“မြန်မာပြည်ကိုပြန်ပို့ဖို့ ဒုက္ခသည်စာရင်း ၂၂၀၀၀ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့ထား”

နေပြည်တော် ဒီဇင်ဘာ ၁၉-၂၀၁၈ မြတ်မင်းခန့် (VOM) ဒုက္ခသည်တွေ ပြန်ပို့ပေးနိုင်ဖို့အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်က အမည်စာရင်း၂သောင်းကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြန်မာနိုင်ငံဘက်ကိုပေးပို့ထားတယ်လို့ သိရပါတယ်။ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “အခုဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့လာတဲ့လူစာရင်း၂သောင်းကျော်ရှိပါတယ် အဲ့ဒါတွေကိုပြန်လည်လက်ခံဖို့စီစစ်နေပါတယ် စီစစ်ပီးတော့မှ ဒီနိုင်ငံမှနေခဲ့တဲ့သူတွေမှန်ကန်တယ်လို့တွေ့ရှိရင် နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဒီလူတွေကိုတော့လက်ခံနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပေးပို့သွားမှာဖြစ်တယ်”လို့ပြောပါတယ်။ ခုတကြိမ်အမည်စာရင်ပေးပို့တာဟာဒုတိယအကြိမ်ပေးပို့တာဖြစ်ပြီး ပထမအကြိမ်မှာတော့အမည်စာရင်း ၅ထောင် ကျော်ပေးပို့ခဲ့တာပါ။ အဲ့ဒီအမည်စာရင်းတွေကိုတော့မြန်မာအစိုးရဘက်က စိစစ်ြပီးသွားပြီဖြစ်ပြီး ပြန်လည်လက်ခံ နိုင်မယ့် လူစာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုပေးပို့ထားတယ်လို့သိရပါတယ်။ မြန်မာအစိုးရအနေနဲ့ဒုက္ခသည်များပြန်လည်လက်ခံဖို့အတွင်အဆင့်ဖြစ်နေပြီ ဖြစ်ပြီး ဒုက္ခသည်လက်ခံရေးလုပ်ငန်း စဉ်များဆောင်ရွက်ရာမှာလည်း UNHCR, UNDP စတဲ့အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။   ၂၀၁၇ခုနှစ် သြဂုတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ဘင်္ဂါလီလူမျိုးတွေဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတာပါ။ ဒါကြောင့်ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက်နှစ်နိုင်ငံသ ဘာတူညီချက်တွေကိုလက်မှတ်ရေးထိုးထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့်လုပ်ငန်းစဉ် မစတင်သေးနိုင် တာလည်းဖြစ်ပါတယ်။ #voiceofmyanmar #ဘင်္ဂလားဒေရှ် #ဒုက္ခသည်ပြန်ပို့ရေး

Read More

မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ ပေ့ခ်ျ၊ ဂရု နဲ့ အကောင့်တုတွေကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား ကယ်လီဖိုးနီးယား ၊ ဒီဇင်ဘာ-၁၉-၂၀၁၈ မျိုးဆက် (VOM)   မြန်မာနိုင်ငံ စစ်ဘက်နဲ့ဆက်နွယ်နေပြီး သတင်းအချက်အလက်အမှားတွေကို ဖြန့်ချီနေတဲ့ ရာနဲ့ချီတဲ့ ပေ့ခ်ျ၊ ဂရု နဲ့ အကောင့်တုတွေကို ရှာဖွေဖော်ထုတ်ပြီးနောက် ဖယ်ရှားလိုက်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံအတွင်းက ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်တာတွေတဲ့ဖြစ်စဉ်တွေမှာ အမုန်းစကားဖြန့်ဝေတာ တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အကောင့်အပါအ၀င် အမုန်းစကားဖြန့်ချီတဲ့အကောင့်တွေကို လွန်ခဲ့တဲ့ သြဂုတ်လကလည်း ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခဲ့ပါတယ်။ ယခုတစ်ကြိမ်မှာတော့ အကောင့်၊ ပေ့ခ်ျအတူတွေနဲ့ သတင်းမှားတွေဖြန့်ချီ မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ၄၂၅ ခုနဲ့ အကောင့် ၁၃၅ ခုကို ဖယ်ရှားလိုက်တယ်လို့ ဒီဇင်ဘာ ၁၉ ရက်မှာ ဖေ့စ်ဘွတ်ခ်က ကြေညာပါတယ်။ ဖေ့စ်ဘွတ်ခ်က…

Read More

၂၀၁၈ ခုနှစ်အတွင်း သတင်းသမား ၅၃ ဦး အသတ်ခံရ

နယူးယောက်၊ ဒီဇင်ဘာ ၁၉-၂၀၁၈ မျိုးဆက် (VOM) ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၅၃ ဦးအသတ်ခံခဲ့ရပြီး သုံးနှစ်အတွင်း အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီက ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သတင်းသမား ၅၀ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၄၇ ဦးနဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်အထိ သတင်းသမား ၅၃ ဦးအထိ သတ်ဖြတ်ခံပြီး ဒီနှစ်မှာ အရေအတွက်ပိုမိုများပြား လာတာဖြစ်ပါတယ်။ ဒီလိုသေဆုံးမှုတွေမှာ ပုံစံသုံးမျိုးရှိပြီး သတင်းသမားတွေအပေါ် လက်တုံ့ပြန်သတ်ဖြတ်တာကြောင့် ၃၄ ဦး၊ စစ်ပွဲများဖြစ်ပွားရာဒေသတွေမှာ သတင်းယူရင်း ၁၁ ဦးနဲ့ အကြမ်းဖက်ဆန္ဒပြခြင်းကဲ့သို့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ သတင်းယူရင်း ရှစ်ဦး သေဆုံးခဲ့တယ်လို့…

Read More

ပန်ဆောင်မြို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်များကို မူလဈေးနှုန်းထက် ၆ဆ ပိုပေးဝယ်ယူနေရ

ပန်ဆောင် ဒီဇင်ဘာ ၁၉-၂၀၁၈ မိုင်ချယ်ရီ(VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခြားဒေသကနေ ကုန်စည်များကို ၀ယ်ယူသုံးစွဲတဲ့အခါမှာ မူလကုန်စည်ဈေးနှုန်းထက် တန်ဆာခ ၆ ဆ ပိုပေးပြီး ၀ယ်ယူနေရတယ်လို့ နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ပြောပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့အကြား ကားလမ်းကို မြေသားလမ်းကနေ  ကျောက်ချောလမ်းအဖြစ် တိုးမြင့် လမ်းခင်းပေးဖို့အတွက် မေးခွန်းမေးမြန်းချိန်မှာ နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့ကြား ကားလမ်းဟာ မိုးတွင်းကာလမှာ ဆိုင်ကယ် နဲ့ တစ်နေကုန် ခက်ခက်ခဲခဲ သွားလာနေရပြီး ဒီလို သွားလာရေးခက်ခဲတာက ကုန်ဈေးနှုန်းမြင့်မားမှု၊ ဆန် နဲ့ အခြားစားသုံးကုန် သယ်ယူဖို့ အခက်အခ၊ဲ စက်သုံးဆီနဲ့ တည်ဆောက်ရေးပစ္စည်းတွေ သယ်ယူဖို့ အခက်အခဲ အမျိုးမျိုးကြုံတွေ့နေရတာ နဲ့…

Read More

ဘူးသီးတောင်မြို့နယ်ကို စစ်ဘေးရှောင် ၁၂၀ ရောက်ရှိ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၉-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးခိုလှုံဖို့ စစ်ဘေးရှောင် ၁၂၀ ခန့်တို့ ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် မိကျောင်းခုတ်ကျေးရွာနဲ့ အဝ ကျေးရွာတွေက ခမီ တိုင်းရင်းသားတွေ ဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မိမိကျေးရွာတွေမှာ မနေရဲကြဘဲ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ “ပုဏ္ဏားကျွန်းမြို့နယ် မိကျောင်းခုတ်နဲ့ အဝ ကျေးရွာတွေက ခမီ တိုင်းရင်းသားတွေဖြစ်ပါတယ်၊ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရွာမှာမနေရဲဘဲ ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြတာပါ။၊ အခုစိုင်းဒင်ချောင်းအတွင်းက ဈေးရွာမှာ ယာယီနေထိုင်နေကြပါတယ် ”လို့ ဘူးသီးတောင်မြို့ခံ  ဦးမောင်ဝင်းက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဟာ အခုလအတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး တောင်ပေါ်နေတိုင်းရင်းသားများ အများအပြားရှိနေတဲ့အတွက် အဲဒီဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။ “ကျေးရွာနှစ်ရွာက အိမ်ထောင်စုပေါင်း ၃၀ ကျော်ပါပါတယ်၊ အဲဒီမှာ လူဦးရေက…

Read More
VOM News

FREE
VIEW