ထွေအုပ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ပြောင်းတော့မယ်

  နေပြည်တော် ဒီဇင်ဘာ ၂၁-၂၀၁၈ မြတ်မင်းခန့် (VOM) ပြည်ထဲရေးလက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အောက် ပြောင်းဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက သောကြာနေတိုင်းကျင်းပတဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောလိုက်ပါတယ်။ မြတ်မင်းခန့် သတင်းပေးပို့ထားတာပါ။ #voiceofmyanmar #အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန#ဦးဇော်ဌေး

Read More

ပင်လယ်ပြင်အတွင်း ငါးတွေကိုဓါတုဆေးဝါးနဲ့ မိုင်းတွေအသုံးပြုပြီး ဖမ်းဆီးနေတာတွေရှိနေ

ဂွ၊ ဒီဇင်ဘာ ၂၁-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်း ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ ကမ်းနီးကမ်းဝေးငါးဖမ်း လှေတွေဟာ ပင်လယ်ပြင်အတွင်းက ငါးတွေကို မိုင်းခွဲဖမ်းဆီးတာတွေနဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုဖမ်းဆီးတာတွေရှိ နေပါတယ်။ အခုလိုမျိုး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ငါးတွေကို နည်းမျိုးစုံသုံးပြီး ဥပဒေမဲ့ဖမ်းဆီးနေကြတာကြောင့် ပင်လယ်ပြင်အတွင်းက သဘာဝဇီဝမျိုးစိတ်တွေဟာ ပျက်စီးဆုံးရှုံးမှုပိုမိုများပြားလာနေတယ်လို့ ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဌ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။ “ကျွန်တော်တို့ ရခိုင်ပင်လယ်ပြင်အတွင်းမှာ ငါးတွေကိုဖမ်းဆီးနေတဲ့ ငါးဖမ်းလှေတွေဟာ ဓါတုဆေးဝါးတွေကို အသုံးပြုပြီးတော့ ဖမ်းဆီးနေကြတာရှိတယ်၊ တစ်ခေါက်ကျွန်တော် သွားပြီးကမ်းခြေကိုလေ့လာမှုတွေ ပြုလုပ်တဲ့အခါမှာ ပုလင်းခွံတွေကိုတော့ရတယ်၊ ဘာလဲကြည့်တော့ အဲဒီပုလင်းတွေက Potash ပုလင်းတွေဖြစ်နေတယ်၊ ဒါတွေကို ကျေးရွာတွေမှာတောင် ခိုးပြီးရောင်းချနေတဲ့ ဈေးဆိုင်တွေရှိနေတယ်လို့ ပြောကြတယ်”လို့ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။ ဒါ့အပြင် ဒရွတ်ပိုက်တွေနဲ့ ငါးဖမ်းဆီးနေတဲ့ငါးဖမ်းလှေတွေအနေနဲ့လည်း သန္တာကျောက်တန်းတွေရှိတဲ့နေရာတွေမှာ ဝင်ရောက်ပြီး ငါးဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အတွက်…

Read More

စည်ပင်ဆောင်ရွက်ချက်တွေ မကျေနပ်လို့ မုံရွာမြို့မှာ ဒေသခံတွေ ဆန္ဒပြ

မုံရွာ၊ ဒီဇင်ဘာ ၂၁-၂၀၁၈ အောင်ကိုလတ်(VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က စည်ပင်သာယာရေးရဲ့ ဆောင်ရွက်ချက်တွေကို ကျေနပ်အားရမှု မရှိတဲ့အပြင် အဂတိလိုက်စားတာ၊ စီမံခန့်ခွဲမှု လွဲချော်နေတာတွေကို တွေ့နေရတဲ့အတွက် မုံရွာမြို့ အရပ်ဖက်အဖွဲ့အစည်းတွေ ဦးဆောင်ကာ အင်အား ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို မုံရွာမြို့ခံတွေတင်မက ကောလင်း၊ ကန့်ဘလူ၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေက ပြည်သူတွေလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။ ကောလင်းမြို့က ပြည်သူတွေကလည်း ကောလင်းမြို့ပေါ် ဗိုလ်ချုပ်ပန်းခြံမှာ မြို့ပေါ်ရပ်ကွက်က ပြည်သူတွေကိုတောင် အသိမပေးဘဲ မြို့တော်ခန်းမ ဆောက်လုပ်နေတဲ့အတွက် ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ “ကျွန်တော်တို့ကတော့ စည်ပင်နဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုလွဲနေတာတွေ တွေ့နေရတယ်၊ ဘက်ဂျက်တွေ အလေအလွင့်ဖြစ်နေတာတွေ တွေ့နေရတယ်၊ ဒါ့အပြင် တချို့ကိစ္စတွေမှာ ဘက်ဂျက်တွေ ပိုတောင်းတာတွေ တွေ့ရတယ်၊ ဘက်ဂျက်ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုမရှိဘူး၊ အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေလည်း ရှိနေတယ်၊…

Read More

ဗလတောင့်တောင့် အကြီးကြီးတွေ  မကြိုက်ဘူးဆိုတဲ့ ခင်ဝင့်ဝါ

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် သရုပ်ဆောင် ခင်ဝင့်ဝါကတော့ “လူငယ်ဆိုတော့ အချစ်ရေးက ပြောလို့တော့မရ သေး ဘူးပေါ့။ ဗလတောင့်တောင့် အဲလို အကြီးကြီးတွေ ဘယ်လိုပြောရမလဲ မကြိုက်ဘူး”လို့ဆိုပါတယ်။ ချစ်သူအပေါ် စိတ်ကူးယဉ်ပုံစံကတော့ “ညီမက ကိုယ့်သတ်မှတ်ပြီးတော့ စံထားတာတော့ မရှိပါ ဘူး၊လူတိုင်းကတော့ Perfect ဖြစ်တဲ့သူကို လိုချင်တာပေါ့လေ၊ ဘယ်အရာမှ Perfect ဖြစ်တာမှမရှိတာ၊ ပြီး ပြည့်စုံတယ်ဆိုတာ ဘယ်နေရာမှမရှိဘူးလေ၊ ဘယ်လိုပြောမလဲ ကံပေါ့၊ ညီမက ကိုရီးယားမင်းသား ပုံစံလေး တွေ ကြိုက်တယ်”လို့ဆိုပါတယ်။ 2019 ခုနှစ်မှာတော့ အနုပညာအလုပ်တွေကို ပရိသတ်လက်ခံလာအောင် အကောင်းဆုံးလုပ်ဆောင် သွားမယ် လို့လည်း သိရပါတယ်။လာမယ့်နှစ်ထဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရုံတင်ပေးဖို့ ကျန်သေး တယ်လို့လည်း သိရပါတယ်။ ၂၀၁၈ခုနှစ်ရဲ့ အနုပညာသုံးသပ်ချက်ကတော့ “ကိုယ့်အများကြီးထက်ပြီးတော့ ကြိုးစားဖို့ လိုသေးလို့ ထင်ပါ…

Read More

အမေရိကန်က ခြိမ်းခြောက်နေသရွေ့ နျူကလီးယားလက်နက် မစွန့်ဘူးလို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဒီဇင်ဘာ ၂၁-၂၀၁၈ မျိုးဆက် (VOM) မြောက်ကိုရီးယားအပေါ် နျူကလီးယားခြိမ်းခြောက်မှုတွေကို အမေရိကန်က မဖယ်ရှားသေးသ၍ နျူးကလီးယား လက်နက်တွေကို တစ်ဖက်သတ်စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၀ ရက်မှာ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ ယင်းသို့ အပြန်အလှန်ခြိမ်းခြောက်မှုတွေကို ဖယ်ရှားမှာသာ ဖြစ်ပေါ်နေတဲ့ သံသယတွေကို ဖယ်ရှားပြီး နျူစွန့်လွှတ်ရေး ဆွေးနွေးပွဲတွေရဲ့ လက်ရှိအကြပ်အတည်းများကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဇွန်လအတွင်းစင်ကာပူမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်နျူကလီးယား ကင်းမဲ့ရေး ရှေးရှုလုပ်ဆောင်ဖို့အတွက် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သဘောတူခဲ့ကြပေမယ့် ယေဘူယျဆန်တဲ့ သဘောတူညီချက်ဖြစ်ပြီး နျူကလီးယားစွန့်လွှတ်ရေး တိကျတဲ့ လုပ်ငန်းစဉ်တွေတော့ ပါဝင်ခြင်းမရှိပါဘူး။ ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းမဲ့ရေး ရည်ညွှန်းရာမှာ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံလုံးရဲ့ ဒေသတွေမှာ  နျူကလီးယားခြိမ်းခြောက်မှုအားလုံးကိုဖယ်ရှားဖို့ ဆိုလိုတာဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ နျူကလီးယားလက်နက်များအပါအ၀င် တောင်ကိုရီးယားမှာ စစ်သည်တွေကို တပ်ဖြန့်ထားတာတွေလည်း ပါဝင်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။ လက်ရှိအချိန်မှာလည်း နျူကလီးယားစွန့်လွှတ်ရေးနဲ့ပတ်သက်ပြီး…

Read More

ဘာသာပေါင်းစုံအကြီးအကဲတွေက အသစ်တည်ဆောက်နေတဲ့ သုသာန်ကို သင်္ကြန်ပြီး မှ ပြောင်းပေးရန် တောင်းဆို

စစ်ကိုင်း၊ဒီဇင်ဘာ ၂၁-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ အသစ်တည်ဆောက်နေတဲ့ အေးငြိမ်းမြေသုသာန်ကို သင်္ကြန်ပြီး မှ ပြောင်းရွှေ့ပေးရန် ဘာသာပေါင်းစုံ က တောင်းဆိုထားတယ်လို့ စစ်ကိုင်းမြို့နယ်စည်ပင်သာယာကော်မတီကနေ သိရပါတယ်။ စစ်ကိုင်းမြို့မှာလက်ရှိ အသုံးပြုနေတဲ့   မြို့မသုသာန်ကို ယခုနှစ်ကုန်တွင် ပိတ်သိမ်းပြီး  ၂၀၁၉ ဇန်နဝါရီလအတွင်းကနေစတင်ပြီး  စစ်ကိုင်းနဲ့ရွှေဘိုခရိုင်ချင်းဆက်လမ်းဘေးရှိ စာရေးရွာအနီး အသစ်ပြုလုပ်ထားတဲ့ အေးငြိမ်းမြေသုသာန် သို့ ရွှေ့ပြောင်းသွားရန် စီစဉ်ထားသော်လည်း ဘာသာပေါင်းစုံ က သင်္ကြန်ပြီး မှ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားပါတယ်။ “ မနေ့က သုဿန်အသစ်ကို  အမြန်ဆုံး ပြောင်းရွှေ့ပေးနိုင်ရေး ဘာသာပေါင်းစုံက အကြီးအကဲတွေနဲ့ တွေ့ဆုံညှိနှိုင်းတယ်၊အဲမှာ သူတို့က သင်္ကြန်းပြီးမှ အားလုံးရွှေ့ပြောင်းချင်ပါတယ်ဆိုပြီး တင်ပြလာတယ်၊သင်္ကြန်အပြီး မေလ(၁)ရက်နေ့ ကို တောင်းဆိုထားတယ်၊ အဲဒါကလည်း ဘာသာခြားတွေရဲ့ ရိုးရာခေါ်တာလား မသိဘူး၊ သူတို့ဘာသာပဲ နားလည်မှာပါ၊ တနယ်တကျေး၊နိုင်ငံခြားရပ်ခြား ရောက်နေတဲ့  ဆွေးမျိုးသားချင်းတွေက ရွှေ့ပြောင်းဖို့ အပေါ်မှာ…

Read More

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် ရာထူးမှနှုတ်ထွက်တော့မည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်သည် လာမယ့် ဖေဖော်ဝါရီလကုန်မှာ ရာထူးကနေ အနားယူတော့မှာဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က ဒီဇင်ဘာ၂၀ရက်မှာ ကြေညာလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံကနေ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ချက်တစ်ရပ်ကို ကြေညာပြီး နောက်တစ်နေ့မှာဘဲ ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ရဲ့ နှုတ်ထွက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၆၈ နှစ်အရွယ်ဗိုလ်ချုပ်ကြီးဂျင်မက်တစ်ရဲ့ နှုတ်ထွက်စာမှာတော့ သမ္မတထရန့်နဲ့ မူဝါဒရေးရာ ဆိုးဆိုးရွားရွား သဘောထားကွဲလွဲမှုတွေကို အရိပ်အမြွတ်ဖော်ပြထားပါတယ်။ ၎င်းရဲ့နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အံ့အားသင့်နေကြပါတယ်။ ဗိုလ်ချုပ်ကြီးဂျင်မက်တစ်ဟာ  မဟာမိတ်များရရှိရေး မိမိအား များစွာအကူအညီဖြစ်စေတယ်လို့ မစ္စတာထရန့်က တွစ်တာပေါ်မှာရေးသားခဲ့ပါတယ်။  မစ္စတာထရန့်ဟာ ဗိုလ်ချုပ်ကြီးဂျင်မက်တစ်ရဲ့နေရာကို  ဆက်ခံမည့်သူကို ကြေညာထားတာ မရှိသေးပေမယ့် အချိန်တိုအတွင်း အစားထိုးခန့်အပ်သွားမယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်ကြီးဂျင်မက်တစ်၏ နှုတ်ထွက်စာကို သမ္မတ ဒေါ်နယ်ထရန့်ဆီကို တိုက်ရိုက်ပေးပို့ခဲ့ပြီး  လေးစားသမှုဖြင့်…

Read More

သား က  အမေ ကို ဝါးတုတ်နဲ့ရိုက်သတ် 

မိုးညှင်း၊ ဒီဇင်ဘာ ၂၁-၂၀၁၈ နိုင်ကြီး (ကသာ) (VOM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်မှာ ဒီဇင်ဘာ (၁၉)ရက်နေ့ ညနေ(၆)နာရီ အချိန်ခန့် မှာ သား ဖြစ်သူက မိခင်ကို ဝါးတုတ်နဲ့ရိုက်နက်ခဲ့လို့ (၆၁)နှစ် အရွယ် မိခင် သေဆုံးသွားခဲ့ပါတယ်။ ဒီဇင်ဘာ(၁၉)ရက်နေ့ ညနေက အပြင်သွားပြီး အိမ်ကိုပြန်လာတဲ့ အောင်အောင်ချို (ခ) အောင်ချိုဦး က မိခင်ဖြစ်သူ နဲ့ နေအိမ်ခြံဝန်းအတွင်းမှာ စကားပြောရာကနေ ရုတ်တရက်စိတ်ဖောက်ပြန်လာပြီး ခြံဝန်းအတွင်း ထင်းပုံအနီးက ၂ ပေ ၇ လက်မအရှည် ဝါးတုတ်နဲ့  ရိုက်လိုက်တဲ့အတွက် မိခင်ဖြစ်သူဟာ ယာနားရွက်အောက်မှ ပါးစပ်ထိ အစင်းရာများ နဲ့ ညိုမဲဖူးရောင်ဒဏ်ရာ ၊ ဦးခေါင်းယာဘက်ခြမ်း ဖူးရောင်ပျော့ကြေဒဏ်ရာ ၊ ယာပါးပေါ် ပေါက်ပြဲသွေးထွက်ဒဏ်ရာ များ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ် ။…

Read More

တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်းပြီး  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် အကောင်အထည်ဖော်မယ်

မန္တလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၈ ဟိန်းကို(VOM) မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပက်သက်ပြီး တပ်မတော်က စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်နေ့အထိ ရပ်ဆိုင်းပေးမယ့်အကြောင်းကို ဒီကနေ့  နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ သတင်းမီဒီယာကောင်စီ နဲ့ တပ်မတော်တို့ တွေ့ဆုံတဲ့ပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ သတင်းမီဒီယာကောင်စီဝင် ၁၈ ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။ဒီလိုတွေ့ဆုံတာမှာ မီဒီယာကောင်စီဘက်ကတင်ပြခဲ့တာနဲ့ ပက်သက်လို့ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်း က “ တပ်မတော်ဘက်က သတင်းတွေရယူရမှာ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးရေး၊ သတင်းအချက်လက်အတွက်  တပ်မတော်အနေနဲ့ ပြောရေးဆိုခွင့်ရှိသူထားပေးဖို့၊ တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ သတင်းသမားတွေ လွတ်လပ်စွာသတင်းသွားယူဖို့ စီစဉ်ပေးရေး၊ လုံခြုံရေးဆောင်ရွက်ပေးရေး  သတင်းစာရှင်းလင်းပွဲတွေကျင်းပပေးဖို့၊တပ်မတော်နဲ့သတင်းမီဒီယာကြား အလုပ်ရုံဆွေးနွေးပွဲ မကြာခဏကျင်းပပေးရေး ၊အခက်အခဲရင်ဆိုင်နေရတဲ့ ပုဂ္ဂလိက သတင်းစာတွေရဲ့အခက်ခဲကူညီပေးဖို့ ဖမ်းဆီးထားတဲ့…

Read More

ပအိုဝ်းတိုင်းရင်းသားငါးဦးကို ပစ်သတ်ဖြတ်ခံရမှု အရေးယူပေးရေး လူနှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်

မန္တလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၈ လင်းလင်း(VOM) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နဲ့ မတ်ကျန်းပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ရှမ်း ပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူကျေးရွာက ပအိုးဝ်ရွာသားတွေကို ပြန်ပေး ဆွဲပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က ပစ်သတ်မှုကြောင့် ၅ ဦးသေဆုံးခဲ့တာ နဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ နဲ့ ရပ်ရွာတည်ငြိမ်ရေး ဆောင်ရွက်ပေးဖို့အတွက် တောင်ကြီးမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ “အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဖြစ်ခဲ့တယ်ပေါ့လေ၊အဲဒီဒေသဘက်မှာ များသောအားဖြင့် အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဒါကြောင့်မို့လို့ နောက်နောင်ကျရင်ဒီလိုကိစ္စမျိုးတွေ မဖြစ်ဖို့ ကျွန်တော်တို့ ဒီ RCSS က တာဝန်ရှိတယ်၊နောက်တစ်ခုက ကျွန်တော်တို့ ဒီဒေသမှာပေါ့လေ၊အစိုးရအနေနဲ့လည်း လုံခြုံရေးတွေ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးဖို့ ဒါတွေ ကျွန်တော်တို့ ထည့်သွင်းတောင်းဆိုထားပါတယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်တဲ့ ကိုခွန်ဇော်က ပြောပါတယ်။ မတ်ကျန်းပြည်သူ့စစ်နှင့် RCSS ပူးပေါင်းတပ်ဖွဲ့ကနေ ရွာသားတွေကိုဖမ်းဆီးပြီး…

Read More
VOM News

FREE
VIEW