ဖားကန့်မှာ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဆက်လက်ဆန္ဒထုတ်ဖော်

ဖားကန့်​၊မတ် ၂၅ -၂၀၂၁။
နောင်ရိုး

ကချင်ပြည်နယ် ဖားကန့်မှာ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ ဆန္ဒဖော်ထုတ်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်းဟာ ကျေးရွာအုပ်စုအတွင်း လမ်းတွေပေါ်မှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

အဲ့ဒီ လှည့်လည်ဆန္ဒဖော်ထုတ်ရာမှာ “WE NEED R2P ၊WE NEED KIA” စတဲ့ ဗီနိုင်းစာရွက်တွေကိုင်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။

မနေ့ မတ် ၂၄ ရက်နေ့က ဖားကန့်မြို့၊ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် နှစ်ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က နေအိမ်တွေမှာ လာဖမ်းဆီးတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဖားကန့်မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ၄၂ ရက်ရှိပြီဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ဆယ်ဦးရှိကာ ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားတစ်ဦးကျဆုံးခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ဖားကန့် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW