မုံရွာမှာ မတ်၂၈က သေနတ်ထိမှန်လို့ သေဆုံးသူ ၃ ဦးရဲ့ စျာပနကို တပြိုင်တည်း သဂြိုလ်

မတ် ၊ ၂၉ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း မုံရွာ ရတနာပုံရပ်ကွက် သာစည်လမ်းဆုံ သာစည်စျေးအနီးမှာ မတ်၂၈ မနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ကျည်ဆံထိမှန် သေဆုံးသူတွေအနက် လူငယ် ၃ ဦးကို မတ် ၂၉ ဒီနေ့ ညနေပိုင်းအချိန်က ဆားကျင်း မြို့မသုဿန်မှာ စျာပနာ အခမ်းအနားကို ၃ ဦး တပြိုင်တည်း သဂြိုလ် ခဲ့ပါတယ်။

မနေ့က ပစ်ခတ်မှူဖြစ်စဥ်မှာ ကျဆုံးသူတွေထဲက ကိုအောင်ဆန်းဦး ၊ ကိုမင်းသူထွန်း ၊ မကိုးကိုးမေ တို့ ၃ ဦးကို မုံရွာ ဆားကျင်းသုဿန်၊သူနာပြု၊ သားဖွားသင်တန်းကျောင်းက ဒုတိယနှစ် ကျောင်းသူ မသဉ္ဇာဟိန်း ကိုယ် ကနီမြို့နယ် သုဿန် နဲ့ မတ် ၂၇ က ပစ်ခတ်မှုဖြစ်စဥ်မှာ ကျဆုံးခဲ့တဲ့ ကိုကျော်သိန်းကိုတော့ မုံရွာ မြနန္ဒာ သုဿန်မှာ စသဖြင့် သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW