နားခံတွင်းပေါက် ချုပ်ခနဲရောက်တဲ့အောင်

———————————————— ဆူးငှက် အခုတလော ဘယ်သူ၊ ဘယ်မှာ၊ ဘယ်အချိန်၊ ဘာဖြစ်၊ ဘယ်လိုဖြစ်၊ ဘာကြောင့်ဖြစ်ဆိုတဲ့ ” ခြောက်လုံးနဲ့ပြည့်စုံသော ” သတင်းတွေ ငတ်နေသည်။ အဖွဲ့အနွဲ့တွေ အကွန့်အညွန့်တွေ အပိုအဆာတွေ၊ သို့မဟုတ် မတိမကျ မပြည့်မစုံတွေ ဖတ်ရလျှင် ချက်ချင်း သိချင်စိတ်လောဘကြောင့် အူယားသည်။ နားခံတွင်းပေါက် ဒုတ်ဒုတ်ထိရောက်အောင် ကျစ်လျစ်ခိုင်မာသော သတင်းတွေ ငတ်မွတ်သည်။ တကယ်တော့ ကနဦးမြန်မာသတင်းစာ အရေးအသားဆိုတာကလည်း ရှေးစာဆိုတို့၏ စာဟောင်း စာကောင်းများမှ “သတင်းပေးရေးဖွဲ့မှုပုံစံ” များအပေါ် အတုယူဖြစ်ထွန်းခဲ့သည်မဟုတ်ပါလား ….။ ဦးတိုး၏ ရာမရကန်တွင် မယ်သီတာချောသမျှ လှသမျှ အဆင့်ဆင့်သတင်းလွှင့်တာနှင့်ပတ်သက်၍ …. ” ချောရိုးမှန်လှပေ့ဟု၊ ခရေစေ့တွင်းကျ ခေါင်းခေါက်လို့ပြသည့်နှယ်၊ မြင်ရသူတွေ့ရသသူ လူပျိုချင်းဆင့် သတင်းလွှင့်၍လွင်သလို အိုအိုပျိုပျိုမင်းဆိုသမျှ၊ နားခံတွင်းပေါက် ချုပ်ခနဲရောက်တဲ့အောင်၊ ပေါက်ခနဲအလိပ် ဆုပ်၍သိပ်သည့်နှယ်၊ ညိုရိပ်ကယ်သတင်း သျှိုတစ်ကွင်းကိုသည်နှယ်လှ၊ သည်နှယ်နု…

Read More

စက်သုံးဆီ ပြတ်လပ်မှုမရှိနိုင်ပေမယ့် ချွေတာဖို့လိုတယ်လို့ ပညာရှင်တွေ သုံးသပ်

စက်တင်ဘာ ၃၀-၂၀၂၁ GH ( VOM )   ပြည်တွင်းရဲ့ စက်သုံးဆီစျေးကွက်ဟာ ဒီနေ့ စက်တင်ဘာလ ၃၀ရက်မှာဆိုရင် 92 တစ်လီတာကို ၂၀၀၀ ကျပ်အထိ ရှိလာပြီး 95?တစ်လီတာကို ၂၀၀၀ ကျော်အထိ ဆိုင်တွေက ရောင်းချလာတာကို တွေ့ရပါတယ်။   စက်သုံးဆီ ဆိုင်တချို့ ယာယီပိတ်မယ်၊ စက်သုံးဆီပြတ်လတ်နိုင်မယ် ဆိုတဲ့ သတင်းတွေကြောင့် မနေ့က ညနေကစပြီး ဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ အလုအယက် စောင့်ဆိုင်းဝယ်ယူမှုတွေ ပြုလုပ်ပြီးနောက် ဆီအရောင်း ဆိုင်တွေက စျေးနူန်းမြင့်ရောင်းချလာကြတာဖြစ်တယ်လို့ သုံးစွဲသူတွေကဆိုကြပါတယ်။   ” ကျနော်တို့ဘက်မှာ မနေ့က ထဲက ၉၂ က ၂၀၀၀ ဖြစ်နေတယ်။ ဆိုင်တွေကတော့ ရောင်းတာမတူဘူးပေါ့။ တချို့ဆိုင်ကလည်း ၁၈၅၀ ရောင်းတယ်။ ၁၈၀၀ လည်းရောင်းတယ်။ ခွဲတမ်းနဲ့ရောင်းတာစျေးလျော့ တယ်ဆိုလို့မေးတော့ မရပါဘူးဗျာ၊…

Read More

ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ဒီကနေ့ရုံးချိန်းမှာ ရှေ့နေအချို့ဝင်ခွင့်ကန့်သတ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၁ KT(VOM)   ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ အမှုကို ဒီကနေ့ မနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။   ဒီကနေ့ စစ်ဆေးတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ပြောပြတာက ” ရှောင်တာနယ်နဲ့ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပေါ့နော်။ပထမဆုံး ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး မြို့နယ်မှူးက တာဝန်ပြောင်းသွားတယ်လို့ပြောပါတယ်။ စခန်းမှူးဦးသိန်းဌေးက မြို့နယ်စခန်းမှူးကနေ မနေ့ကတည်းကပြောထားလို့ပေါ့၊ကျွန်တော်တို့ဒီနေ့ညှိနှိုင်းမယ့်ရှေ့နေစာရင်းယူတယ်ပေါ့ဗျာ။ စာရင်းယူပြီး ၈နာရီမှာ သူ့ဆီသွားတယ်ပေါ့။ သွားတဲ့အခါကျတော့ ပထမဆုံးရုံးချိန်းဖြစ်တဲ့အတွက်ကြောင့် လူကလည်းများတယ်ပေါ့၊အဲ့တော့ အားလုံးရှေ့နေတွေက (၁၀)ယောက်ကျော်တာပေါ့ဗျာ။အဲ့တော့ကားမောင်းတဲ့သူတွေနဲ့ပါဆိုရင် ၁၅ယောက်လောက်ရှိတယ်ဗျ။ အဲ့ဒါကို သူတို့ပြောတာက အခက်အခဲရှိတယ်ပေါ့၊အရေးပါတဲ့သူတွေပဲ ဟိုဟာလုပ်ပေးပါပေါ့၊ဒီကနေ့ကတော့ စစ်မှာလည်းမဟုတ်ဘူးပေါ့လို့ ပြောတဲ့အခါကျတော့ ကျနော်တို့က ပါဝါတင်ထားတဲ့သူတွေဖြစ်တယ်၊ ပါဝါတင်ထားတဲ့ရှေ့နေတွေကလည်း အကုန်သွားဖို့၊အမှုသည်ကလည်း တာဝန်ပေးထားပြီဆိုတော့ အမှုသည်နဲ့တွေ့ဖို့၊သူ့အတွက်ဆောင်ရွက်ဖို့ အကုန်လုံးအတွက်လိုတယ်ပေါ့ဗျာ၊ကျွန်တော်တို့ဆွေးနွေးကြပါတယ်၊ ဒါပေမယ့် သူကလည်း အထက်ကိုလှမ်းလှမ်းပြောနေပြီးတော့ အခါကျတော့ အထက်ကလည်းဟိုဟာဖြစ်စေချင်တော့ကျွန်တော့်တို့ဘက်က လျှော့ပေးလိုက်ပါတယ်။ အထူးသဖြင့်တော့ ရှောင်တာနယ်အတွက်…

Read More

အီကွေဒေါအကျဉ်းထောင်ဆူပူမှု အကျဉ်းသား ၁၁၆ ဦးသေဆုံး

ကီတို၊ စက်တင်ဘာ-၃၀-၂၀၂၁ မျိုးဆက် (VOM)   အီကွေဒေါအကျဉ်းထောင်တစ်ခုမှာ ပြိုင်ဘက်ဂိုဏ်းတွေ အကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၁၆ ဦးထက်မနည်းရှိလာပြီး ဒါဟာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ထောင်ဆူပူမှုဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။   စက်တင်ဘာ ၂၈ ရက်က ဂွိုင်ယာကွီးမြို့ရှိ အကျဉ်းထောင်မှဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း အကျဉ်းသားငါးဦး ခေါင်းဖြတ်သတ်ခံရပြီး အခြားသူတွေဟာလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။   ဒါ့အပြင် ပဋိပက္ခတွေအတွင် အကျဉ်းသားတွေဟာ လက်ပစ်ဗုံးတွေကို လည်း အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ဖာစတိုဘူနာနိုက ပြောပါတယ်။   ကမ္ဘာတစ်၀န်းရှိ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းထားရာ အဲဒီအကျဉ်းထောင်ကို ပြန်လည်ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့၀င် ၄၀၀ ဦးကို ဖြန့်ကြက်ခဲ့ရပါတယ်။   အဲဒီအကျဉ်းထောင် ဆူပူမှုကို အီကွေဒေါမှာ လက်ရှိလှုပ်ရှားနေတဲ့ အင်အားကြီးမက္ကဆီကို မူးယစ်ဂိုဏ်းက အမိန့်ပေးစေခိုင်းခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက…

Read More

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေပိဿာ ၅၀ စတင်ထုတ်ရောင်း

စက်တင်ဘာ ၃၀-၂၀၂၁ GH ( VOM )   ရန်ကုန်က ရွှေဆိုင်တွေကို ဒီနေ့စက်တင်ဘာလ ၃၀ ရက်နေ့၊ ရွှေစျေးဖွင့်ချိန်မှာ ရွှေပိသာချိန် ၅၀ ကို တကျပ်သားသိန်း၂၀အောက်ချပြီး စတင် ထုတ်ရောင်းပေးနေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း က သိရပါတယ်။   ရွှေစျေးကို တည်ငြိမ်အောင် ထိန်းဖို့အတွက် ခုလိုရွှေတွေထုတ်ရောင်းပေးတာဖြစ်ကြောင်း ၊ တစ်ရက်ကို အနည်းဆုံးရောင်းချပေးဖို့စီစဉ်ထားတာက ပိသာ ၂၀ ဖြစ်ပြီး စစချင်းရောင်းတဲ့နေ့မှာပဲ ရွှေပိသာချိန် ၅၀ ထုတ်ရောင်းပေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။   “ရွှေဆိုင်တွေကလည်း လာရောင်းတယ်။ အသင်းဝင်တွေကလည်းရောင်းပေးတယ်။ ပိသာ ၅၀ လောက်ရှိမယ်။ ရွှေရောင်းပွဲတော်ဖြစ်နေပြီ။ အရင်ကရွှေကပေါတယ် ၊ ရောင်းသလောက်ကိုဘယ်သူမှမဝယ်နိုင်ဘူး၊ ဒါပေမယ့် ခုကရွှေကပြတ်သွားတယ်၊ ဝယ်သူလည်း ၅ ဆလောက်မြင့်လာတယ်၊ လာတဲ့သူ ၁၀၀…

Read More

ပခုက္ကူမှာ အိမ်ပြင်ထွက်ရင် ပစ်မိန့်ပေးတယ်ဆိုတဲ့ ကောလာဟလကြောင့် ထိတ်လန့်

စက်တင်ဘာ ၊ ၃၀-၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ပခုက္ကူမြို့မှာ အိမ်ပြင်ထွက်ရင် ပစ်မိန့်ပေးထားတယ်လို့ ဒီမနက်ပိုင်းက သတင်းတွေထွက်ပေါ်လာတာကြောင့် စျေးဆိုင်တွေပိတ်ပြီး အသွားအလာတွေရပ်စဲကာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။   ” ကျွန်တော်တို့ မြို့ခံတွေက ဘာမှ မသိရဘူး ၊ သတင်းဌာန တခုက လိုင်းပေါ်တင်လိုက်မှ တမြို့လုံးကြောက်ပြီး ပြာတာခတ်ကုန်တယ် ၊ နယ်ကလာတဲ့ အရောင်းအဝယ်သမားတွေက မြို့ထဲမှာ ရှိနေတော့ အကြောက်ပိုပြီး နီးစပ် ဘုန်းကြီးကျောင်းနဲ့ အိမ်တွေမှာ ဝင်ခိုနေကြတာ ၊ ထွေအုပ်ရုံးကို လှမ်းမေးတော့ အဲ့ဒီ သတင်းက မဟုတ်ဘူးလို့ ပြောမှ မြို့ခံတွေ စိတ်သက်သာရာရတယ် ၊ ဒါတောင် ပုံမှန်အတိုင်း အသွားအလား မရှိတော့ဘူး ” လို့ ပခုက္ကူ ထင်းတန်းလမ်းက မြို့ခံ တစ်ယောက်က…

Read More

မုံရွေး၊ကြေးမုံမှာ ရွာကနေရှောင်တိမ်းရသူများလို့ မွေ့ယာလုပ်ငန်း ရပ်နားထားရ

စက်တင်ဘာ ၃၀-၂၀၂၁ ထွန်းတောက်(VOM) ပြီးခဲ့တဲ့ စက်တင်ဘာ (၂၇)ရက်နေ့ မနက် (၅) နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကြေးမုံရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ အခုလိုဝင်ရောက်ခဲ့တာဟာ ဒီရွာတွေမှာ PDF အဖွဲ့တွေ၊ ဆန္ဒပြအဖွဲ့တွေရှိနေတယ်ဆိုတဲ့ ယူဆချက်အရ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မုံရွေးရွာမှာ အိမ်ခြေ(၁၀၀၀)ကျော်နဲ့ ကြေးမုံရွာမှာ အိမ်ခြေ (၇၀၀) ကျော်ရှိပြီး စစ်တပ်ဝင်ရောက်ခဲ့တာကြောင့် ဒီရွာတွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ နီးစပ်ရာလုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဒီဒေက စောင်၊ခေါင်းအုံး ၊မွေ့ယာချုပ်လုပ်ငန်း လုပ်ကိုင်သူ တချို့ဟာ လုပ်ငန်းတွေရပ်နားထားရတယ်လို့ပြောပါတယ်။ လာမယ့်ဆောင်းရာသီအတွက် ဒီလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေရတဲ့အချိန်ဖြစ်ပြီး အခုလိုရပ်နားထားရတဲ့အတွက် အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်နေသလို ရာသီချိန် ဈေးကွက်တင်ပို့ဖို့အတွက်လည့် အခက်အခဲတွေရှိလာတယ်လို့ ပြောကြပါတယ်၊ ဒါကြောင့် ဒေသခံရွာသားတွေအနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်း အခြေအနေတွေကို ငြိမ်းချမ်းစွာနဲ့ဖြေရှင်းစေလိုပြီး…

Read More

စစ်ကိုင်းတိုင်းမှာ Mytelအင်ဂျင်နီယာနဲ့ အဖွဲ့က လူ ၄ ယောက် ပျောက်ဆုံးနေ

ကျွန်းလှ ၊ စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်နဲ့ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ၂ ခုရဲ့ အကြားမှာရှိတဲ့ သဖန်းဆိပ်ဆည်အနီးက အင်လှကျေးရွာဝန်းကျင်းမှာ ဆက်သွယ်ရေး ကေဘယ်လိုင်းတပ်ဆင်နေတဲ့ ကားတွေမီးရှို့ဖျက်စီးခံရပြီး အင်ဂျင်နီယာနဲ့ အဖွဲ့ ပျောက်ဆုံးနေတယ်လို့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေး လုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။   ” သဖန်းဆိပ်ဆည်နားက အင်လှရွာနားမှာဖြစ်တာပါ ၊ ကျွန်းလှမြို့နယ် ဧရိယာထဲမှာပါတယ်၊ ဖိုက်ဘာကေဘယ်အဖွဲ့ရဲ့ ကား ၂ စီး မီးရှို့ဖျက်စီးပြီး တန့်ဆည်မြို့နယ် Mytel တာဝန်ခံ အင်ဂျင်နီယာ ဦးဝေဇော်ဖြိုး အပါအဝင် လူ ၄ ယောက် ပျောက်ဆုံးနေတာပါ ၊ ဒီကနေ့နဲ့ဆိုရင် သူတို့နဲ့ ပျောက်နေတာ ၄ ရက်ရှိသွားပြီ ၊…

Read More

၀န်ကြီးချုပ်ဆူဂါနေရာဆက်ခံမယ့် ဂျပန်အာဏာရပါတီရဲ့ အကြီးအကဲအဖြစ် ဖူမီအိုကီရှီဒါကို ရွေးချယ်

တိုကျို၊ စက်တင်ဘာ-၂၉-၂၀၂၁ မျိုးဆက် (VOM)   ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ အကြီးအကဲသစ်အဖြစ် ဖူမီအိုကီရှီဒါ အနိုင်ရရွေးချယ်ခံခဲ့ရပြီး သူဟာလာမယ့် ၀န်ကြီးချုပ်သစ်အဖြစ် တာ၀န်ထမ်းဆောင်ဖို့ လမ်းစပွင့်သွားပြီဖြစ်ပါတယ်။   သူဟာ ၀န်ကြီးချုပ်အဖြစ် တစ်နှစ်တာ၀န်ထမ်းဆောင်ပြီးနောက် အနားယူဖို့ဆုံးဖြတ်လိုက်တဲ့ ယိုရှီဟီဒီဆူဂါ ကို ဆက်ခံသွာမှာဖြစ်ပါတယ်။   သူ့ရဲ့ ပထမဆုံးတာ၀န်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အောင်ပွဲရဖို့ ဦးဆောင်ရမှာဖြစ်ပါတယ်။   ပြည်သူလူထုကဆန့်ကျင်ပေမယ့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို တွန်းအားပေး ကျင်းပခဲ့တာကြောင့် ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။   နိုင်ငံခြားရေး၀န်ကြီးဟောင်းဖြစ်သူ မစ္စတာကီရှီဒါဟာ ပါတီအကြီးအကဲနေရာအတွက် အနိုင်ရမယ်လို့ တစ်ပေးခြင်းခံထားရတဲ့ တာရိုကိုနိုကို ပါတီရဲ့ရွေးချယ်မှုမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။   Ref : BBC Photo:Getty Images #voiceofmyanmar #VOM #တိုကျို

Read More

ငွေကြေးဖောင်းပွမှု ထိန်းသိမ်းနိုင်ပါ့မလား

စက်တင်ဘာ ၂၉-၂၀၂၁ GH ( VOM )   ပြည်တွင်းမှာ အချိန်တိုအတွင်း စံချိန်တင်မြင့်တက်လာတဲ့ ဒေါ်လာစျေးနဲ့ရွှေစျေးကြောင့် ငွေလဲလှယ်ရေးစျေးကွက် ပျက်စီးသွားသလို အာရှဒေသမှာလည်း မြန်မာက ငွေကြေးဖောင်းပွမှု ၉ ဒ သမ ၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးအခြေအနေရောက်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာကဖော်ပြထားပါတယ်။   မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့မှာဆိုရင် ရွှေစျေးက အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ၂၀၅၀၀၀၀ နှစ်ဆယ်သိန်းငါးသောင်းကျပ်နဲ့စဖွင့်ခဲ့ပြီး အပိတ်စျေးက ၂၂၁၃၀၀၀ နှစ်ဆယ့်နှစ်သိန်းတသောင်းသုံးထောင်ရှိခဲ့တယ်လို့ သိရပါတယ်။   ဒေါ်လာစျေး ဘဏ်ဖွင့်စျေးကတော့ ၁၉၅၀ ရှိပြိး ပြင်ပငွေလဲလှယ်တဲ့စျေးကွက်မှာတော့ ၂၄၀၀ ကနေ ၂၇၀၀ အထိပေါက်စျေးရှိတယ်လို့ ဝယ်ရောင်းလုပ်သူတွေဆီကသိရပါတယ်။   လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူတွေက စိုးရိမ်စိတ်မြင့်မားပြီး ကျပ်ငွေအပေါ် ယုံကြည်မှုမရှိခြင်း၊ ကျပ်ငွေ အမြောက်အများလက်ဝယ်ကိုင်ထားသူတွေက ရွှေနဲ့ဒေါ်လာကို စုဆောင်းနေခြင်း၊…

Read More
VOM News

FREE
VIEW