ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာအပါအဝင် ၄ ဦး ဖမ်းဆီးခံရ

မတ် ၂၅-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဥဦးတင်အောင်ကျော်နဲ့ စိုင်းစည်သူ (နေအိမ်အစောင့်) တို့ မနေ့ မတ်လ ၂၄ ရက် ညပိုင်းက ဟိုပုံးမြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အယ်ဒီတာချုပ်ရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် သတင်းသမားစုစုပေါင်း (၄၈)ဦးနဲ့ သတင်းဌာနဆက်စပ်သူ (၂) ဦးရှိပြီဖြစ်ပြီး သတင်းဌာန (၅) ခုထုတ်ဝေခွင့် ပိတ်သိမ်းခံထားရကာ သတင်းဌာန(၁)ခုလည်း တရားစွဲဆိုခံထားရပါတယ်။ #VoiceOfMyanmar #VOM #ကမ္ဘောဇတိုင်းမ် #သတင်းထောက် #ဖမ်းခံရ

Read More

ကသာမြို့ မှာ လျှပ်တစ်ပြက် ဆန္ဒဖော်ထုတ်

ကသာ၊မတ်လ(၂၅)ရက် SKT အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကသာမြို့မှာ ဒီနေ့ မတ်လ(၂၅)ရက် နေ့(၁၂)နာရီ​လောက်က လျှပ်တစ်ပြက် ဆန္ဒဖော်ထုတ်တာကို ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ လျှပ်တစ်ပြက် ဆန္ဒဖော်ထုတ်တာကို ကသာမြို့မ စျေးကြီး၊ သီရိခေမာစျေးလေး စျေးအတွင်း စျေးအပြင်ဘက် တို့မှာ ကြွေးကြော်သံတွေနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီဆန္ဒဖော်ထုတ်ပွဲကို စျေးသည် စျေးဝယ်တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ကသာ #လျှပ်တပြက်ဆန္ဒပြ

Read More

သင်္ကန်းကျွန်းမှာ ကာကွယ်ရေးလူငယ်တွေကို ဝင်ရောက်ဖမ်းဆီးရာက ပစ်ခတ်မှုဖြစ်

မတ် ၂၅-၂၀၂၁ MWT ဒီနေ့ မတ် ၂၅ရက် မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘုရင့်နောင်ရပ်ကွက်မှာ ကာကွယ်ရေးလူငယ်တွေကို ဝင်ရောက်ဖမ်ဆီးရာက ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ အဲ့ဒီရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။ ဒီနေ့မနက် ၁၀:၃၀ လောက်မှာ စစ်သားနဲ့ရဲတွေအနေနဲ့ ဘုရင့်နောင်ရပ်ကွက်မှာရှိတဲ့ သောကြာပတ် ဆွမ်းလောင်းဓမ္မာရုံကိုဝင်ရောက်ရှာဖွေခဲ့ပြီး အဲဒီမှာ ဒိုင်း၊ လေးဂွ၊ ဒုတ် စတာတွေကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် defence အဖွဲ့မှာပါတဲ့သူတွေကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးခဲ့ပြီး အချို့လမ်းတွေအနေနဲ့ အဖမ်းမခံရေးတုန့်ပြန်ခဲ့တာကြောင့် ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့တာလို့သိရပါတယ်။ လက်ရှိမှာတော့ သုဝဏ္ဏ၊ ကမာကြည်လမ်းမကြီး၊ ဘုရင့်နောင်လမ်းမ၊ အောင်ဇေယျလမ်းမ၊ သံသုမာလမ်းမကြီး ဝေဘူလမ်းမှတ်တိုင်ထိပ်၊ လွတ်လပ်ရေးလမ်းမတွေအပေါ်မှာ အင်အားအများအပြားနဲ့ စစ်သားနဲ့ရဲတွေကနေရာယူထားသလိုပစ်ခတ်မှုတွေလုပ်ဆောင်နေပါတယ်။ မနက်ပိုင်းပစ်ခတ်မှုမှာ သေနတ်ဒဏ်ရာရရှိသူနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့ပြီးဖမ်းဆီးခံရသူ အယောက် ၂၀ လောက်ရှိတယ်လို့သိရပါတယ်။ ဓါတ်ပုံ – MHS #VoiceOfMyanmar #VOM #သင်္ကန်းကျွန်း #ပစ်ခတ် #ဖမ်းဆီး

Read More

ဖားကန့်မှာ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဆက်လက်ဆန္ဒထုတ်ဖော်

ဖားကန့်​၊မတ် ၂၅ -၂၀၂၁။ နောင်ရိုး ကချင်ပြည်နယ် ဖားကန့်မှာ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ ဆန္ဒဖော်ထုတ်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်ကြောင်းဟာ ကျေးရွာအုပ်စုအတွင်း လမ်းတွေပေါ်မှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ အဲ့ဒီ လှည့်လည်ဆန္ဒဖော်ထုတ်ရာမှာ “WE NEED R2P ၊WE NEED KIA” စတဲ့ ဗီနိုင်းစာရွက်တွေကိုင်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။ မနေ့ မတ် ၂၄ ရက်နေ့က ဖားကန့်မြို့၊ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် နှစ်ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က နေအိမ်တွေမှာ လာဖမ်းဆီးတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဖားကန့်မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ၄၂ ရက်ရှိပြီဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ဆယ်ဦးရှိကာ ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားတစ်ဦးကျဆုံးခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ဖားကန့် #ဆန္ဒပြ

Read More

ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေ ပစ်ခတ်ခံရလို့ လူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

မတ် ၂၅ -၂၀၂၁ Voice Of Myanmar ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီနေ့ မတ် ၂၅ရက် မနက် အစောပိုင်းက ဖမ်းဆီးခံရတဲ့ သူတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် သွားရောက်တောင်းဆိုခဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ လူ ၁ ယောက် ကျည်ဆံထိမှန်ကာ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၆ ယောက်လည်း ဆေးကုဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မိုးညှင်းမြို့ခံတွေဆီက သိရပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးညှင်းမြို့ခံ ပြည်သူတစ်ယောက်က ” ဒီမနက် (မတ် ၂၅ ) ၈ နာရီခွဲ အချိန်လောက်မှာ ၁၉ ရပ်ကွက်ထဲက ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ လူ ၁၃ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ် ၊ အဲ့ဒီထဲက အသက် ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ကို…

Read More

မော်လမြိုင်မြို့ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူ၂၀ ကျော်ရှိနေ

မတ်၂၅-၂၀၂၁ KLY(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်နေကြတဲ့ အထွေထွေသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူအနည်းငယ်သာ ရှိပေမယ့်လည်း ဖမ်းဆီးခံရသူ၂၀ ကျော်ရှိနေတယ်လို့ မြို့ခံတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ “လမုတန်းဈေးနားမှာ မျက်ရည်ယိုဗုံးတွေ အသံ‌ဗုံးတွေနဲ့စတင်ပစ်ခတ်ပြီးမကြာခင် သေနတ်တွေနဲ့ပစ်ခတ်တာပါ။ ဖမ်းဆီးခံရသူ နှစ်ဆယ်ကျော်မှာ မိန်းကလေးတွေများတယ်”လို့ မော်လမြိုင်မြို့ခံ တက်ကြွလှုပ်ရှားသူကပြောပါတယ်။ မော်လမြိုင်မြို့ခံ ကျောင်းသားကျောင်းသူတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ဒေသခံပြည်သူတွေ စုစုပေါင်းအင်အား ၁၀၀၀ နီးပါးဟာ အထွေထွေသပိတ်စစ်ကြောင်းအနေနဲ့ လမ်းလျောက်ချီတက်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တပ်နဲ့ရဲက အင်အားသုံးဖြိုခွင်းရုံမက လမုတန်းဈေးအနီးတစ်ဝိုက်ကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ နောက်ဆုံး စုံစမ်းသိရှိရတာကတော့ ကျောင်းသား ကျောင်းသူ အယောက်၂၀ ‌ခန့်ဖမ်းဆီးခံရပြီး နှစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ ဓါတ်ပုံ-မော်လမြိုင် အသံ #voiceofmyanmar #VOM #မော်လမြိုင်

Read More

မြန်မာစစ်တပ်ပိုင် MEC နဲ့ ဦးပိုင်ကုမ္ပဏီတွေကို အမေရိကန်အရေးယူပိတ်ဆို့မယ်

ဝါရှင်တန်၊ မတ် ၂၅-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် စစ်တပ်ကထိန်းချုပ်ထားတဲ့ လုပ်ငန်းစုကြီးနှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့ဖို့စီစဉ်နေတယ်လို့ ဒီကိစ္စကိုသိရှိတဲ့ အမေရိကန်အစိုးရသတင်းရင်းမြစ်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒီလိုအရေးယူရာမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ကို အမေရိကန်ဘဏ္ဍရေးဌာနက အမည်ပျက်စာရင်းသွင်းမှာဖြစ်ပြီး အဲဒီလုပ်ငန်းတွေရဲ့ အမေရိကန်မှာရှိတဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေအတွင်းမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လက်ရှိအချိန်ထိ လူပေါင်း ၂၇၅ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်ပိုင်ဆိုင်မှုတွေအပေါ် အရေးယူပိတ်ဆို့နိုင်ဖို့ ဖေဖော်ဝါရီ ၁၁ ရက်မှာအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအမိန့်အရ မြန်မာစစ်တပ်က ထုတ်ယူဖို့ကြိုးစားခဲ့တဲ့ နယူးယောက်ဗဟိုဘဏ်က ဒေါ်လာ ၁ ဘီလီယံကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့ရဲ့သားသမီးတွေအပါအ၀င် ထိပ်တန်းစစ်ဘက်အရာရှိတွေကို အမေရိကန်၊…

Read More

တောင်ကြီးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီး

မတ် ၂၅-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့တွင်း မြို့မရပ်၊ ကံသားပ်၊ ဝါးပြားလမ်းဆုံ စတဲ့နေရာတွေမှာ ဒီနေ့ မတ် ၂၅ ရက် မနက်ပိုင်းက စစ်တပ်နဲ့ရဲက ဆန္ဒပြသူတွေကို ကျည်အစစ်၊ရာဘာကျည်၊မီးခိုးဗုံး၊မျက်ရည်ယိုဗုံးတို့နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဒါ့အပြင် လမ်းပေါ်က ကားတွေ၊ ဆိုင်ကယ်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်အချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ ရိုက်နှက်ဖမ်းဆီးခံရသူတွေနဲ့ ဒါဏ်ရာရရှိသူတွေလည်း ရှိပေမယ့် လက်ရှိမှာတော့ အတည်မပြုနိုင်သေးပါဘူး။ #VoiceOfMyanmar #VOM #တောင်ကြီး

Read More

ခင်ဦးဆန္ဒပြပွဲကို စစ်တပ်ကပစ်ခတ်လို့ လူသုံးဦးကျည်ထိမှန် ဒဏ်ရာရ

မတ် ၂၅-၂၀၂၁ VOM စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဒီနေ့ မတ် ၂၅ ရက်မနက် ၁၀နာရီလောက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်လူစုခွဲလို့ လူသုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တဦးက ဗိုက်ကို ကျည်ထိမှန်လို့ စိုးရိမ်ရပြီး ကျန်နှစ်ဦးကတော့ လက်နဲ့ ခြေထောက်ကို ကျည်ထိမှန်တာလို့ သိရပါတယ်။ မနေ့ မတ် ၂၄ ရက်ညပိုင်းက ရပ်ကွက်ကင်းစောင့်သူ​ကို စစ်တပ်ကဖမ်းရာကနေစပြီး ပဋိပက္ခဖြစ်ကာ လူ၁၄ ဦးဖမ်းခံရပြီး နောက်ပိုင်းမှာတော့ ၁၄ ဦးလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့မနက် ဖြိုခွဲမှုမှာတော့ လူ ၅ ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ခင်ဦး #ဆန္ဒပြ #ဒဏ်ရာရ

Read More
VOM News

FREE
VIEW