အီကွေဒေါအကျဉ်းထောင်ဆူပူမှု အကျဉ်းသား ၁၁၆ ဦးသေဆုံး

ကီတို၊ စက်တင်ဘာ-၃၀-၂၀၂၁
မျိုးဆက် (VOM)
 
အီကွေဒေါအကျဉ်းထောင်တစ်ခုမှာ ပြိုင်ဘက်ဂိုဏ်းတွေ အကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၁၆ ဦးထက်မနည်းရှိလာပြီး ဒါဟာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ထောင်ဆူပူမှုဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
စက်တင်ဘာ ၂၈ ရက်က ဂွိုင်ယာကွီးမြို့ရှိ အကျဉ်းထောင်မှဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း အကျဉ်းသားငါးဦး ခေါင်းဖြတ်သတ်ခံရပြီး အခြားသူတွေဟာလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
 
ဒါ့အပြင် ပဋိပက္ခတွေအတွင် အကျဉ်းသားတွေဟာ လက်ပစ်ဗုံးတွေကို လည်း အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ဖာစတိုဘူနာနိုက ပြောပါတယ်။
 
ကမ္ဘာတစ်၀န်းရှိ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းထားရာ အဲဒီအကျဉ်းထောင်ကို ပြန်လည်ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့၀င် ၄၀၀ ဦးကို ဖြန့်ကြက်ခဲ့ရပါတယ်။
 
အဲဒီအကျဉ်းထောင် ဆူပူမှုကို အီကွေဒေါမှာ လက်ရှိလှုပ်ရှားနေတဲ့ အင်အားကြီးမက္ကဆီကို မူးယစ်ဂိုဏ်းက အမိန့်ပေးစေခိုင်းခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
 
Ref : BBC
Photo: Getty Images
 
#voiceofmyanmar #VOM #အီကွေဒေါထောင်ဆူမှု

Related posts

Leave a Comment

VOM News

FREE
VIEW