ကျည်ထိမှန်ကျဆုံးခဲ့တဲ့ ကိုဝေလင်းဦးနာရေး မိသားစုတွေ လိုက်ပို့ခွင့်မရ

မတ် ၂၉-၂၀၂၁
KA

ပုသိမ်မြို့မှာ မတ်လ၂၇ရက်နေ့က ကျဆုံးခဲ့တဲ့ ကိုဝေလင်းဦး(ခ) ကိုဆိုတေးရဲ့ နာရေးကို ဒီနေ့ မတ် ၂၉ရက် နေ့လယ်က ပြုလုပ်ခဲ့ပြီး မိသားစုတွေ လိုက်ပို့ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

“ဒီနေ့ နေ့လည်၂နာရီလောက်မှာပဲ မနောဖြူအဖွဲ့ နာကူကားနဲ့ ရုပ်အလောင်းကိုတင်ဆောင်ပေးလိုက်ရပြီး ရပ်ကွက်ထိပ်တွေမှာ စစ်တပ်နဲ့ရဲက ပိတ်ဆို့ထားတာကြောင့် ဘယ်သူမှလိုက်ပို့လို့မရဘူး” လို့ မိသားစု၀င်တစ်ဦးကပြောပါတယ်။

ဒီနေ့ မနက် ၁၁နာရီက စစ်တပ်နဲ့ရဲက ဘန့်ဘွေးကုန်း၊ ကျောက်ငူ၊ ရာမညရပ်ကွက်တွေကို ၀င်ရောက်ပစ်ခတ်မှုတွေပြုလုပ်ပြီး ရပ်ကွက်တွေအတွင်းမှာ ပိတ်ဆို့တပ်စွဲထားပါတယ်။

အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ ကိုဝေလင်းဦးဟာ မတ်လ၂၇ရက်နေ့က ရာမညရပ်ကွက်တွင်းမှာ ပေါင်ကိုကျည်ထိမှန် ကျဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီနေ့က သူအပါအ၀င် နောက်ထပ်၃ဦး ပုသိမ်မြို့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ကိုဝေလင်းဦး #နာရေးအခမ်းအနား

Related posts

✕
VOM News

FREE
VIEW