ရာသီကုန်အထိ ရှုံးပွဲမရှိစံချိန်ကို ထိန်းဖို့ မျှော်လင့်ထားတဲ့ လီဗာပူးအသင်း

လန်ဒန်၊ ဒီဇင်ဘာ ၂၁-၂၀၁၈

ရန်နိုင်ထွန်း (VOM)

ပရီးမီးယားလဂ်အမှတ်ပေးဇယားမှာ လက်ရှိဦးဆောင်နေတဲ့ လီဗာပူးအသင်းကတော့ ရာသီကုန်အထိ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းသွားဖို့ မျှော်လင့်ထားတယ်လို့ ၀ါရင့်နောက်ခံလူ ဒီဂျန်လိုဗရန်က ဖွင့်ဟပြောဆိုပါတယ်။

မန်စီးတီးအသင်းကို ချယ်ဆီးအသင်းက အနိုင်ရလိုက်ပြီးနောက် မန်စီးတီးအသင်းထက် တစ်မှတ်အသာနဲ့ လီဗာပူးအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲကစားပြီးချိန်မှာ ၁၄ ပွဲအနိုင် သရေသုံးပွဲနဲ့ ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ၂၀၀၄ ခုနှစ်မှာ လုပ်ပြခဲ့တဲ့ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားရခဲ့သလိုမျိုး လီဗာပူးအသင်းလည်း ရာသီကုန်အထိ ရှုံးပွဲမရှိဖို့ မိမိတို့အနေနဲ့ မျှော်လင့်နိုင်တယ်လို့ လိုဗရန်က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ၁၉၉၀ ခုနှစ်မှာ အမှတ်ပေးဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ခြင်းမရှိပေမယ့် ယခုနှစ်ရာသီမှာတော့ အကောင်းဆုံးခြေစွမ်းတွေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး လွန်ခဲ့တဲ့ အပတ်ကလည်း မန်ယူအသင်းကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီိလိုရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမယ့် ဒီိလိုလုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ လီဗာပူးနောက်ခံလူ လိုဗရန်က ပြောဆိုလိုက်ပါတယ်။

#voiceofmyanmar#လီဗာပူး#ရာသီကုန်အထိရှုံးပွဲမရှိစံချိန်ကိုထိန်းဖို့မျှော်လင့်ထား#

Ref :BBC

Photo : Reuter

Related posts

✕
VOM News

FREE
VIEW