သား က  အမေ ကို ဝါးတုတ်နဲ့ရိုက်သတ် 

မိုးညှင်း၊ ဒီဇင်ဘာ ၂၁-၂၀၁၈

နိုင်ကြီး (ကသာ) (VOM)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်မှာ ဒီဇင်ဘာ (၁၉)ရက်နေ့ ညနေ(၆)နာရီ အချိန်ခန့် မှာ သား ဖြစ်သူက မိခင်ကို ဝါးတုတ်နဲ့ရိုက်နက်ခဲ့လို့ (၆၁)နှစ် အရွယ် မိခင် သေဆုံးသွားခဲ့ပါတယ်။

ဒီဇင်ဘာ(၁၉)ရက်နေ့ ညနေက အပြင်သွားပြီး အိမ်ကိုပြန်လာတဲ့ အောင်အောင်ချို (ခ) အောင်ချိုဦး က မိခင်ဖြစ်သူ နဲ့ နေအိမ်ခြံဝန်းအတွင်းမှာ စကားပြောရာကနေ ရုတ်တရက်စိတ်ဖောက်ပြန်လာပြီး ခြံဝန်းအတွင်း ထင်းပုံအနီးက ၂ ပေ ၇ လက်မအရှည် ဝါးတုတ်နဲ့  ရိုက်လိုက်တဲ့အတွက် မိခင်ဖြစ်သူဟာ ယာနားရွက်အောက်မှ ပါးစပ်ထိ အစင်းရာများ နဲ့ ညိုမဲဖူးရောင်ဒဏ်ရာ ၊ ဦးခေါင်းယာဘက်ခြမ်း ဖူးရောင်ပျော့ကြေဒဏ်ရာ ၊ ယာပါးပေါ် ပေါက်ပြဲသွေးထွက်ဒဏ်ရာ များ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ် ။

မိခင် ကို ဝါးတုတ်နဲ့ သေဆုံးတဲ့အထိ ရိုက်နက်သူ အောင်အောင်ချို (ခ) အောင်ချိုဦး (၃၁ – နှစ်) သိမ်အင်းရပ်ကွက် မိုးညှင်းမြို့ နေထိုင်သူ ကို မိုးညှင်းမြို့မ ရဲစခန်း က  ပ-(၂၉၄)/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂ အရ ဖမ်းဆီးအရေးယူ ထားပါတယ်။

#voiceofmyanmar#သားကအမေကိုဝါးတုတ်ဖြင့်ရိုက်သတ်#

Related posts

Leave a Comment

VOM News

FREE
VIEW