အမေရိကန်က ခြိမ်းခြောက်နေသရွေ့ နျူကလီးယားလက်နက် မစွန့်ဘူးလို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဒီဇင်ဘာ ၂၁-၂၀၁၈

မျိုးဆက် (VOM)

မြောက်ကိုရီးယားအပေါ် နျူကလီးယားခြိမ်းခြောက်မှုတွေကို အမေရိကန်က မဖယ်ရှားသေးသ၍ နျူးကလီးယား လက်နက်တွေကို တစ်ဖက်သတ်စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၀ ရက်မှာ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

ယင်းသို့ အပြန်အလှန်ခြိမ်းခြောက်မှုတွေကို ဖယ်ရှားမှာသာ ဖြစ်ပေါ်နေတဲ့ သံသယတွေကို ဖယ်ရှားပြီး နျူစွန့်လွှတ်ရေး ဆွေးနွေးပွဲတွေရဲ့ လက်ရှိအကြပ်အတည်းများကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇွန်လအတွင်းစင်ကာပူမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်နျူကလီးယား ကင်းမဲ့ရေး ရှေးရှုလုပ်ဆောင်ဖို့အတွက် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သဘောတူခဲ့ကြပေမယ့် ယေဘူယျဆန်တဲ့ သဘောတူညီချက်ဖြစ်ပြီး နျူကလီးယားစွန့်လွှတ်ရေး တိကျတဲ့ လုပ်ငန်းစဉ်တွေတော့ ပါဝင်ခြင်းမရှိပါဘူး။

ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းမဲ့ရေး ရည်ညွှန်းရာမှာ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံလုံးရဲ့ ဒေသတွေမှာ  နျူကလီးယားခြိမ်းခြောက်မှုအားလုံးကိုဖယ်ရှားဖို့ ဆိုလိုတာဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ နျူကလီးယားလက်နက်များအပါအ၀င် တောင်ကိုရီးယားမှာ စစ်သည်တွေကို တပ်ဖြန့်ထားတာတွေလည်း ပါဝင်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာလည်း နျူကလီးယားစွန့်လွှတ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေပြီး မြောက်ကိုရီးယားကတော့ ၎င်းက နျူကလီးယား မစွန့်လွှတ်ခင်မှာ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ ဆန္ဒရှိနေသလို အမေရိကန်ကလည်း နျူကလီးယားအရင်စွန့်ဖို့ တောင်းဆိုထားပါတယ်။

#voiceofmyanmar#အမေရိကန်ကခြိမ်းခြောက်နေသရွေ့#နျူကလီးယားလက်နက်မစွန့်ဘူးလို့ မြောက်ကိုရီးယားသတိပေး#

Ref : Telegraph

Photo : Rodong Sinmun

Related posts

Leave a Comment

VOM News

FREE
VIEW