တောင်ငူမှာ ဆိုင်ကယ်သပိတ်လိုက်ဖမ်းတဲ့ စစ်ကား ဓါတ်တိုင်ဝင်တိုက်

မတ် ၂၉-၂၀၂၁ KLY ဒီနေ့ မတ် ၂၉ရက် ညနေ ၅ နာရီလောက်က တောင်ငူမှာ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်နဲ့ ဆန္ဒပြနေသူတွေကို လိုက်ဖမ်းတဲ့ စစ်ကားဟာ ရန်-မန်းလမ်းနဲ့ မင်းကြီးညိုလမ်းညာဘက်ခြမ်းက လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။ “ကလေးတွေ ဆိုင်ကယ်သုံးလေးစီးကို တိုယိုတာပုံ စစ်စိမ်းရောင်ကားတစ်စီးက နောက်ကဇွတ်အတင်းလိုက်မောင်းဖမ်းဖို့ကြိုးစားရာက လမ်းဘေးဓါတ်တိုင် ဝင်တိုက်မိတာ။ တပ်မတော်သားတချို့နဲ့ ရဲအချို့ ပေါက်ပြဲဒဏ်ရာနည်းနည်းရတာ မြင်ရတယ်”လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။ လိုက်လံဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေအနက် တစ်စီးဟာ လမ်းချိုးကွေ့မှာ တိမ်းမှောက်ခဲ့ပေမယ့် ဆိုင်ကယ်စီးလာတဲ့လူငယ် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲတာတွေ ရှိနေပေမယ့် တောင်ငူဒေသခံတွေဟာ ရရာနည်းနဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ

Read More

တောင်ဒဂုံမှာ စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး သုံးဦးသေပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၉-၂၀၂၁ အေးချမ်းသူ(VOM) ဒီနေ့ မတ် ၂၉ရက် နေ့လယ်ပိုင်းကစပြီး တောင်ဒဂုံမြို့နယ်မှာ စစ်တပ်က ပစ်ခတ်နေတာကြောင့် သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တောင်ဒဂုံ ၁၀၇ ရပ်ကွက် သုမင်္ဂလာလမ်းမှာ နေထိုင်တဲ့ ကိုနေလင်းစော ၃၀နှစ်၊ တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက်နေ ကိုဝေဖြိုးသူ အသက် ၂၇ နှစ်နဲ့ အမျိုးသားတဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ စစ်တပ်က အလောင်းလာလုမှာ စိုးတဲ့အတွက် ကွယ်လွန်သူတဦးဖြစ်တဲ့ ကိုနေလင်းစောကို ချက်ချင်းသင်္ဂြိုလ်လိုက်ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ချက်ချင်းပဲ သဂြိုလ်လိုက်ရတယ် နောက်မို့ဆိုစစ်တပ်က အလောင်းလာလုမှာစိုးလို့” လို့ ပြောပါတယ်။ ရပ်ကွက်နေသူတွေရဲ့ ပြောကြားချက်နဲ့ လူမှုကွန်ယက်မှာ ထွက်ပေါ်နေတဲ့ ဗီဒီယိုဖိုင်တွေအရ အဲ့ဒီ တောင်ဒဂုံဖြိုခွဲမှုအတွင်း စစ်တပ်က လက်နက်ကြီးတွေကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြိုခွဲမှုမှာ သေဆုံးသူ ၁၁ဦးထိရှိတယ်လို့…

Read More

မုံရွာမှာ မတ်၂၈က သေနတ်ထိမှန်လို့ သေဆုံးသူ ၃ ဦးရဲ့ စျာပနကို တပြိုင်တည်း သဂြိုလ်

မတ် ၊ ၂၉ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာ ရတနာပုံရပ်ကွက် သာစည်လမ်းဆုံ သာစည်စျေးအနီးမှာ မတ်၂၈ မနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ကျည်ဆံထိမှန် သေဆုံးသူတွေအနက် လူငယ် ၃ ဦးကို မတ် ၂၉ ဒီနေ့ ညနေပိုင်းအချိန်က ဆားကျင်း မြို့မသုဿန်မှာ စျာပနာ အခမ်းအနားကို ၃ ဦး တပြိုင်တည်း သဂြိုလ် ခဲ့ပါတယ်။ မနေ့က ပစ်ခတ်မှူဖြစ်စဥ်မှာ ကျဆုံးသူတွေထဲက ကိုအောင်ဆန်းဦး ၊ ကိုမင်းသူထွန်း ၊ မကိုးကိုးမေ တို့ ၃ ဦးကို မုံရွာ ဆားကျင်းသုဿန်၊သူနာပြု၊ သားဖွားသင်တန်းကျောင်းက ဒုတိယနှစ် ကျောင်းသူ မသဉ္ဇာဟိန်း ကိုယ် ကနီမြို့နယ် သုဿန် နဲ့ မတ် ၂၇ က ပစ်ခတ်မှုဖြစ်စဥ်မှာ ကျဆုံးခဲ့တဲ့ ကိုကျော်သိန်းကိုတော့…

Read More

မြင်းခြံမှာ ဆန္ဒပြသူတွေထဲက ၂ ဦးကျဆုံး

မတ် ၂၉-၂၀၂၁ TG(VOM) မြင်းခြံမြို့ရဲ့ ဒီနေ့မတ်လ ၂၉ ရက်နေ့ ဆန္ဒပြမှုမှာ ပြည်သူ ၂ ဦးကျဆုံးသွားပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူ ၂ ဦးအနက် တစ်ဦးကတော့ ဦးခေါင်းထိမှန်ပြီး ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “၃ နေရာလောက်ခွဲပစ်နေတာ၊ လောလောဆယ် ၂ ယောက်သေသွားပြီ။ ဒဏ်ရာရတာကတော့လက်မှန်တာ ခြေထောက်မှန်တာ ဗိုက်မှန်တာရှိတယ်။ ခုထိပစ်နေကြသေးတယ်။ အသေးစိတ်တော့မသိရသေးဘူး”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူက ပြောပြပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအပြင် ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ မြင်းခြံဆန္ဒပြမှုမှာ လူ ၅ ဦးသေဆုံးခဲ့ရပြီး မတ်လ ၂၈ ရက်နေ့မှာလည်း ဆန္ဒပြသပိတ်ဖြိုခွဲမှုမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦ ပေါင်း ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ #VoiceOfMyanmar #VOM #မြင်းခြံ

Read More

မတ် ၂၇ ရက်နေ့က မတ္တရာမြို့မှာ ဆန္ဒပြသူ (၆)ဦးသေဆုံးခဲ့

မတ်-၂၉-၂၀၂၁ Voice Of Myanmar မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့မှာ မတ်လ၂၇ရက်နေ့က လုံခြုံရေးရဲတပ်ဖွဲ့နဲ့စစ်တပ်က ကျည်ဆံအစစ်တွေသုံးပြီးပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် အသက် (၁၇)နှစ်အရွယ် လူငယ်တဦးအပါအဝင် လူ(၆)ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ် ။ ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲပစ်ခဲ့မှုကြောင့် မတ္တရာမြို့အမှတ်(၄)ရပ်ကွက်က အသက်(၁၇)နှစ် ကိုစိုးမြတ်မင်းဟာ ဘယ်ဘက်ရင်အုံကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ် ။ ၊ ကံဖြူကျေးရွာက ကိုမျိုးနိုင်ဝင်း(ခ) ကြက်မျိုး(၃၀)နှစ် ဟာ ညာဘက်ရင်ညွှန်ကျည်ဆံထိမှန်သေဆုံး နှင့်ကိုအောင်နိုင်စိုး (၄၀)နှစ်ဟာ မေးရိုးကိုကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ် ။ မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာက ကိုနိုင်ဇော် (၃၂)နှစ် တင်းပါးကို ကျည်ဆံထိမှန်သေဆုံးခဲ့ရသလို ၊ မတ္တရာမြို့နာ် လမိုင်းအုပ်စု ကြပ်ပြင်ရွာက ကိုသီဟဇော်(၃၁)နှစ်ဟာ လည်ပင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။ အလားတူ မတ္တရာမြို့နယ်တောင်ကန်အုပ်စု ကင်းရွာက ကိုအောင်ခိုင်(၃၈)နှစ်ဟာ ဆီးခုံကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ် ။…

Read More

မြစ်ကြီးနားမှာ သတင်းထောက် ၂ ဦး သတင်းယူနေစဉ် ဖမ်းဆီးခံရ

မတ် ၂၉-၂၀၂၁ VOM ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်မှာ ဒီနေ့ မတ် ၂၉ ရက်က ဆန္ဒဖော်ထုတ်သူတွေကို ရဲနဲ့ စစ်သားတွေက ဖြိုခွင်းရာမှာ သတင်းယူနေတဲ့ Kachinwaves သတင်းဌာနနဲ့ The 74 Media က သတင်းထောက် ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံလိုက်ရတဲ့ သတင်းထောက်တွေကတော့ Kachinwaves သတင်းဌာနက ကိုလ​ရော်နဲ့ the 74 Media က မချန်ဘူတို့ပါ။ သူတို့သတင်းယူနေတဲ့ အေးစေတီရပ်ကွက်အတွင်း ရဲကား ၊ စစ်ကားတွေ မဝင်နိုင်အောင် ပိတ်ဆို့ပြီး လူငယ်တွေ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ သတင်းထောက်တွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး Kachinwaves အယ်ဒီတာ ကိုမရန်ကို မေးကြည့်တော့ “ထွက်​ပြေးတဲ့အချိန် ဖမ်းခံရတာ ရပ်ကွက်ထဲကနေ ဆိုင်ကယ်နဲ့အထွက် လမ်းဘက်ရောက်တော့ လွတ်ပြီထင်ပြီး ရပ်လိုက်တဲ့အချိန်မှာ ရဲကားရောက်လာပြီး တစ်ခါတည်းဖမ်းသွားလိုက်တာ…

Read More

ကျည်ထိမှန်ကျဆုံးခဲ့တဲ့ ကိုဝေလင်းဦးနာရေး မိသားစုတွေ လိုက်ပို့ခွင့်မရ

မတ် ၂၉-၂၀၂၁ KA ပုသိမ်မြို့မှာ မတ်လ၂၇ရက်နေ့က ကျဆုံးခဲ့တဲ့ ကိုဝေလင်းဦး(ခ) ကိုဆိုတေးရဲ့ နာရေးကို ဒီနေ့ မတ် ၂၉ရက် နေ့လယ်က ပြုလုပ်ခဲ့ပြီး မိသားစုတွေ လိုက်ပို့ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။ “ဒီနေ့ နေ့လည်၂နာရီလောက်မှာပဲ မနောဖြူအဖွဲ့ နာကူကားနဲ့ ရုပ်အလောင်းကိုတင်ဆောင်ပေးလိုက်ရပြီး ရပ်ကွက်ထိပ်တွေမှာ စစ်တပ်နဲ့ရဲက ပိတ်ဆို့ထားတာကြောင့် ဘယ်သူမှလိုက်ပို့လို့မရဘူး” လို့ မိသားစု၀င်တစ်ဦးကပြောပါတယ်။ ဒီနေ့ မနက် ၁၁နာရီက စစ်တပ်နဲ့ရဲက ဘန့်ဘွေးကုန်း၊ ကျောက်ငူ၊ ရာမညရပ်ကွက်တွေကို ၀င်ရောက်ပစ်ခတ်မှုတွေပြုလုပ်ပြီး ရပ်ကွက်တွေအတွင်းမှာ ပိတ်ဆို့တပ်စွဲထားပါတယ်။ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ ကိုဝေလင်းဦးဟာ မတ်လ၂၇ရက်နေ့က ရာမညရပ်ကွက်တွင်းမှာ ပေါင်ကိုကျည်ထိမှန် ကျဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီနေ့က သူအပါအ၀င် နောက်ထပ်၃ဦး ပုသိမ်မြို့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ကိုဝေလင်းဦး #နာရေးအခမ်းအနား

Read More

မန္တလေးမြို့ သံဃသမဂ္ဂစစ်ကြောင်း

မတ် ၂၉ -၂၀၂၁ Photo-HLA မန္တလေးမြို့မှာ နေရာအနှံ့ တားဆီးမှုတွေရှိနေပေမယ့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကတော့ ပုံမှန်အတိုင်း ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

ထားဝယ်မြို့ ဆန္ဒပြပွဲမှာကျဆုံးခဲ့တဲ့ ကိုကျော်ဌေးရဲ့ နာရေး

မတ် ၂၉-၂၀၂၁ STY မတ် ၂၇ရက်နေ့က ထားဝယ်မြို့မှာ ကျဆုံးသွားတဲ့ ကိုကျော်ဌေး အသက်(၄၂)နှစ်ရဲ့ နာရေးကို ထားဝယ်မြို့ ဇဟာသုသာန်မှာ ဒီနေ့ မတ် ၂၉ရက် နေ့လယ် ၁နာရီမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #ကိုကျော်ဌေး #နာရေးအခမ်းအနား

Read More
VOM News

FREE
VIEW