တောင်ကိုရီးယားလူ့အခွင့်အရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ ဂွမ်ဂျူ ဆုကို ပြန်သိမ်း

ဆိုးလ်၊ ဒီဇင်ဘာ ၁၈-၂၀၁၈

မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ May 18 Memorial Foundation ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ ဂွမ်ဂျူ လူ့အခွင့်အရေးဆုကို ရုပ်သိမ်းလိုက်တယ်လို့ ဒီဇင်ဘာ-၁၈ မှာ အဆိုပါအဖွဲ့က ကြောညာလိုက်ပါတယ်။

အဆိုပါဆုကိုတော့ စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်မှာ May 18 Memorial Foundation ကနေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ အတွက်ပေးအပ်ထားတဲ့ အဆိုပါဆုရဲ့ ရပ်တည်ချက်နဲ့ ဘင်္ဂါလီတွေအပေါ် ကိုင်တွယ်မှုများတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျစ်လျူရှုမှုများက ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အတွက် ဆုရုပ်သိမ်းခြင်းဖြစ်တယ်လို့ May 18 Memorial Foundation ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျင်တေး ကပြောပါတယ်။

အဆိုပါ ဖောင်ဒေးရှင်းကို ၁၀၉၈၀ ခုနှစ်မှာ တောင်ကိုရီးယာ အာဏာရှင် ဂွမ်ဂျူမြို့က လူတွေကဒီမိုကရေစီအရေး တောင်းဆိုခဲ့ကြပြီး စစ်တပ်က ဖြိုခွင်းခဲ့တာကြောင်း လူရာပေါင်းများစွာ သေဆုံးခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ May 18 Memorial Foundation ဆိုပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့သည့်လကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပေးအပ်ထားသည့် အမြင့်ဆုံး လူ့အခွင့်အရေးဆုတစ်ဆုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အင်န်အယ်လ်ဒီပါတီဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံဖြစ်လာခဲ့နောက် ဘင်္ဂါလီတွေအပေါ် ကိုင်တွယ်မှုတွေနဲ့ ပတ်သက်ပြီး လျစ်လျူရှုထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။

#voiceofmyanmar#ဒေါ်အောင်ဆန်းစုကြည်#ပေးအပ်ထားတဲ့ ဂွမ်ဂျူဆုတောင်ပြန်သိမ်း

Ref : CNA

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW