“မြန်မာပြည်ကိုပြန်ပို့ဖို့ ဒုက္ခသည်စာရင်း ၂၂၀၀၀ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့ထား”

နေပြည်တော် ဒီဇင်ဘာ ၁၉-၂၀၁၈

မြတ်မင်းခန့် (VOM)

ဒုက္ခသည်တွေ ပြန်ပို့ပေးနိုင်ဖို့အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်က အမည်စာရင်း၂သောင်းကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြန်မာနိုင်ငံဘက်ကိုပေးပို့ထားတယ်လို့ သိရပါတယ်။

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက

“အခုဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့လာတဲ့လူစာရင်း၂သောင်းကျော်ရှိပါတယ် အဲ့ဒါတွေကိုပြန်လည်လက်ခံဖို့စီစစ်နေပါတယ် စီစစ်ပီးတော့မှ ဒီနိုင်ငံမှနေခဲ့တဲ့သူတွေမှန်ကန်တယ်လို့တွေ့ရှိရင် နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဒီလူတွေကိုတော့လက်ခံနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပေးပို့သွားမှာဖြစ်တယ်”လို့ပြောပါတယ်။

ခုတကြိမ်အမည်စာရင်ပေးပို့တာဟာဒုတိယအကြိမ်ပေးပို့တာဖြစ်ပြီး ပထမအကြိမ်မှာတော့အမည်စာရင်း ၅ထောင် ကျော်ပေးပို့ခဲ့တာပါ။ အဲ့ဒီအမည်စာရင်းတွေကိုတော့မြန်မာအစိုးရဘက်က စိစစ်ြပီးသွားပြီဖြစ်ပြီး ပြန်လည်လက်ခံ နိုင်မယ့် လူစာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုပေးပို့ထားတယ်လို့သိရပါတယ်။

မြန်မာအစိုးရအနေနဲ့ဒုက္ခသည်များပြန်လည်လက်ခံဖို့အတွင်အဆင့်ဖြစ်နေပြီ ဖြစ်ပြီး ဒုက္ခသည်လက်ခံရေးလုပ်ငန်း စဉ်များဆောင်ရွက်ရာမှာလည်း UNHCR, UNDP စတဲ့အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

၂၀၁၇ခုနှစ် သြဂုတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ဘင်္ဂါလီလူမျိုးတွေဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတာပါ။ ဒါကြောင့်ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက်နှစ်နိုင်ငံသ ဘာတူညီချက်တွေကိုလက်မှတ်ရေးထိုးထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့်လုပ်ငန်းစဉ် မစတင်သေးနိုင် တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #ဘင်္ဂလားဒေရှ် #ဒုက္ခသည်ပြန်ပို့ရေး

Related posts

Leave a Comment

VOM News

FREE
VIEW