ကမ္ဘာကြီးကို ဗိုလ်ကျစိုးမိုးဖို့ မကြိုးစားဘူးလို့ တရုတ်သမ္မတရှီကျင်းပင်ဆို

ပေကျင်း၊ ဒီဇင်ဘာ ၁၈-၂၀၁၈

မျိုးဆက် (VOM)

တရုတ်နိုင်ငံဟာ အခြားနိုင်ငံတွေကို အသုံးချပြီး တိုးတက်အောင်လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ဒီဇင်ဘာ-၈ ရက်က တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေး နှစ် ၄၀ ပြည့်အထိမ်းအမှတ် မိန့်ခွန်းတစ်ရပ်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် ဘယ်နိုင်ငံကိုမဆို ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုတော့ ၀င်ရောက်ပြောဆိုတာပြုမှာမဟုတ်ဘူးလို့ ၎င်းက ပြောပါတယ်။ ကွယ်လွန်သွားတဲ့ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့် မူဝါဒကို တရုတ်နိုင်ငံမှာ ကျင့်သုံးခဲ့တာ ဆယ်စုနှစ် လေးစုတိုင်ခဲ့ပြီး ရလဒ်အနေနဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာပါတယ်။

တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေပေမယ့် ကမ္ဘာကြီးကို ဗိုလ်ကျစိုးမိုးရေး လုပ်ဆောင်မှမဟုတ်ဘဲ လူသားတွေအတွက် အနာဂါတ်ကိုမျှဝေခံစားရန် လုပ်ဆောင်နေတယ်လို့သမ္မတ ရှီကျင်းပင်က အလေးပေးပြောဆိုပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံမှာ နိုင်ငံရေးအမြင်သဘောထားကွဲလွဲမှုတွေကို ဆက်လက်နှိပ်ကွပ်နေတာတွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ တင်းမာမှုတွေမှာ ပြင်းထန်တဲ့သဘောထားရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေထွက်ပေါ်နေခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ဆယ်စုနှစ်များစွာဖြတ်သန်းခဲ့ပြီး တိုးတက်ဖြစ်ထွန်းမှုတွေကို သမ္မတရှီကျင်းပင်က မိန့်ခွန်းရှည်လျားစွာ ပြောကြားခဲ့ပြီး  တရုတ်နိုင်ငံကို ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ လို့ ဘယ်သူကမှ အမိန့်ပေးစေခိုင်းလို့်မရဘူးလို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar#ပေကျင်း#ကမ္ဘာကြီးကိုဗိုလ်ကျစိုးမိုးဖို့မကြိုးစားဘူးလို့တရုတ်သမ္မတရှီကျင်းပင်ဆို#

Ref : BBC

Photo : Reuter

Related posts

✕
VOM News

FREE
VIEW