ယူကရိန်းနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ကရိုင်းမီးယားဒေသသို့ ရုရှားတိုက်လေယာဉ်တွေစေလွှတ်

မော်စကို၊ ဒီဇင်ဘာ ၁၈-၂၀၁၈

မျိုးဆက် (VOM)

ယူကရိန်းနိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ ဆိုးရွားနေချိန် ကရိုင်းမီးယားကျွန်းဆွယ်မှာ ဖြန့်ကြက်ချထားဖို့အတွက် တိုက်လေယာဉ် ၁၀ စင်းကျော်ကို ဒီဇင်ဘာ ၁၇ ရက်မှာ ရုရှားလေတပ်က စေလွှတ်လိုက်တယ်လို့ ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်က ရုရှားက ယူကရိန်းဆီကနေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်သို့ ဆူခို ဆူး-၂၇ နဲ့ ဆူး-၃၀ ဂျက်တိုက်လေယာဉ်တွေကို ဖြန့်ကြက်ချထားလိုက်တာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာ ယူကရိန်းနိုင်ငံက တုံ့ပြန်မှုတစ်စုံတစ်ရာလုပ်ဖို့စီစဉ်နေတယ်လို့လည်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂီလဗ်ရောဗ်က ပြောပါတယ်။

ကရိုင်းမီးယားကျွန်းဆွယ်မှာ ဖြန့်ကြက်ချထားဖို့အတွက် ဒီတိုက်လေယာဉ်တွေကို ဘဲလ်ဘက်ခ်ေ လတပ်အခြေစိုက်စခန်းမှာ အမြဲတမ်းထားရှိသွားမှာဖြစ်တယ်လို့  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အေဇောဗ်ပင်လယ်အတွင်းမှာ ရုရှားရေတပ်က ယူကရိန်းစစ်သင်္ဘောသုံးစင်းကို ပစ်ခတ်ပြီး သင်္ဘောတွေနဲ့ အမှုထမ်း ၂၄ ဦးကိုဖမ်းဆီးလိုက်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

ရုရှားနိုင်ငံကတော့ ယူကရိန်းစစ်သင်္ဘောတွေဟာ ရုရှားရေပိုင်နက်အတွင်းမှာ ရေနံတင်သင်္ဘောတစ်စင်းနဲ့အတူ အေဇောဗ်ပင်လယ်ကို မ၀င်ရောက်နိုင်ပိတ်ဆို့ထားတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

#voiceofmyanmar#ယူကရိန်း#တင်းမာမှုတွေမြင့်တက်နေချိန်ကရိုင်းမီးယားဒေသသို့ ရုရှားတိုက်လေယာဉ်တွေစေလွှတ်#

Ref: UPI

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW