တောင်ငူမှာ ဆိုင်ကယ်သပိတ်လိုက်ဖမ်းတဲ့ စစ်ကား ဓါတ်တိုင်ဝင်တိုက်

မတ် ၂၉-၂၀၂၁
KLY

ဒီနေ့ မတ် ၂၉ရက် ညနေ ၅ နာရီလောက်က တောင်ငူမှာ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်နဲ့ ဆန္ဒပြနေသူတွေကို လိုက်ဖမ်းတဲ့ စစ်ကားဟာ ရန်-မန်းလမ်းနဲ့ မင်းကြီးညိုလမ်းညာဘက်ခြမ်းက လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကလေးတွေ ဆိုင်ကယ်သုံးလေးစီးကို တိုယိုတာပုံ စစ်စိမ်းရောင်ကားတစ်စီးက နောက်ကဇွတ်အတင်းလိုက်မောင်းဖမ်းဖို့ကြိုးစားရာက လမ်းဘေးဓါတ်တိုင် ဝင်တိုက်မိတာ။ တပ်မတော်သားတချို့နဲ့ ရဲအချို့ ပေါက်ပြဲဒဏ်ရာနည်းနည်းရတာ မြင်ရတယ်”လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

လိုက်လံဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေအနက် တစ်စီးဟာ လမ်းချိုးကွေ့မှာ တိမ်းမှောက်ခဲ့ပေမယ့် ဆိုင်ကယ်စီးလာတဲ့လူငယ် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲတာတွေ ရှိနေပေမယ့် တောင်ငူဒေသခံတွေဟာ ရရာနည်းနဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူ

Related posts

Leave a Comment

VOM News

FREE
VIEW