မြင်းခြံမှာ ဆန္ဒပြသူတွေထဲက ၂ ဦးကျဆုံး

မတ် ၂၉-၂၀၂၁
TG(VOM)

မြင်းခြံမြို့ရဲ့ ဒီနေ့မတ်လ ၂၉ ရက်နေ့ ဆန္ဒပြမှုမှာ ပြည်သူ ၂ ဦးကျဆုံးသွားပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူ ၂ ဦးအနက် တစ်ဦးကတော့ ဦးခေါင်းထိမှန်ပြီး ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“၃ နေရာလောက်ခွဲပစ်နေတာ၊ လောလောဆယ် ၂ ယောက်သေသွားပြီ။ ဒဏ်ရာရတာကတော့လက်မှန်တာ ခြေထောက်မှန်တာ ဗိုက်မှန်တာရှိတယ်။ ခုထိပစ်နေကြသေးတယ်။ အသေးစိတ်တော့မသိရသေးဘူး”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူက ပြောပြပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအပြင် ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ မြင်းခြံဆန္ဒပြမှုမှာ လူ ၅ ဦးသေဆုံးခဲ့ရပြီး မတ်လ ၂၈ ရက်နေ့မှာလည်း ဆန္ဒပြသပိတ်ဖြိုခွဲမှုမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦ ပေါင်း ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW