ဗလတောင့်တောင့် အကြီးကြီးတွေ  မကြိုက်ဘူးဆိုတဲ့ ခင်ဝင့်ဝါ

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈

သင်းသဒ္ဒါ(VOM)

အလှမယ် သရုပ်ဆောင် ခင်ဝင့်ဝါကတော့ “လူငယ်ဆိုတော့ အချစ်ရေးက ပြောလို့တော့မရ သေး ဘူးပေါ့။ ဗလတောင့်တောင့် အဲလို အကြီးကြီးတွေ ဘယ်လိုပြောရမလဲ မကြိုက်ဘူး”လို့ဆိုပါတယ်။

ချစ်သူအပေါ် စိတ်ကူးယဉ်ပုံစံကတော့ “ညီမက ကိုယ့်သတ်မှတ်ပြီးတော့ စံထားတာတော့ မရှိပါ ဘူး၊လူတိုင်းကတော့ Perfect ဖြစ်တဲ့သူကို လိုချင်တာပေါ့လေ၊ ဘယ်အရာမှ Perfect ဖြစ်တာမှမရှိတာ၊ ပြီး ပြည့်စုံတယ်ဆိုတာ ဘယ်နေရာမှမရှိဘူးလေ၊ ဘယ်လိုပြောမလဲ ကံပေါ့၊ ညီမက ကိုရီးယားမင်းသား ပုံစံလေး တွေ ကြိုက်တယ်”လို့ဆိုပါတယ်။

2019 ခုနှစ်မှာတော့ အနုပညာအလုပ်တွေကို ပရိသတ်လက်ခံလာအောင် အကောင်းဆုံးလုပ်ဆောင် သွားမယ် လို့လည်း သိရပါတယ်။လာမယ့်နှစ်ထဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရုံတင်ပေးဖို့ ကျန်သေး တယ်လို့လည်း သိရပါတယ်။

၂၀၁၈ခုနှစ်ရဲ့ အနုပညာသုံးသပ်ချက်ကတော့ “ကိုယ့်အများကြီးထက်ပြီးတော့ ကြိုးစားဖို့ လိုသေးလို့ ထင်ပါ တယ်၊ကံကောင်းတဲ့နှစ်လို့လည်း ပြောလို့မရပါဘူး၊ ကိုယ့်အတွက် ကံကောင်းတာတွေလည်း ရှိတယ်၊ ကံဆိုးတာတွေလည်း ရှိပါတယ် ၀မ်းနည်းတာတွေလည်း ရှိတယ်၊ တစ်နှစ်နဲ့တစ်နှစ်ကတော့ မျှမျှတတပါပဲ၊ စိတ် ကို ပင်ပန်းစေခဲ့တာတွေလည်း ကြုံရတယ်၊ သင်ခန်းစာတွေလည်း အများကြီးရပါတယ်၊ ကိုယ်ပြီးတော့ ကိုယ့်ကို ရင်ကြပ်လာစေတယ်လို့လည်း ခံစားရပါတယ်၊တစ်နှစ်ထက် တစ်နှစ်ပိုပြီးတော့ သည်းခံတတ်လာတယ်၊ ကိုယ့်ကို ဘယ်လိုပဲဝေဖန်ဝေဖန်၊ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် ဖြေရှင်းချင်ပေမယ့်လည်း မဖြေရှင်းတော့ ပဲ သည်းခံစိတ်ရှိလာတယ်”လို့ ဆိုပါတယ်။

#voiceofmyanmar#ခင်ဝင့်ဝါ#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW