ကျောက်ဆည်မှာ ဗုံးပေါက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ

စက်တင်ဘာ ၂၂၊၂၀၂၁
KK(VOM)
 
ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံကြီးအနီးကားတစီးပေါ်မှာ စက်တင်ဘာ ၂၁ည ၆နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဆေးရုံကြီးအနီး နေထိုင်သူတယောက် ပြောပါတာက
 
“ကားပေါ်မှာ ပေါက်တာ အမျိုးသားတစ်ဦးကတော့ ပွဲချင်းပြီးပဲ နောက်နှစ်ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ် စိုးရိမ်ရတယ် သေတဲ့သူက Factory Zone အသင်းပိုင်ရှင်လို့
ကြားတယ် သေချာတော့မသိဘူး” လို့ ပြောပါတယ်။
 
ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုကူညီမှုအသင်းကားနဲ့ ကျောက်ဆည်ပြညသူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ဒေ
သခံတွေဆီက သိရပါတယ်။
 
ကျောက်ဆည်မြို့နယ်မှာ စက်တင်ဘာ ၂၀ရက်နေ့ ညပိုင်းကလည်း ဆူးကုန်းရပ်ကွက် ရုံးကြီးလမ်းမှာရှိတဲ့EPCရုံးမှာ ဗုံးပေါက်ကွဲမှု
ဖြစ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် စက်တင်ဘာ ၁၈ရက်နေ့ကလည်း ရွာပုလဲကျေးရွာနဲ့ သင်ပျိုကျေးရွာက Mytel တာဝါတိုင်နှစ်ခုမှာလည်း ဗုံးပေါက်ခဲ့မှုတွေ
ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
သြဂုတ်လ ၇ရက်ကလည်း ပြည်လုံးနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်ထင်အောင် ကိုအမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်းရှိပါတယ်။
 
ကျောက်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း ဌာနဆိုင်ရာရုံးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေမှာ ဗုံးပေါက်ခဲ့ပြီး ထိခိုက်ဒဏ်
ရာရရှိသူမရှိသော်လည်း ဗုံးပေါက်ကွဲမှုကြောင့် လူငယ်အချို့ဖမ်းဆီးခံခဲ့ရပါတယ်။
 
#voiceofmyanmar #VOM #ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW