မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ ပေ့ခ်ျ၊ ဂရု နဲ့ အကောင့်တုတွေကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား
ကယ်လီဖိုးနီးယား ၊ ဒီဇင်ဘာ-၁၉-၂၀၁၈
မျိုးဆက် (VOM)
မြန်မာနိုင်ငံ စစ်ဘက်နဲ့ဆက်နွယ်နေပြီး သတင်းအချက်အလက်အမှားတွေကို ဖြန့်ချီနေတဲ့ ရာနဲ့ချီတဲ့ ပေ့ခ်ျ၊ ဂရု နဲ့ အကောင့်တုတွေကို ရှာဖွေဖော်ထုတ်ပြီးနောက် ဖယ်ရှားလိုက်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံအတွင်းက ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်တာတွေတဲ့ဖြစ်စဉ်တွေမှာ အမုန်းစကားဖြန့်ဝေတာ တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အကောင့်အပါအ၀င် အမုန်းစကားဖြန့်ချီတဲ့အကောင့်တွေကို လွန်ခဲ့တဲ့ သြဂုတ်လကလည်း ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခဲ့ပါတယ်။
ယခုတစ်ကြိမ်မှာတော့ အကောင့်၊ ပေ့ခ်ျအတူတွေနဲ့ သတင်းမှားတွေဖြန့်ချီ မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ၄၂၅ ခုနဲ့ အကောင့် ၁၃၅ ခုကို ဖယ်ရှားလိုက်တယ်လို့ ဒီဇင်ဘာ ၁၉ ရက်မှာ ဖေ့စ်ဘွတ်ခ်က ကြေညာပါတယ်။
ဖေ့စ်ဘွတ်ခ်က ယခုဖယ်ရှားမှုမှာ ပေ့ခ်ျနဲ့ အကောင့်တွေအပြင် ဖေ့စ်ဘွတ်ခ်ဂရု ၁၇ ခုနဲ့ ဖေ့စ်ဘွတ်ခ်က ပိုင်ဆိုင်တဲ့ အင်စတာဂရမ် လူမှုကွန်ရက်ရှိ အကောင့် ၁၅ ခုလည်းပါဝင်တယ်လို့ဆိုပါတယ်။
အဆိုပါ ပေ့ခ်ျ၊ အကောင့်နဲ့ ဂရုတွေဟာ လွတ်လပ်တဲ့ သတင်းစာမျက်နှာ၊ ဖျော်ဖြေရေး၊ အလှအပရေးရာ၊ လူမှုဘ၀ စသည်ကဲ့သို့ အသွင်ယူထားပြီး စစ်တပ်နဲ့ ဆက်နွယ်ပြီး ၀ါဒဖြန့်နေတာကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ၎င်း၏ ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ထားပါတယ်။
ဖယ်ရှားလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေမှာ ဖော်လိုဝါ ၂ ဒသမ ၅ သန်းကျော်ရှိပြီး ဂရုတွေမှာတော့ အဖွဲ့ဝင် ၆၄၀၀ ကျော်ရှိပြီး သတင်းအချက်အလက်အမှားတွေကို ဖော်ပြနေတာကြောင့် ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ဆိုပါတယ်။
Ref : Reuter / The Straits Times Photo : Reuter
#voiceofmyanmar #facebookအကောင့်တု #စစ်တပ်နဲ့ဆက်နွယ်ပြီးသတင်းအချက်လက်အမှားဖြန့်တဲ့အကောင့်တွေဖယ်