တောင်ကြီးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီး

မတ် ၂၅-၂၀၂၁
နေနန်းနွယ် (VOM)

တောင်ကြီးမြို့တွင်း မြို့မရပ်၊ ကံသားပ်၊ ဝါးပြားလမ်းဆုံ စတဲ့နေရာတွေမှာ ဒီနေ့ မတ် ၂၅ ရက် မနက်ပိုင်းက စစ်တပ်နဲ့ရဲက ဆန္ဒပြသူတွေကို ကျည်အစစ်၊ရာဘာကျည်၊မီးခိုးဗုံး၊မျက်ရည်ယိုဗုံးတို့နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ဒါ့အပြင် လမ်းပေါ်က ကားတွေ၊ ဆိုင်ကယ်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်အချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရသူတွေနဲ့ ဒါဏ်ရာရရှိသူတွေလည်း ရှိပေမယ့် လက်ရှိမှာတော့ အတည်မပြုနိုင်သေးပါဘူး။

#VoiceOfMyanmar #VOM #တောင်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW