက်တက် ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ အသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မန်ယူအသင်းဟာ  ၂၈ နှစ်တာကာလအတွင်းအဆိုးရွားဆုံးရာသီအဖြစ် ယခုနှစ်တွင် ရလဒ်များ ဆိုးရွားနေကာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လီဗာပူးအသင်းကို သုံးဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြမော်ရင်ဟိုအတွက် မန်ယူအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အချိန်ပြည့်တာဝန်ထမ်းဆောင်မယ့် နည်းပြတစ်ဦးကို စိတ်ကြိုက်မခန့်အပ်မီ လက်ရှိရာသီကုန်အထိ ယာယီနည်းပြတစ်ဦးကို ခန့်အပ်သွားမှာဖြစ်တယ်လို့ မန်ယူအသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်လိုက်ခြင်း ဒါမှမဟုတ်  နှုတ်ထွက်သွားတာလားဆိုတာကို အသင်းရဲ့ ထုတ်ပြန်ချက်မှာ တိတိကျကျဖော်ပြထားတာမရှိပေမယ့် မော်ရင်ဟိုဟာ အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲကစားပြီးချိန်မှာ ရမှတ်၂၆ မှတ်သာရရှိခဲ့ပြီး…

Read More

တောင်ကိုရီးယားလူ့အခွင့်အရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ ဂွမ်ဂျူ ဆုကို ပြန်သိမ်း

ဆိုးလ်၊ ဒီဇင်ဘာ ၁၈-၂၀၁၈ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ May 18 Memorial Foundation ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ ဂွမ်ဂျူ လူ့အခွင့်အရေးဆုကို ရုပ်သိမ်းလိုက်တယ်လို့ ဒီဇင်ဘာ-၁၈ မှာ အဆိုပါအဖွဲ့က ကြောညာလိုက်ပါတယ်။ အဆိုပါဆုကိုတော့ စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်မှာ May 18 Memorial Foundation ကနေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ အတွက်ပေးအပ်ထားတဲ့ အဆိုပါဆုရဲ့ ရပ်တည်ချက်နဲ့ ဘင်္ဂါလီတွေအပေါ် ကိုင်တွယ်မှုများတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျစ်လျူရှုမှုများက ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အတွက် ဆုရုပ်သိမ်းခြင်းဖြစ်တယ်လို့ May 18 Memorial Foundation ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျင်တေး ကပြောပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းကို ၁၀၉၈၀ ခုနှစ်မှာ တောင်ကိုရီးယာ အာဏာရှင် ဂွမ်ဂျူမြို့က…

Read More

ပုဒ်မ ၁၅(စ) ကို ကန့်ကွက်ကြောင်း ဒုတိယအကြိမ် စတစ်ကာကန်ပိန်း ပြုလုပ်

မန္တလေး၊ ဒီဇင်ဘာ ၁၈-၂၀၁၈ လင်းလင်း(VOM) မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေကြမ်းပါ တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလျှက်ရှိတဲ့ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူရဲ့ အရည်အချင်းသတ်မှတ်ချက် ဖြစ်တဲ့ ပုဒ်မ(၁၅) ပုဒ်မခွဲ(စ) ကို ကန့်ကွက်တဲ့ စတစ်ကာကမ်ပိန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့က မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်မှာ ဒုတိယ အကြိမ်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပုဒ်မကို မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေမှာ ထည့်သွင်းပြဌာန်း ဖို့ ဒီဇင်ဘာလ ၆ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်တဲ့အခါ  ထည့်သွင်းပြဌာန်းဖို့ အနိုင်ရရှိခဲ့တဲ့ အတွက် အမှန်တကယ် တိုင်းရင်းဆေးတက္ကသိုလ် တက်ရောက်သင်ယူ ကုသနေသူတွေနှင့် ဆေးကုသမှု ခံယူရမယ့် ပြည်သူလူထု ထိခိုက်နိုင်တာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ စတစ်ကာကမ်ပိန်းနှင့်အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းဆေး ပညာရှင်တွေက ပြောပါတယ်။ “တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ်ရ တိုင်းရင်းဆေးလောကသားတွေကိုလည်း ထိခိုက်နစ်နာနိုင်တယ်၊ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အလွန်အန္တရာယ်ကြီးတဲ့ ပြဿနာတွေ ကြုံလာနိုင်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို…

Read More

ယူကရိန်းနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ကရိုင်းမီးယားဒေသသို့ ရုရှားတိုက်လေယာဉ်တွေစေလွှတ်

မော်စကို၊ ဒီဇင်ဘာ ၁၈-၂၀၁၈ မျိုးဆက် (VOM) ယူကရိန်းနိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ ဆိုးရွားနေချိန် ကရိုင်းမီးယားကျွန်းဆွယ်မှာ ဖြန့်ကြက်ချထားဖို့အတွက် တိုက်လေယာဉ် ၁၀ စင်းကျော်ကို ဒီဇင်ဘာ ၁၇ ရက်မှာ ရုရှားလေတပ်က စေလွှတ်လိုက်တယ်လို့ ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှားက ယူကရိန်းဆီကနေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်သို့ ဆူခို ဆူး-၂၇ နဲ့ ဆူး-၃၀ ဂျက်တိုက်လေယာဉ်တွေကို ဖြန့်ကြက်ချထားလိုက်တာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာ ယူကရိန်းနိုင်ငံက တုံ့ပြန်မှုတစ်စုံတစ်ရာလုပ်ဖို့စီစဉ်နေတယ်လို့လည်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂီလဗ်ရောဗ်က ပြောပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်မှာ ဖြန့်ကြက်ချထားဖို့အတွက် ဒီတိုက်လေယာဉ်တွေကို ဘဲလ်ဘက်ခ်ေ လတပ်အခြေစိုက်စခန်းမှာ အမြဲတမ်းထားရှိသွားမှာဖြစ်တယ်လို့  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အေဇောဗ်ပင်လယ်အတွင်းမှာ ရုရှားရေတပ်က ယူကရိန်းစစ်သင်္ဘောသုံးစင်းကို ပစ်ခတ်ပြီး သင်္ဘောတွေနဲ့ အမှုထမ်း ၂၄ ဦးကိုဖမ်းဆီးလိုက်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။ ရုရှားနိုင်ငံကတော့…

Read More

လုံခြုံရေးအရစိုးရိမ်နေရတဲ့အတွက် တစ်ဘက်နိုင်ငံကဘင်္ဂါလီတွေ ပြန်မလာတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အသံအမတ်ပြော

စစ်တွေ၊ ဒီဇင်ဘာ ၁၈-၂၀၁၈ ခိုင်လင်းစံ (VOM) မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E.Mr Manjurul Karim Khan Chowdhuryအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံရေးကောင်စစ်ဝန်နဲ့ စီးပွားရေးကောင်စစ်ဝန်တို့အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ အဲဒီအဖွဲ့ဟာ စစ်တွေမြို့မှာရှိတဲ့ အထင်ကရဘုန်းတော်ကြီးတွေနဲ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးမှုမှာ နှစ်နိုင်ငံနယ်စပ်ကိစ္စတွေဖြစ်တဲ့ တစ်ဖက်နိုင်ငံကိုရောက်ရှိနေတဲ့ ဘင်္ဂါလီတွေပြန်လည်ပို့ဆောင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ “ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ဆောင်ရွက်ခဲ့ပါတယ်၊ ဒါ့ပေမယ့် သူတို့က ပြန်လာချင်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ပြန်လာလို့ရှိရင် ဘယ်နေရာမှာနေရမယ်ဆိုတာကို သူတို့ဟာသူတို့မသိ ရကြဘူး၊ ယုံကြည်မှုတွေလည်းမရှိဘူး၊ နောက်ပြီးတော့ လုံခြုံရေးစိုးရိမ်နေရတဲ့အတွက် မလာကြတာဖြစ်ပါတယ် ”လို့ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E.Mr Manjurul Karim Khan Chowdhury က မီဒီယာတွေကို…

Read More

ကမ္ဘာကြီးကို ဗိုလ်ကျစိုးမိုးဖို့ မကြိုးစားဘူးလို့ တရုတ်သမ္မတရှီကျင်းပင်ဆို

ပေကျင်း၊ ဒီဇင်ဘာ ၁၈-၂၀၁၈ မျိုးဆက် (VOM) တရုတ်နိုင်ငံဟာ အခြားနိုင်ငံတွေကို အသုံးချပြီး တိုးတက်အောင်လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ဒီဇင်ဘာ-၈ ရက်က တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေး နှစ် ၄၀ ပြည့်အထိမ်းအမှတ် မိန့်ခွန်းတစ်ရပ်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံကိုမဆို ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုတော့ ၀င်ရောက်ပြောဆိုတာပြုမှာမဟုတ်ဘူးလို့ ၎င်းက ပြောပါတယ်။ ကွယ်လွန်သွားတဲ့ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့် မူဝါဒကို တရုတ်နိုင်ငံမှာ ကျင့်သုံးခဲ့တာ ဆယ်စုနှစ် လေးစုတိုင်ခဲ့ပြီး ရလဒ်အနေနဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာပါတယ်။ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေပေမယ့် ကမ္ဘာကြီးကို ဗိုလ်ကျစိုးမိုးရေး လုပ်ဆောင်မှမဟုတ်ဘဲ လူသားတွေအတွက် အနာဂါတ်ကိုမျှဝေခံစားရန် လုပ်ဆောင်နေတယ်လို့သမ္မတ ရှီကျင်းပင်က အလေးပေးပြောဆိုပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ နိုင်ငံရေးအမြင်သဘောထားကွဲလွဲမှုတွေကို ဆက်လက်နှိပ်ကွပ်နေတာတွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ တင်းမာမှုတွေမှာ ပြင်းထန်တဲ့သဘောထားရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေထွက်ပေါ်နေခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့…

Read More

ဘင်္ဂလားဒေရှ်ကို ထွက်ပြေးသွားသူတွေ ပြန်လက်ခံဖို့ အာဆီယံကူညီမယ်

နေပြည်တော် ဒီဇင်ဘာ ၁၈- ၂၀၁၈ မြတ်မင်းခန့် (VOM) ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံနိုင်ရေး  လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ အာဆီယံအဖွဲ့ကြီးက ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး သက်သေအဖြစ်နဲ့ ကမ္ဘာကိုသိအောင် ဆောင်ရွက်သွားဖို့လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ #voiceofmyanmar #ဒေါက်တာဝင်းမြတ်အေး #ဘင်္ဂလားဒေရှ်

Read More

ကုန်းဘောင်ခေတ်က ရှေးဟောင်း အိမ်ကြီးအကြောင်း

မုံရွှာ ဒီဇင်ဘာ ၁၈-၂၀၁၈ စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းတိုင်း မုံရွှာမြို့ လယ်ဇင်စံပြကျေးရွာမှာရှိတဲ့ ကုန်းဘောင်ခေတ်က  ရှေးဟောင်းအိမ်ကြီး အကြောင်းကို Voice Of Myanmar သတင်းဌာနကသွားရောက်မေးမြန်းခဲ့ပါတယ်။ အဲဒီ ရှေးဟောင်းအိမ်ကြီးဟာ ကုန်းဘောင်ခေတ်က လယ်ဇင်းနယ်ပိုင် သူကြီးဦးရာဗိုလ်၊ ဒေါ်မေရှန်တို့ရဲ့ နေအိမ်ဖြစ်ပြီး ခေတ်အဆက်ဆက် ဆွေးမျိုးတော်စပ်သူတွေက ထိန်းသိမ်းစောင့်ရှောက်လာတာ ယနေ့ထိတိုင်ပါပဲ။ ရှေးဟောင်းအိမ်ကြီးမှာ ရှိတဲ့  ရှေးဟောင်းလက်ရာတွေနဲ့အတူ အလှဓါတ်ပုံရိုက်ကူးကြပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်လာကြတဲ့အတွက် ခုနောက်ပိုင်းမှာလူသိများပြားလာပြီး ပြည်တွင်း ခရီးသွားတွေသာမက ပြည်ပခရီးသွားတွေကပါ လာရောက့်လေ့လာ မှတ်တမ်းတင်ဓါတ်ပုံတွေ ရိုက်ကူးလျက်ရှိပါတယ်။ #voiceofmyanmar#မုံရွာ# ကုန်းဘောင်ခေတ်ကရှေးဟောင်းအိမ်ကြီးအကြောင်း#

Read More
VOM News

FREE
VIEW