ခင်ဦးဆန္ဒပြပွဲကို စစ်တပ်ကပစ်ခတ်လို့ လူသုံးဦးကျည်ထိမှန် ဒဏ်ရာရ

မတ် ၂၅-၂၀၂၁
VOM

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဒီနေ့ မတ် ၂၅ ရက်မနက် ၁၀နာရီလောက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်လူစုခွဲလို့ လူသုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တဦးက ဗိုက်ကို ကျည်ထိမှန်လို့ စိုးရိမ်ရပြီး ကျန်နှစ်ဦးကတော့ လက်နဲ့ ခြေထောက်ကို ကျည်ထိမှန်တာလို့ သိရပါတယ်။

မနေ့ မတ် ၂၄ ရက်ညပိုင်းက ရပ်ကွက်ကင်းစောင့်သူ​ကို စစ်တပ်ကဖမ်းရာကနေစပြီး ပဋိပက္ခဖြစ်ကာ လူ၁၄ ဦးဖမ်းခံရပြီး နောက်ပိုင်းမှာတော့ ၁၄ ဦးလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီနေ့မနက် ဖြိုခွဲမှုမှာတော့ လူ ၅ ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ခင်ဦး #ဆန္ဒပြ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW