နည်းပြမော်ရင်ဟိုကို မန်ချက်စတာယူနိုက်တက်အသင်း ထုတ်ပယ်

မန်ချက်စတာ၊ ဒီဇင်ဘာ ၁၈-၂၀၁၈

ရန်နိုင်ထွန်း (VOM)

မန်ချက်စတက်တာ ယူနိုက်တက် ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ အသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မန်ယူအသင်းဟာ  ၂၈ နှစ်တာကာလအတွင်းအဆိုးရွားဆုံးရာသီအဖြစ် ယခုနှစ်တွင် ရလဒ်များ ဆိုးရွားနေကာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လီဗာပူးအသင်းကို သုံးဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြမော်ရင်ဟိုအတွက် မန်ယူအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

အချိန်ပြည့်တာဝန်ထမ်းဆောင်မယ့် နည်းပြတစ်ဦးကို စိတ်ကြိုက်မခန့်အပ်မီ လက်ရှိရာသီကုန်အထိ ယာယီနည်းပြတစ်ဦးကို ခန့်အပ်သွားမှာဖြစ်တယ်လို့ မန်ယူအသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နည်းပြမော်ရင်ဟိုကို ထုတ်ပယ်လိုက်ခြင်း ဒါမှမဟုတ်  နှုတ်ထွက်သွားတာလားဆိုတာကို အသင်းရဲ့ ထုတ်ပြန်ချက်မှာ တိတိကျကျဖော်ပြထားတာမရှိပေမယ့် မော်ရင်ဟိုဟာ အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲကစားပြီးချိန်မှာ ရမှတ်၂၆ မှတ်သာရရှိခဲ့ပြီး အဆင့်ခြောက်နေရာမှာသာ ရပ်တည်နေကာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ရမှတ် ၁၉ မှတ်အထိ ကွာဟနေပါတယ်။

#voiceofmyanmar# နည်းပြမော်ရင်ဟို#မန်ချက်စတာယူနိုက်တက်အသင်းထုတ်ပယ်#

Ref : CNA

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW