လူ ၄ ဦး မီးလောင်သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တောမီးရှို့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို အမှုဖွင့်အရေးယူ

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ လူ ၄ ဦး မီးလောင်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအပါအဝင် လူ ၃ ယောက်ကို တောမီးရှို့ခဲ့မှုနဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က လဟယ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ဟာ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးဖို့ အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအပါအဝင် လူ ၃ ယောက်က တောမီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ထန်ခေါ်နောက်ကုန်း ကျေရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလန်း ၊ ဦးပါနဲ့ အရင် အုပ်ချုပ်ရေးမှုးဟောင်း ဦးခါနူးဝေကောက် ဆိုတဲ့ ၃ ယောက်ကို လူတွေရဲ့ အသက်ကို သေဆုံးနစ်နာအောင် မီးကိုပေါ့လျော့တန်စွာ အသုံးပြုတယ်ဆိုပြီး ဒုရဲအုပ် ဇော်သန်းထိုက်က တရာလိုပြုလုပ်ပြီး အမှုဖွင့် အရေးယူခဲ့တာဖြစ်တယ် “လို့ ခန္တီး ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းတစ်ယောက်က ပြောပါတယ် ။

အဲ့ဒီ အမှုကို လဟယ်မြို့မရဲစခန်း (ပ) ၂ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ /၃၀၄ – က အရ အမှုဖွင့်ထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယ်စပ်ကနေ ဆန်ဝယ်ပြီး ပြန်လာတဲ့ အသက် ၃၅ နှစ် နဲ့ အသက် ၃၀ နှစ် အမျိုးသမီး ၂ ယောက်အပါအဝင် အသက် ၁၅ နှစ် အရွယ် ကလေး ၂ ယောက်တို့ဟာ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ထန်ခေါ်နောက်ကုန်းရွာရဲ့ အနောက်ဘက် ၃ မိုင်အကွာ နေရာ အမြင့်ပေ ၃ ထောင် အကျယ် ၁၅ ဧက မီးလောင်ပြင်ထဲမှာ မီးလောင်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM # လဟယ် #တောမီးရှို့

Related posts

Leave a Comment

VOM News

FREE
VIEW